သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-16
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း လားဟူနဲ့ ကိုးကန့်တိုင်းရင်းသားတွေ နေထိုင်တဲ့ မန်ကောင်းရွာက ရာအိမ်ခွဲမှူး၊ သူကြီး ဦးမာကူး မနေ့က မနက်က အသတ်ခံရပါတယ်။ ရရှိတဲ့သတင်းတွေအရ သူကြီးကို သတ်သွားတာ မောင်းပြန်သေနတ်နဲ့ဖြစ်ပြီး MNDAA ကိုးကန့်အဖွဲ့ဝင်ဟောင်း တယောက်ဖြစ်တယ်လု့ိ ဒေသခံတွေကပြောပါတယ်။
2019-10-16
အဝေးသင်တက္ကသိုလ်အတွက် သင်တန်းကို နှစ်ကြိမ်ခွဲတက်ခြင်းအားဖြင့် ကျောင်းသား ကျောင်းသူတွေ အရည်အသွေး ပိုမိုတိုးတက်လာမှာ ဖြစ်တဲ့အတွက် ဒီအစီအစဉ်ကို လာမယ့်နှစ်မှာ စတင် အသုံးပြုမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။
2019-10-16
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနဲ့ ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့ သူရဦးရွှေမန်း ယာဉ်မောင်းက တရားစွဲထားတဲ့ကိစ္စမှာ ပြစ်မှုမမြောက်တာကြောင့် တရားစွဲတင်မှာ မဟုတ်ကြောင်း ဒုတိယရဲအုပ် ဇော်လင်းထက်က ပြောပါတယ်။
2019-10-16
လောက်ကိုင်မြို့မှာ တရားမဝင် ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံသား ၁၇ ဦးကို မနေ့က ဖမ်းဆီးလိုက်ပြီး အဲဒီထဲက ငါးဦးဟာ ရဲယူနီဖောင်းတွေ၊ လက်နက်အတုတွေ ဝတ်ဆင်ကိုင်ဆောင်ထားကြောင့် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အရေးယူထားတယ်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင်က ပြောပါတယ်။
2019-10-16
ကချင်ပြည်နယ် မိုးညှင်းခရိုင် KIA တပ်ရင်း ၅ လက်အောက်ခံ ခေါင်မြေတပ်စခန်းအနီးမှာ အစိုးရတပ် မတော်နဲ့ KIA တို့ ဒီမနက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2019-10-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2019-10-16
ရခိုင်ပြည်နယ် ကျောက်တော်မြို့ လူစည်ကားတဲ့ နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချ၊ သုံးစွဲသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်ဆိုတဲ့ သတိပေးစာတွေ ကပ်ထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2019-10-16
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နားကွမ်းလုံကျေးရွာအုပ်စု မန်ကောင်းကျေးရွာသူကြီးကို လက်နက်ကိုင် တစ်ဦးက သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးသွားခဲ့ပါတယ်။
2019-10-15
ရှမ်းပြည်နယ်က ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်တဲ့ ဒေသမှာ အပိတ်ခံထားရတဲ့ ဘုရားကျောင်းတွေ တဖြည်းဖြည်းပြန်ဖွင့်ခွင့်ရနေပြီလို့ လားဟူနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က ပြောပါတယ်။
2019-10-15
တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်ဟာ ရဲတပ်ဖွဲ့ဝင်တွေ ခြိမ်းခြောက်ခံရတဲ့ ဒေသတခုဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်စဉ် လုပ်ကြံသတ်ဖြတ်ခံရမှုတချို့လည်းရှိလာပါတယ်။ ဒီအခြေအနေမှာ ရဲတပ်ဖွဲ့ဝင်တချို့က တာဝန်ကနေ နုတ်ထွက်တဲ့နည်းလမ်းကို ရွေးချယ်လာကြပါတယ်။
2019-10-15
စပါးတင်းတစ်ရာကို ငွေကျပ် ငါးသိန်းနှုန်းဈေးနဲ့ ဝယ်ယူပေးဖို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်တဲ့ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင့်ရေး ဦးဆောင်အဖွဲ့က ဒီကနေ့ သတ်မှတ်လိုက်ပါတယ်။
2019-10-15
ရခိုင်ပြည်နယ်မှာ AA အဖွဲ့က ဖမ်းဆီးစစ်ဆေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေပြန်လွတ်လာဖို့အရေး ပြည်နယ်မီးသတ်ဦးစီးဌာနက ကြိုးပမ်းနေပြီး ပြန်လွှတ်ပေးဖို့ကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။
2019-10-15
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သဝင်ကိုင်းကျေးရွာအုပ်စု ရွှေလှိုင်ကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက တပ်မတော်ဘက်က ပစ်ခတ်တာကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2019-10-14
မနေ့ညက ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ လွယ်ပျက်ရွာအနီး မြေမြှုပ်မိုင်းပေါက်ကွဲမှုတစ်ခုအတွင်း သံဃာတော် သုံးပါး ဒဏ်ရာ ရသွားပါတယ်။
2019-10-14
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေများခဲ့ပါတယ်။ နှစ်လကျော်အတွင်း လူ၂ဝ ကျော် သေဆုံးခဲ့ရတာကြောင့် ဒီမိုင်းတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။