သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-21
ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းအတွေ အခြေချဖို့ ကြိုးစားတာဟာ ငြိမ်းချမ်းလုံခြုံရေး ကို ခြိမ်းခြောက်တာဖြစ်တယ်လို့ NRPC ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောလိုက်ပါတယ်။
2019-03-21
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ခေါင်းဆောင်တွေကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူဒဏ်ခတ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက နိုင်ငံခြားရေးရာဝန်ကြီးဌာနနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနတွေထံ အိတ်ဖွင့်ပေးစား ပေးလိုက်ပါတယ်။
2019-03-21
မတ်လ ၂၁ ရက် ဒီနေ့ထုတ် Myanmar News Week ဂျာနယ်မှာပါတဲ့ မြောက်ဦးမြို့နယ်က ပစ်ခတ်မှုတွေ အကြောင်း သတင်းတစ်ပုဒ်မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကိုယ်တိုင်မပြောကြားခဲ့တဲ့ စကားလုံးတွေကို ထည့်သွင်းရေးသားထားတဲ့အတွက် ထိရောက်စွာ အရေးယူပေးဖို့ သတင်းမီဒီယာကောင်စီ ကို ဒီနေ့ တိုင်ကြားလိုက်ကြောင်း ဦးထွန်းသာစိန် က RFA ကို ပြောပါတယ်။
2019-03-21
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ စစ်တွေခရိုင်တရားရုံးကနေ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်ကို အယူခံဝင်သွားမယ်လို့ ရခိုင့်ဦးဆောင်ပါတီက ပြောပါတယ်။
2019-03-21
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ တိုက်ပွဲ ပဋိပက္ခတွေကြောင့် ဒေသခံပြည် သူတွေ ထိခိုက်နစ်နာခဲ့တာတွေကို ထောက်ရှုပြီး မတ်လ ၂၀ ရက်နေ့ မနေ့ကစလို့ ခုခံကာကွယ်တဲ့ အခြေအနေမှအပ အပစ်အခတ် ရပ်စဲထားမှာ ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင် စီ RCSS က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2019-03-20
တရုတ်တစ်သျှူးငှက်ပျော သတင်းရေးသားမှုနဲ့ ပတ်သက်ပြီး မြစ်ကြီးနားဂျာနယ်နဲ့ သခင်စစ်ကုမ္ပဏီအကြား အပြန်အလှန် တရားစွဲဆိုထားမှုတွေရဲ့ နောက်ဆက်တွဲအခြေအနေတွေကို RFA သတင်းထောက် ကိုအောင်သိင်္ခ စုစည်းတင်ပြထားပါတယ်။
2019-03-20
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားမှာ သေဆုံးရသူတွေ အဖမ်းခံရသူ အရပ်သားတွေ တဖြည်းဖြည်းများလာနေပါတယ်။
2019-03-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရက္ခိုင့်တပ်မတော် (AA) နဲ့ အစိုးရတပ်မတော် တိုက်ပွဲတွေအတွင်း ဒေသခံ ၆ ဦး ပျောက်ဆုံးသွားခဲ့တာ တစ်လပြည့်ပြီဖြစ်ပေမယ့် မိသားစုတွေအနေနဲ့ သူတို့ရဲ့သတင်းကို မရရှိသေးဘူးလို့ သိရပါတယ်။
2019-03-20
NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေဟာ အစိုးရငြိမ်းချမ်းရေးဗဟိုဌာနနဲ့ မနက်ဖြန်တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော်ကို ရောက်နေကြပါပြီ။
2019-03-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ချောင်းသစ်ကျေးရွာအနီးမှာ မတ်လ ၁၂ ရက်နေ့က AA အဖွဲ့ဝင် ၁၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း တပ်မတော်ပိုင် မြဝတီ သတင်းစာကနေ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2019-03-20
ရခိုင်ပြည်နယ် မြောက်ဦးနဲ့ မင်းပြားမြို့နယ်အစပ် ပန်းမြောင်နဲ့ မြိုချောင်းကျေးရွာတွေထဲ တပ်မတော်စစ်ကြောင်း က တစ်အိမ်တက်ဆင်း ဝင်ရောက်စစ်ဆေးခဲ့လို့ နေအိမ်မှာ မနေရဲကြတဲ့အတွက် ဒေသခံ ၃၀၀၀ နီးပါးလောက် အောင်မင်္ဂလာနဲ့ ရွှေဖောင်တင်ကျောင်းတိုက်တို့မှာ သွားရောက်နေထိုင်ကြရပါတယ်။
2019-03-20
အဂတိလိုက်စားမှုနဲ့ တရားစွဲ ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော် အစိုးရအဖွဲ့က ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် တို့နှစ်ဦးကို ကာယကံရှင်တွေ သဘောဆန္ဒအရ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
2019-03-20
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ဒီနေ့ ၅ ပွင့်ဆိုင် တေ့ွဆုံဆွေးနွေးမှု အပြီးသတ်သဘောတူညီမှု မရရှိတဲ့အတွက် ဧပြီလမကုန်ခင် ထပ်မံတေ့ွဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2019-03-20
ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေကြောင့် မြောက်ဦးမြို့က သမိုင်းဝင်ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုတွေ အပါအဝင် ရခိုင်ပြည်နယ်အတွင်း ပြည်သူတွေ ထိခိုက်နစ်နာတာတွေကို နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ လူ့အခွင့်အရေးကော်မရှင်တို့ထံ တင်ပြဖို့ ရခိုင်အမျိုးသားပါတီ ANP က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ပါတယ်။
2019-03-19
မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် တစိတ်တပိုင်းဖြစ်ပြီး အရှေ့နဲ့အနောက် စီးပွားရေးစြင်္ကန်မှာ အကျုံးဝင်တဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်-၂ ဖွင့်ပွဲ၊ ထိုင်း-မြန်မာ နယ်စပ်ဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်ရေးအပြင် နယ်စပ်က ဖြတ်ကျော်လာတဲ့ မီးခိုးငွေ့တွေ အကြောင်း RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။