သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-04
မြန်မာနိုင်ငံမှာ အစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ တိုက်ခိုက်ခံရမှု မြင့်မားနေပြီး E-government လုပ်ငန်းစဉ် ပီပြင်လာချိန်မှာ ဆိုက်ဘာလုံခြုံရေးစနစ် အားနည်းချက်ကြောင့် အစိုးရလုပ်ငန်းစဉ်တစ်ခုလုံး ရပ်တန့်သွားနိုင်တယ်လို့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနက သတိပေးလိုက်ပါတယ်။
2019-10-04
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ် အများစု ဦးဆောင်တဲ့ ၄၅ ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ ဖွဲ့စည်းပုံ အခန်း ၄ ဥပဒေပြုရေး အပိုင်းအထိ မနေ့က အပြီးသတ် ဆွေးနွေးခဲ့ကြပါတယ်။
2019-10-04
မူးယစ်ဆေးဝါးထွက်ရှိမှုနဲ့ ပတ်သက်လို့ နာမည်ကြီးတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက "ဝ" ဒေသမှာ ဒီလဆန်းလောက်ကစပြီး မူးယစ်မှောင်ခို ဂိုဏ်းအဖွဲ့ကို ဖမ်းဆီးနေတဲ့ဖြစ်ရပ်တွေ ရှိနေပါတယ်။
2019-10-04
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-10-04
လိမ်လည်ခြစားမှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂဝန်ဆောင်မှုရုံး UNOPS က အရေးယူပိတ်ဆို့တာ ခံရတဲ့ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း ဥက္ကဋ္ဌ ဦးမျိုးသွင်ဟာ ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
2019-10-04
မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် ခြောက်ဦးကို ထိုင်း-မြန်မာနယ်စပ်အနီး ရှမ်းပြည်အရှေ့ပိုင်း UWSA "ဝ" တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ အသေဖမ်းဆီးရမိတယ်လို့ UWSA လားရှိုးရုံးဆက်ဆံရေးတာဝန်ခံက ပြောပါတယ်။
2019-10-04
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး နိုင်ငံလုံးဆိုင်ရာ ဆိုက်ဘာလုံခြုံရေး အသိပညာပေးလ Myanmar Cybersecurity Month အဖြစ် ဒီနေ့ ရန်ကုန်မြို့မှာ စတင်ကျင်းပပါတယ်။
2019-10-04
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ အထောက်အထားမဲ့ ဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီးထားတဲ့ ရိုဟင်ဂျာ အယောက် ၃၀ ထဲက ၂၁ ယောက်ကို လဝက အက်ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ် စီချမှတ်လိုက်ပြီး ကျန်တဲ့ ရှစ်ယောက်ကိုတော့ ငှက်အော်စမ်းကိုပို့ဖို့ စီစဉ်နေပါတယ်။
2019-10-04
၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေကို ပြင်ဆင်ဖို့ အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင် များကော်မရှင် ICJ က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2019-10-04
တပ်က အမှုဖွင့်တဲ့ ဘာသာရေးခေါင်းဆောင်များထဲမှာ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်အမှု ရုပ်သိမ်းလိုက်ပေမယ့် မန္တလေးက ဆရာတော် သုံးပါး အမှု မရုပ်သိမ်းပေးတာကတော့ တပ်မတော် ဂုဏ်သိက္ခာထိခိုက်အောင် ပြောဆိုပုံချင်း မတူတာကြောင့်ဖြစ်တယ်လို့ တပ်မတော်က ပြောလိုက် ပါတယ်။
2019-10-04
ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာနဲ့ ထိုင်းတို့ပူးပေါင်းပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အစည်းအဝေးမှာ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေက သဘောတူခဲ့ပါတယ်။
2019-10-03
စင်္ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရပြီး ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံရသူများအမှုရဲ့ တရားလို ဒုရဲမှူးတင့်ရွှေကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပထမဆုံး စတင်စစ်ဆေးခဲ့ပါတယ်။
2019-10-03
ဒီတပတ်မှာတော့ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတွေမှာရှိတဲ့ RFA ပရိတ်သတ်တွေကပေးပို့လာတဲ့ စာတွေထဲက တင်ပြပေးသွားမှာဖြစ်ပါတယ်။ RFA သတင်းထောက် မဖြူဖြူခိုင်နဲ့ မဝေယံမိုးမြင်တို့ တင်ဆက်ထားပါတယ်။
2019-10-03
ကြန့်ကြာနေတဲ့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့်အဖြစ် ထိုင်းအစိုးရချေးငွေနဲ့ ဖောက်လုပ်မယ့် နှစ်လမ်းသွား လမ်းမကြီးစီမံကိန်း အောင်မြင်ရေးဟာ အရေးကြီးတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောဆိုလိုက်ပါတယ်။
2019-10-03
ကရင့်အာဇာနည်နေ့ အသုံးအနှုန်းကြောင့် ဖမ်းဆီးတရားစွဲဆိုခံရတဲ့ နော်အုန်းလှကို ဝန်းရံခဲ့တဲ့ ဒေါ်စိန်ထွေး အပါအဝင် သုံးဦးကို ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ဒီကနေ့ ထပ်မံအမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။