သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-19
ပြီးခဲ့တဲ့အပတ်က ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကော်မတီအနေနဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်ဆောင်ရွက်နိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်နေကြပါတယ်။
2019-03-19
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု… စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ထောင်ဒဏ်အနှစ် ၂ဝ တပေါင်းတည်းကျခံဖို့ စစ်တွေခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
2019-03-19
ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ပြည်သူ့ဆန္ဒနဲ့ တရုတ်အစိုးရရဲ့ဆန္ဒကြားမှာ NLD အစိုးရအနေနဲ့ ဘယ်လိုထိန်းညှိပြီး ကစားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်နေပါတယ်။
2019-03-19
ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေ တာတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးတာတွေ လုပ်ဆောင်ဖို့ ရခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က ဒီနေ့ ပူးပေါင်းကြေညာချက်ထုတ်လိုက်ပါတယ်။
2019-03-19
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ နဲ့ လာမယ့် ဧပြီလအတွင်း ထပ်မံတေ့ွဆုံဆွေးနွေးဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က RFA ကိုပြောပါတယ်။
2019-03-19
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ မနေ့ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် က အကြောင်းမဲ့ ပစ်ခတ်တာမဟုတ်ဘဲ မြောက်ဦးမြိုပေါ်က လုံခြုံရေးတာဝန်ယူထားတဲ့ တပ်ရင်းတစ်ခုကို AA အဖွဲ့က စတင်ပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး က RFA ကို ပြောပါတယ်။
2019-03-19
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်တာဟာ ဒီမိုကရေစီအစိုးရအတွက် အကျည်းတန်စေတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဝေဖန် ထောက်ပြနေကြပါတယ်။
2019-03-19
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့နဲ့ စစ်တွေခရိုင်တရားရုံးကနေ ထောင်ဒဏ်စုစုပေါင်း ၂၂နှစ်ကျခံဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
2019-03-19
ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံက ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရနဲ့ ဒေသခံလူငယ်တွေအကြား ပဋိပက္ခဖြစ်နေရာမှာ ၅ ပွင့်ဆိုင် တွေ့ဆုံဖြေရှင်းဖို့ နိုင်ငံတော်သမ္မတရုံးက ဖိတ်ခေါ်ထားပါတယ်။
2019-03-19
ကင်ဆာအပါအဝင် အခြားရောဂါတွေဖြစ်ပွားစေနိုင်တဲ့ ကလေးတွေကြားမှာ လတ်တလော နေရာယူထားတဲ့ တာရှည်ခံဆေးတွေ၊ ဆိုးဆေးတွေနဲ့ ပြည်ပက မုန့်ပဲသရေစာတွေနေရာမှာ မြန်မာ့ တိုင်းရင်းသားရိုးရာမုန့်တွေ ပြန်လည်နေရာရလာဖို့ ရည်ရွယ်ပြီး ခုခံတိုက်ခိုက်ရောင်းချရတာကြောင့် " မုန့်တိုက်ပွဲ " လို့ခေါ်ဆိုတာပါ။
2019-03-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေလို့ မြန်မာ့သမိုင်းအမွေအနှစ် ယဉ်ကျေးမှုအဆောက်အဦးတွေ ပျက်စီးတာတွေရှိသလို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းမှုကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒေသခံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်တွေက ပြောကြပါတယ်။
2019-03-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်က ပစ်ခတ်တဲ့အတွက် နေအိမ်တစ်လုံးမီးလောင်ပြီး အသက် ၁ဝ နှစ်ဝန်းကျင် ကလေး ၂ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရသွားတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2019-03-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ဝဝဝ ကျော်ရှိနေပါတယ်။
2019-03-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားပေးဖို့ ကိုယ်စားလှယ်တချို့က တောင်းဆိုခဲ့ကြပေမယ့် NLD ပါတီကတော့ တဆင့်ချင်းလျှော့ချဖို့သာ အကြံပြုခဲ့တယ်လို့ သိရပါတယ်။
2019-03-18
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးမှာ လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေကို ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ကိုယ်စားလှယ်တချို့ရှိပေမယ့် အင်န်အယ်လ်ဒီပါတီကတော့ တဆင့်ချင်း လျှော့ချဖို့ အကြံပြုတာတွေ ရှိတယ်လို့ ကော်မတီဝင်တချို့က RFA ကို ပြောပါတယ်။