သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-05
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း ၄ ခုကို အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါတယ်။
2019-01-05
စစ်တိုင်း ငါးခုမှာ ၄ လကြာ အပစ်ရပ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်အပြီး ၁၅ ရက်အကြာမှာ တအာင်းဒေသမှာ တပ်မတော်စခန်းသစ်တွေ တိုးချဲ့လာတာတွေ ရှိတဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း TNLA က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2019-01-05
အိန္ဒိယနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်လည် ပို့ဆောင်နေတာတွေကို ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ (UNHCR) က ဝမ်းနည်းကြောင်းနဲ့ ရှင်းလင်းချက်ပေးဖို့ ဆက်လက်တောင်းဆိုကြောင်း UNHCR က ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2019-01-04
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ လွတ်လပ်ရေးရပြီး စစ်ပွဲတွေ အဆုံးသတ်နိုင်ဖို့ဆိုရင် မှားယွင်းနေတဲ့ အုပ်ချုပ်ရေး စနစ်ကို ပြင်ဖို့လိုအပ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောလိုက်ပါတယ်။
2019-01-04
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-01-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်း လေးခုကို ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့က ဒီနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2019-01-04
(၇၁) နှစ်ပြည့် လွတ်လပ်ရေးနေ့အခမ်းအနားကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးချုပ်မှာ ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။
2019-01-04
ရှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်မှာ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နဲ့ RCSS ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အကြားက တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ ပအိုဝ်းဒုက္ခသည် ၂၃၁ ယောက်ကို "ဝ" ပြည်နယ် တောင်ပိုင်းမှာ နေရာချထားပေးတယ်လို့ UWSA က ပြောလိုက်ပါတယ်။
2019-01-04
စစ်ရေးနည်းနဲ့ သြဇာသက်ရောက်ဖို့ ကြိုးစားနေတာတွေကို နိဂုံးချုပ်ဖို့လိုအပ်နေကြောင်း NLD ပါတီခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2019-01-04
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF မြောက်ပိုင်း ဒုဥက္ကဋ္ဌ ဦးအောင်ဆွေဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ထပ်ပြီးအမှုဖွင့်လိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဒီကိစ္စကို အတည်ပြုလို့မရသေးဘူးလို့ သူ့ရဲ့ရှေ့နေ ဦးတင်လှိုင်က RFA ကို ပြောပါတယ်။
2019-01-04
စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မစေတီအောင်မြေဘုံကျော် ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ခရစ်ယာန်တရားဟောဆရာ ဦးအောင်ထွန်းဦးက ဘာသာရေးဟောပြောခဲ့တာကို အရေးယူဖို့ ပုဒ်မ ၂၉၅ (က)နဲ့ တရားစွဲထားတာကို စစ်ကိုင်းတရားရုံးက လက်ခံလိုက်ပါတယ်။
2019-01-04
မန္တလေး ရတနာပုံတက္ကသိုလ်က ပါမောက္ခတဦးက မီဒီယာတွေကို စော်ကားပြောဆိုခဲ့တယ် ဆိုတဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။
2019-01-04
၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရတဲ့ အမှုပေါင်း ၁၀၃ မှုရှိခဲ့ပြီး တရားစွဲဆိုခံရသူ ၂၁၇ ဦးရှိခဲ့တယ်လို့ အသံအဖွဲ့က မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2019-01-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီ စတဲ့နယ်ခြားစောင့်ရဲစခန်း ၄ ခုကို AA အဖွဲ့က ဒီနေ့မနက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီက ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ပြောပါတယ်။
2019-01-03
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို အလုပ်သွားလုပ်တဲ့ အမျိုးသမီးတွေ လူကုန်ကူးခံရတာ၊ အငှားကိုယ်ဝန်ဆောင်အဖြစ် ရောင်းစားခံရတာတွေ များလာနေပါတယ်။