သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-03
လားရှိုးဒေသနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အပေါ် ဘာသာရေးခေါင်းဆောင်တွေ နှုတ်ဆိတ်မနေကြဖို့နဲ့ တိုက်ပွဲတွေကို ဆန့်ကျင်ကြောင်း ပြောကြဖို့ ရန်ကုန်ကက်သလစ်ခရစ်ယာန် သာသနာပိုင်ဆရာတော် ကာဒီနယ် ချားလ်စ်မောင်ဘိုက နှိုးဆော်စာ တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2019-10-03
ဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေထဲက တချို့ကို ရခိုင်ပြည်နယ်ထဲ ဝင်ရောက်လေ့လာနိုင်ဖို့ တရုတ်အစိုးရက အကြံပြုထားတာကို မြန်မာဘက်က ငြင်းပယ်လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ် အခြေစိုက် Daka Tribune သတင်းဌာနက ရေးသားထားပါတယ်။
2019-10-03
“နိုင်ငံ့ရေးရာ မေးစရာ” အစီအစဉ်မှာ “ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ” က ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးယန်ကျင်းကန်ကို RFA သတင်းထောက် ကိုသီဟထွန်းက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-10-03
စင်္ကာပူကနေ ပြည်နှင်ဒဏ်ပေးခံရပြီး ရန်ကုန်လေဆိပ်မှာ ထိန်းသိမ်းခံရသူများအမှုရဲ့ တရားလို ဒုရဲမှူးတင့်ရွှေ ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပထမဆုံး စတင်စစ်ဆေးခဲ့ပါတယ်။
2019-10-03
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာက စစ်ဘေးဒုက္ခသည်စခန်းအနီး မနေ့က တိုက်ပွဲဖြစ်ရာ မှာ စခန်းထဲ ကျည်တွေ ကျရောက်ခဲ့တာကြောင့် ကျည်ထိမှန်တဲ့ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ ဒီနေ့ စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
2019-10-03
ပြီးခဲ့တဲ့ ၁၃- ကြိမ်မြောက် လွှတ်တော်အစည်းအဝေး နောက်ဆုံးရက်မှာ တင်သွင်းခဲ့တဲ့ တပ်မတော်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး မူကြမ်းတွေ ဘယ်ကို ဦးတည်နေသလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
2019-10-02
နိုင်ငံတဝန်း လူကုန်ကူးမှုတွေ မှိုလိုပေါက်နေပေမယ့်၂ဝ၁၉ ပထမ ၉ လ ပိုင်းမှာ လူကုန်ကူးမှု ၁၉ မှု ဖော်ထုတ်နိုင်ပါတယ်။ ဒါကလည်း လူကုန်ကူးပွဲစားတွေကို ဖမ်းမိမှ အမှုတည်ဆောက်နိုင်တာ ရောင်းစားခံရသူတွေဟာ ပွဲစားတွေဟာ ဘယ်သူဘယ်ဝါပါလို့ ရဲရဲတင်းတင်းပြောသင့်တယ်လို့ လူကုန်ကူးမှုတိုက်ဖျက်ရေး အကျိုးဆောင်တွေက ပြောပါတယ်။
2019-10-02
ရန်ကုန်မှာ ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပအပြီး တရားစွဲခံထားရတဲ့ နော်အုံးလှ အပါအဝင် သုံးဦးကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် တရားရုံးက ငြိမ်းစုစီဥပဒေနဲ့ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်လိုက်ပါတယ်။
2019-10-02
မြစ်ကြီးနားမြို့ အောက်မော်ဖောင်းကျေးရွာရှိ မူးယစ်ဆေးဖြတ် သမ္မာကျမ်းစာ သင်တန်းကျောင်းမှာ အစိုးရအာဏာပိုင်တွေက သွားရောက်စစ်ဆေးခဲ့ပြီး လက်ကိုင်စကားပြောစက် တွေ့ရှိခဲ့တာကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေးမှူးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ နဲ့ အမှုဖွင့်ခဲ့တာပါ။
2019-10-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့ မီးဝကျေးရွာထဲကို အောက်တိုဘာလ ၁ ရက်နေ့က ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရတဲ့ မီးဝဆရာတော်ကို စစ်တွေဆေးရုံကနေ ရန်ကုန်ကို ရွှေ့ပြောင်းကုသမှုပေးဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
2019-10-02
ဘာသာ သာသနာထွန်းကောင်းအောင် ဆောင်ရွက်ပေးတဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ပေးအပ်ချီးမြှင့်ဖို့ စီစဉ်ရတာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတည်ဖြစ်တာနဲ့ ထုတ်ပြန်ကြေညာပေးမယ်လို့ YMBA ဥက္ကဋ္ဌ ဦးစိန်သန်းက RFA ကို ဒီကနေ့ ပြောပါတယ်။
2019-10-02
ကရင့်အာဇာနည်နေ့ အစီအစဉ်ကို ရန်ကုန်မှာ ဦးဆောင်ပြုလုပ်ခဲ့အပြီး တရားစွဲခံနေရတဲ့ နော်အုန်းလှ အပါအဝင် သုံးဦးတို့ကို ကျောက်တံတားမြို့နယ် တရားရုံးကနေ ထောင်ဒဏ် ၁၅ ရက် အမိန့်ချမှတ်လိုက်ပါတယ်။
2019-10-02
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် စံဂိုးထောင်ကျေးရွာမှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံ ဘုရားပရိဝုဏ်အတွင်းမှာ တပ်မတော်သားတွေ လာရောက်တပ်စွဲတာ မလုပ်ကြဖို့ ပြည်နယ်အစိုးရထံ မေတ္တာရပ်ခံထားတယ်လို့ မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော် ဦးတေဇောဘာသက ဒီကနေ့ မိန့်ပါတယ်။
2019-10-02
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကာဒီမွတ်စလင်ကျေးရွာမှာ ဆိုင်ကယ် မောင်းနှင်လာသူ တစ်ဦးကို တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဒီမနက်ပစ်ခတ်ရာမှာ သေဆုံးသွားပါတယ်။
2019-10-01
တအာင်းပလောင် တိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ် ငါးခုမှာ သုံးလအတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရသူ လူ ၇၀ လောက်ရှိပြီး လူဆယ်ဦး သေဆုံးခဲ့တယ်လို့ တအာင်းပလောင် အမျိုးသမီးအစည်းရုံး တာဝန်ရှိသူတွေက ပြောပါတယ်။