သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-11
တရုတ်အစိုးရရဲ့ အာရှပစိဖိတ်ရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော်ရှန်း ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ AA ရခိုင့်တပ်မတော်၊ TNLA တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ ၊ MNDAA ကိုးကန့်အဖွဲ့တွေက ထိပ်တန်းခေါင်းဆောင်တွေနဲ့ လိုင်ဇာမြို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2019-01-11
အစိုးရနဲ့ ရက္ခိုင့်တပ်မတော် AA အကြားက တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်က ကျေးရွာတွေမှာ ကုလသမဂ္ဂ အပါအဝင် NGO အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခွင့်နဲ့ လုပ်ငန်း ဆောင်ရွက်ခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်လိုက်ပါတယ်။
2019-01-11
တရုတ်အစိုးရရဲ့ အာရှပစိဖိတ်ရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန်း (Sun Guoxiang) ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့က နေ့ချင်းပြန် သွားရောက်ခဲ့ပါတယ်။
2019-01-11
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ Freedom of the City of London ဂုဏ်ထူးဆောင်ဆုကို ပြန်ရုပ်သိမ်းဖို့ လန်ဒန်မြို့တော် ကော်ပိုရေးရှင်းရဲ့ အဖွဲ့ဝင်တွေ မနေ့က မဲခွဲ ဆုံးဖြတ်လိုက်ကြပါတယ်။
2019-01-11
ရိုက်တာသတင်းထောက် နှစ်ဦးအမှုကို အင်းစိန်ခရိုင်တရားရုံးက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ အမိန့်ချမှတ်ခဲ့တဲ့အတိုင်း ရန်ကုန်တိုင်း တရားလွှတ်တော်တရားရုံးကလည်း ပြင်ဆင်မှုမရှိဘဲ အတည်ပြုပြီး ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အယူခံကို ပယ်ချလိုက်ပါတယ်။
2019-01-11
မြန်မာနိုင်ငံမှာ ၂ဝ၁၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု လျော့ကျလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2019-01-11
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူဦးအောင်ဆန်းဦး ပိုင်ဆိုင်တဲ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံနံပါတ် ၅၄ အမွေရယူလိုမှုအတွက် ဦးအောင်ဆန်းဦးက ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး ကို ဒီကနေ့ အထူးအယူခံဝင်ခွင့်လျှောက်လွှာ တင်သွင်းလိုက်ပါတယ်။
2019-01-11
မန္တလေး ရတနာပုံတက္ကသိုလ်မှာ ကျောင်းလုံခြုံရေး တိုးမြှင့်ချထားပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တဲ့အတွက် ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၇ ဦးကို အမရပူရမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-01-11
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-01-11
ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက ဒေသခံ ၇ဝ ရာခိုင်နှုန်းဟာ မြန်မာ့တပ်မတော်ရဲ့ အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကြုံတွေ့ခံစားခဲ့ရတဲ့အတွက် ဒေသခံအများစုက ကိုယ့်တိုင်းရင်းသား အဖွဲ့အစည်းတွေကိုသာ အုပ်ချုပ်စေချင်တယ်လို့ မကြာခင်ရက်ပိုင်းက ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။
2019-01-11
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ကုန်သွယ်မှုအထူးအခွင့်အရေး GSP မရုပ်သိမ်းဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအဖွဲ့အသီးသီးက ကြိုးစားနေကြပါတယ်။
2019-01-11
အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အယူခံကို ရန်ကုန်တိုင်းတရားရုံးက ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-01-11
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်၂ ယောက်ရဲ့ အမှုအယူခံကို ဒီကနေ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးက ပယ်ချလိုက်ပါတယ်။
2019-01-11
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ပိုင်ဆိုင်တဲ့ ခြံနံပါတ် ၅၄ ကို ပြတိုက်အဖြစ်ထားရှိဖို့ သဘောမတူဘူးလို့ ဦးအောင်ဆန်းဦးက ပြောပါတယ်။
2019-01-11
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၅ (ခ) နဲ့ တရားစွဲထားတာကို ထားဝယ်မြို့နယ် တရားရုံးက လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အမိန့်ချမှတ်မယ်လို့ သိရပါတယ်။