သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-19
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ပါတယ်။
2019-02-19
အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ မန္တလေးတိုင်းမှာ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ လွတ်လပ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်ရှိဖို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့ အလုပ်သမား ၈ဦးကို ပြည်ကြီးတံခွန်မြို့နယ်ရဲစခန်းမှာ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ အမှုဖွင့်လိုက်ပါတယ်။
2019-02-18
မနက်ဖြန်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တင်သွင်းတဲ့ ဖဲ့ွစည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ မူကြမ်းကို လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်မယ့် အစီအစဉ် ပါဝင်ပါတယ်။
2019-02-18
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အောင်မြေ (၂) ကျေးရွာက တစ်ရှူးငှက်ပျောခြံအနီး နမ်မိန်ခချောင်းမှာ ငါးတွေသေဆုံးနေတဲ့အတွက် အဲဒီချောင်းရေကို အသုံးပြုနေရတဲ့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
2019-02-18
အစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ တိုက်ပွဲဖြစ်နေတာကြောင့် တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ စနစ် အကောင်အထည်ဖော်ရေးအတွက် အစိုးရနဲ့တပ်မတော်အပေါ် တွန်းအားပေးနိုင်ဖို့ အားနည်းခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ပြောခွင့်ရသူက ပြောပါတယ်။
2019-02-18
ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝကျေးရွာကနေ ထွက်ပြေးလာသူတွေနဲ့ အိမ်ရှင်အဖြစ် လက်ခံထားသူတွေ စုစုပေါင်း ၂၆ ဦးထဲက ၁၃ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁)(၂) နဲ့ ဒီနေ့ တရားစွဲတင်လိုက်ပါတယ်။
2019-02-18
မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေကို ဆန့်ကျင့်တဲ့ လှုပ်ရှားမှုကို ဒီနေ့ကစပြီး ချင်း တစ်ပြည်နယ်လုံးမှာ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
2019-02-18
ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်တဲ့ ကော်မတီဖွဲ့စည်းရေးကို မနက်ဖြန် ကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်မယ်လို့ လွှတ်တော်အစီအစဉ် လျာထားချက်အရ သိရပါတယ်။
2019-02-18
တနင်္သာရီဂျာနယ်အမှုမှာ ဖော်ပြခဲ့တဲ့ သရော်စာဟာ တနင်္သာရီတိုင်း အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် ရေးသားတဲ့အတွက် အပြစ်ရှိတယ်လို့ ဒီနေ့ ထားဝယ်မြို့နယ် တရားရုံးက ဆုံးဖြတ်ပြီး ဒဏ်ငွေ ငါးသိန်း ဒါမှမဟုတ် ထောင်ဒဏ် ၆ လ ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
2019-02-17
ခွင့်ပြုချက်မရရှိခဲ့ပေမယ့် မန္တလေးနဲ့ ရန်ကုန်က အလုပ်သမားအင်အား ၅၀၀ လောက်ဟာ မန္တလေးမြို့မှာ ဒီနေ့ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
2019-02-17
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီနေ့မနက်က လူဦးရေ တစ်ထောင်ကျော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-02-17
အလုပ်သမားတရားရုံး ပေါ်ပေါက်ဖို့၊ မန္တလေးတိုင်းမှာ အလုပ်သမားဝန်ကြီး ခန့်အပ်ပေးဖို့၊ လွတ်လပ်တဲ့ အသင်းအပင်းဖွဲ့စည်းခွင့်ရှိဖို့တို့ကို အလုပ်သမား ၅၀၀ လောက်က ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-02-17
ဇန်နဝါရီလ ၁၆ ရက်နေ့ မနေ့ည ၁၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသ မိုးမောက်မြို့နယ်အတွင်းမှာရှိတဲ့ ပါကထောင်နဲ့ အင်ခေါင်းပါ ဒုက္ခသည်စခန်းက အိမ်ခြေ ၁၀၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။
2019-02-17
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာထားရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကိစ္စ ညှိနှိုင်းဆွေးနွေးပွဲ ပျက်သွားခဲ့တာကြောင့် ကြေးရုပ်ဖယ်ရှားရေးဟာ ပြည်နယ်အစိုးရအဖွဲ့မှာ တာဝန်ရှိကြောင်း ကရင်နီပြည် ပြည်သူများ ကိုယ်စားပြု ညှိနှိုင်းရေးကော်မတီက ကြေညာချက်ထုတ်လိုက်ပါတယ်။
2019-02-17
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာမှာ ဂဏန်းရှာထွက်တဲ့ ဒိုင်းနက်လူမျိုး ၃ ဦး မနေ့က သတ်ဖြတ်ခံခဲ့ရပြီး ဒါဟာ အာဆာနဲ့ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံက ခိုးဝင်လာသူတွေရဲ့ လက်ချက်ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က RFA ကို ဒီနေ့ ပြောပါတယ်။