သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-05
ပြည်ထောင်စုလွှတ်တော် နာယကတွေကို ဥပဒေဖောက်ဖျက်မှုနဲ့ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံရဲ့ လက်မှတ်တွေကောက်ခံပြီး ဥပဒေ၊ နည်းဥပဒေနဲ့အညီ လွှတ်တော်ကို အဆိုတင်သွင်းသွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး USDP ပါတီက ပြောကြားလိုက်ပါတယ်။
2019-03-05
OIC/ EU နဲ့ UNHCR တို့ဟာ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျပ်အတည်း ဆိုက်အောင် လုပ်ဆောင်နေတဲ့အတွက် အစိုးရက ထိထိရောက်ရောက် ပြန်လည်တုံ့ပြန်ဖို့ တောင်းဆိုတဲ့အဆိုကို မှတ်တမ်းအဖြစ်သာထားဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2019-03-05
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေးမြို့မြစ်အထက်ပိုင်း ဘုရားကြီးကျေးရွာအနီးမှာ မနေ့ညက ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံ အရပ်သားတစ်ဦး သေနတ်ကျည်ထိမှန်ပြီး ဒီနေ့ စစ်တွေဆေးရုံကြီးကို အရေးပေါ်ပို့ဆောင် လိုက်ရပါတယ်။
2019-03-04
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၁ ဦး ဒီနေ့ ထပ်ပြီးနှုတ်ထွက်လိုက်ကြပါတယ်။ တချိန်တည်းမှာပဲ ဘူးသီးတောင်မြို့နယ်မှာ တာဝန်ကနေရပ်စဲထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ပြန်လည်ခန့်အပ်ဖို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။
2019-03-04
တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP နဲ့ ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြုစုပြီး ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
2019-03-04
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ RCSS နဲ့ SSPP-TNLA ပူးပေါင်းအဖွဲ့အကြား ဖြစ်ပွားတဲ့တိုက်ပွဲတွေ အတွင်း ရွာသား ၁ဝ ဦး ပျောက်ဆုံးနေပါတယ်။
2019-03-04
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းထားတဲ့ တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို သီးခြားစီဆွေးနွေးမလား၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာတင်သွင်းမှ ဆွေးနွေးမလားဆိုတာကို ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူမယ်လို့ သိရပါတယ်။
2019-03-04
ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Bangalanews24 ကနေ မနေ့က ရေးသားထားတဲ့ နေရပ် စွန့်ခွာရိုဟင်ဂျာတွေအတွက် မြန်မာနိုင်ငံအတွင်းမှာ Safe Zone တည်ထောင်ပေးရေးကို တရုတ်နိုင်ငံဘက်က သဘောတူထောက်ခံတယ် ဆိုတဲ့သတင်းဟာ အခြေအမြစ် လုံးဝမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး က ဒီနေ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
2019-03-04
ထိုင်း-မြန်မာ နယ်စပ်မှာ မြန်မာဒုက္ခသည်တွေ ခိုလှုံနေတဲ့ နို့ဘိုး ဒုက္ခသည်စခန်းမှာ ဒီနေ့ နေ့လယ်က မီးလောင်ခဲ့တာကြောင့် လူနေအိမ် ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက RFA ကို ပြောပါတယ်။
2019-03-04
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကနေ နုတ်ထွက်ဖို့ ဗဟိုကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။
2019-03-04
ကရင်ပြည်နယ် မြဝတီမြို့မှာ အစိုးရခွင့်ပြုချက်မပါဘဲ ရွှေမြစန္ဒီအိမ်ယာ စီမံကိန်းကို ဦးဆောင် တည်ဆောက်နေတဲ့ DKBA အဖွဲ့က ဗိုလ်မှူး စောညီညီ အပါအဝင် ပါဝင်ပတ်သက်သူတွေကို စစ်ဆေးနေပြီး အရေးယူသွားမယ်လို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က ပြောလိုက်ပါတယ်။
2019-03-04
တိုင်းနဲ့ ပြည်နယ်တွေက လွှတ်တော်တွေမှာ နည်းပညာပိုင်းဆိုင်ရာ အားနည်းမှုတွေ၊ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Peter Batchelor က ဒီနေ့ ပြောလိုက်ပါတယ်။
2019-03-04
ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီက ဦးဆောင်တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
2019-03-04
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့ မနက်ပိုင်းအထိ RCSS နဲ့ SSPP၊ TNLA တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းဖြစ်တဲ့ တိုက်ပွဲတွေအတွင်း မန်လီကျေးရွာသား ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2019-03-04
စစ်အစိုးရ တစ်ဖက်သတ်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ပေးဖို့ဆိုပြီး လူအင်အား ၁၀၀ လောက်က မန္တလေးတိုင်း တံတားဦးမြို့မှာ ဒီနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုကြပါတယ်။