သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-03
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်း ကျေးရွာတွေက ဒေသခံတွေဟာ အခုရက်ပိုင်းတွေမှာ အောက်ဘက်ပိုင်းကျေးရွာတွေကို အလုံးအရင်းနဲ့ ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။
2019-01-03
မနက်ဖြန် ဇန်နဝါရီလ ၄ ၇က်နေ့ဟာ မြန်မာနိုင်ငံရဲ့ ၇၁ နှစ်မြောက်လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။
2019-01-03
ထွေ/အုပ်လို့ခေါ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန လက်အောက် ပြောင်းရွှေ့လိုက်ပြီးနောက် ထွေ/အုပ် ညွှန်ကြားရေးမှူးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သမ္မတရုံးက ခန့်အပ်လိုက်ပါတယ်။
2019-01-03
မြန်မာနိုင်ငံတွင်းမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ငန်းဆောင်ရွက်ခွင့်ပြုတော့မယ်လို့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့က ကြေညာလိုက်ပါတယ်။
2019-01-03
အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှာ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၅ ဦးကို မဏိပူရပြည်နယ် မိုးရေမြို့ ကနေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ အိန္ဒိယအာဏာပိုင်တွေက စီစဉ်နေတယ်လို့ အိန္ဒိယအခြေစိုက် ဟိန္ဒူစတန်တိုင်း Hindustan Times သတင်းစာက မနေ့က ရေးသားဖော်ပြပါတယ်။
2019-01-03
ကချင်ပြည်နယ်နေ့ မနောပွဲတော်ကို မြစ်ကြီးနားမြို့ မနောကွင်းမှာ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ထားပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ဖို့ရှိတယ်လို့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ ကိုယ်တိုင်သိရှိထားတဲ့ သတင်းအရင်းအမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
2019-01-03
ငွေကျပ်သိန်းပေါင်းများစွာ လိမ်လည်တယ်ဆိုပြီး တိုင်ကြားချက်ရှိတာကြောင့် ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ သေနတ်ကိုင်ယောဂီကြီး ဒေါ်နန္ဒမာလာကို မနေ့ညနေက ဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က RFA ကို ပြောပါတယ်။
2019-01-03
လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ NCA သဘောတူညီမှုစာချုပ်ပါ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိတဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းကနေ တိမ်းစောင်းသွားတာကြောင့် ပြန်လည်တည့်မတ်နိုင်ဖို့အတွက် တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခေတ္တရပ်ဆိုင်းထားတာဖြစ်ကြောင်း KNU ဗဟိုက ပြောလိုက်ပါတယ်။
2019-01-03
မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်ကြောင်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက မနေ့ညနေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-01-03
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မန်ဝါကျေးရွာနဲ့ နားငူးနားဟန်းကျေးရွာကြားမှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဇန်နဝါရီလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေက တိုက်ပွဲဖြစ်တာကြောင့် ဒေသခံ ရွာသား ၄၀၀ လောက်ဟာ နေရပ်တွေကို စွန့်ခွာထွက်ပြေး လာကြောင်း ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
2019-01-03
ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတရုံးက မနေ့က ခန့်အပ်လိုက်ပါတယ်။
2019-01-03
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးမှုတွေနဲ့ ပတ်သက်တဲ့ သက်သေခံချက်တွေ၊ မှတ်တမ်း ဓာတ်ပုံ၊ အထောက်အထားတွေ၊ အသံဖိုင်တွေ၊ ရုပ်မြင်သံကြားဖိုင်တွေကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို တင်သွင်းပေးကြဖို့ ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2019-01-02
မြန်မာနိုင်ငံရဲ့ ထုတ်ကုန်ကဏ္ဍဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ (၇) လအတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တယ်လို့ ဂျပန်အခြေစိုက် Nikkei စီးပွားရေးမီဒီယာအဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ မြန်မာ စက်မှုကုန်ထုတ်လုပ်ငန်း PMI ညွှန်းကိန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2019-01-02
ရခိုင်ပြည်နယ်ကနေ အိန္ဒိယနိုင်ငံ အာသံပြည်နယ်အတွင်း တရားမဝင် ရောက်ရှိနေကြတဲ့ မွတ်စလင် ဒုက္ခသည် ဒုတိယအသုတ်ကို ပြန်ပို့ဖို့ ဒေသအာဏာပိုင်တွေ စီစဉ်နေကြပါတယ်။
2019-01-02
လောင်းလုံးမြို့နယ်က ပင်လယ်ကမ်းခြေ တလျှောက် နိုင်ငံတကာအဆင့်မီ ခရီးသွားလုပ်ငန်း၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းတွေအတွက် မြေလွတ်မြေရိုင်းတွေ လျှောက်ထားတဲ့အပေါ် ရေလုပ်ငန်းရှင်တွေက ကန့်ကွက်နေကြပါတယ်။