သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-22
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့က မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ မြို့ခံ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
2019-03-22
လူ့အခွင့်အရေးကောင်စီမှာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာဟာ တစ်ဖက်သတ်ဖြစ်နေကြောင်းနဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို လက်မခံကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်က မနေ့က တုံ့ပြန်ပြောကြားလိုက်ပါတယ်။
2019-03-22
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကြီးကျေးရွာမှာ လက်နက်ကြီး ကျရောက်ထိမှန်ခဲ့တဲ့အတွက် ဒေသခံ ရွာသား ၇ ဦး သေဆုံးခဲ့ပါတယ်။
2019-03-22
AA ရခိုင်အဖွဲ့ပါဝင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အဖွဲ့နဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် တွေ့ဆုံမှုမရှိခဲ့ဘူးလို့ သိရပါတယ်။
2019-03-22
လစ်လပ်နေတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်နေရာအတွက် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အမည်စာရင်းပေးတဲ့ ဦးမြင့်မောင်ကို တိုင်းဒေသကြီးလွှတ်တော်မှာ ကန့်ကွက်သူမရှိ ဒီနေ့ အတည်ပြုခဲ့ပါတယ်။
2019-03-22
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ မတ်လ ၁၈ ရက်နေ့ညက ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ မနေ့က မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီ ANP ရုံးခန်းမှာ မြို့ခံ မျက်မြင်သက်သေတွေက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
2019-03-21
မြန်မာနိုင်ငံကို ၂ဝ၁၇ ခုနှစ်က ရောက်လာဖူးတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ လက်ထောက်မဟာမင်းကြီး Volker Turk ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိချိန်အတွင်း အဆင့်မြင့်ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်
2019-03-21
မကွေးတိုင်းအတွင်း တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတဲ့ လက်ယက် ရေနံတွင်းတိမ် လုပ်ငန်းတွေကနေ ထွက်လာတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကြောင့် မီးဘေးကြုံရတာတွေ ရှိနေပါတယ်။
2019-03-21
ဆန်စပါးနိုင်ငံဖြစ်တဲ့ မြန်မာအနေနဲ့ အခုအခါ ပြည်ပကို ဆန်တင်ပို့ရာမှာ အကန့်အသတ်တွေနဲ့ ကြုံတွေ့နေရပါတယ်။ အဲဒီအထဲမှာ ဈေးကွက်ကိစ္စ၊ မျိုးကောင်းမျိုးသန့် ရရှိရေးကိစ္စတွေ ပါဝင်နေတယ်လို့ ဆန်စပါးအသင်းချုပ်က ပြောပါတယ်။
2019-03-21
ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံထားရတဲ့ ANP ပါတီခေါင်းဆောင်ဟောင်း ဒေါက်တာအေးမောင်ဟာ ပြည်ထောင်စုပြိုကွဲရေး လှုံ့ဆော်မှုနဲ့ အကျဉ်းချခံရတာမို့ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ဖို့ မရှိကြောင်း NLD ပါတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2019-03-21
ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-03-21
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းအတွေ အခြေချဖို့ ကြိုးစားတာဟာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်တယ်လို့ အစိုးရ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောလိုက်ပါတယ်။
2019-03-21
မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို ဇနီးမယားတွေ၊ လိင်ပိုင်းဆိုင်ရာကျွန်တွေအဖြစ် လူကုန်ကူး ရောင်းစားခံရတာတွေနဲ့ ပတ်သက်ပြီး လူ့အခွင်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ဒီကနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2019-03-21
မြန်မာအမျိုးသမီးတွေ တရုတ်နိုင်ငံကို ဇနီးမယား၊ လိင်ပိုင်းဆိုင်ရာကျွန်များအဖြစ် လူကုန်ကူး အရောင်းစားခံရတာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က အစီရင်ခံစာတစ်စောင်ကို ဒီကနေ့ထုတ်ပြန်ခဲ့ပါတယ်။
2019-03-21
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်တရားရုံးက ဒေါက်တာအေးမောင်ကို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာနဲ့ ပတ်သက်ပြီး NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြည်ထောင်စုကနေ ခွဲထွက်ဖို့ အယူအဆကို ဟောပြောခဲ့တာကြောင့် ပြစ်ဒဏ်ချမှတ်ခံရရင် နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်လို့မရဘဲ ရာဇဝတ်ပြစ်မှုလို့သာ သတ်မှတ်ရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။