သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-04
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းလောက်က မြန်မာနိုင်ငံ အစိုးရထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး လက်ရှိ ရခိုင်ပြည်နယ်အရေးနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
2019-03-04
ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းကို တာဝန်ကနေ မိမိသဘောဆန္ဒအလျောက် နုတ်ထွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုက ညွှန်ကြားရတဲ့ အကြောင်းရင်းကို ထုတ်ပြန်ပေးဖို့ ဒေသခံမဲဆန္ဒရှင်တွေက NLD ပါတီနဲ့ ပြည်နယ်အစိုးရအဖွဲ့ထံ ဖေဖော်ဝါရီလကုန်လောက်ကတည်းက တင်ပြထားပေမယ့် အခုချိန်ထိ အကြောင်းပြန်မှုမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
2019-03-04
မတ်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များနေ့ ( World Wildlife Day) အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံမှာ တရားမဝင်ကူးသန်းရောင်းဝယ်မှုတွေကနေ ဖမ်းဆီးရမိထားတဲ့ အမေရိကန်ဒေါ်လာ ၁ သန်းကျော် (မြန်မာငွေ ကျပ်သိန်းပေါင်း ၁ သောင်း ၇ ထောင်ကျော်) တန်ဖိုးရှိတဲ့ တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းတွေကို ရန်ကုန်မြို့ တိရစ္ဆာန်ဥယျာဉ်မှာ ဖျက်ဆီးခဲ့ပါတယ်။
2019-03-04
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်အတွင်းမှာ လာရောက်စိုက်ပျိုးနေတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရက တရားဝင်ခွင့်ပြုထားတယ်ဆိုတာမျိုး အထောက်အထား အချက်အလက် အခိုင်အမာ မတွေ့ရသေးဘူးလို့ သိရပါတယ်။
2019-03-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နှစ်လကျော်ကြာရောက်ရှိနေခဲ့တဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့ဝင် တဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က တနင်္ဂနွေနေ့က မြန်မာဘက်က ပြန်လည်လွှဲပြောင်းပေးခဲ့ ပါတယ်။
2019-03-03
အိန္ဒိယနဲ့ နယ်စပ်အနီးက အိန္ဒိယ သူပုန်အဖွဲ့တဖွဲ့ဖြစ်တဲ့ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ဌာနချုပ်ကို မြန်မာ့တပ်မတော်က ပြီးခဲ့တဲ့သတင်းပတ်အတွင်း ဝက်ရောက်သိမ်းပိုက် လိုက်ကြောင်း အိန္ဒိယအခြေစိုက် Deccan Chronicle သတင်းက ဖော်ပြပါတယ်။
2019-03-03
မြန်မာနိုင်ငံကနေ တရုတ်နဲ့ ထိုင်းနိုင်ငံကို တောရိုင်းတိရစ္ဆာန်တွေ တရားမဝင် ကူးသန်းရောင်းဝယ်မှု ၆၀ ရာခိုင်နှုန်းရှိတယ်လို့ သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနကနေ သိရပါတယ်။
2019-03-03
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာက တောင်သူ ၁၆၉ ဦးရဲ့ လယ်ယာမြေဧက ၁၆ဝဝ ကျော်ဟာ ဝါးစိမ်းတောင် ကြိုးပြင်ကာကွယ်တော ဧရိယာသတ်မှတ်တဲ့အထဲ ပါသွားတဲ့အတွက် မူလလယ်မြေတွေ ပြန်လည်ရရှိဖို့ ဒေသခံတောင်သူသုံးရာလောက် မုံရွာမြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-03-03
ရှမ်းပြည်နယ် မဘိမ်းမြို့နယ်အတွင်း ကုမ္ပဏီသုံးခု စိုက်ပျိုးနေတဲ့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေကို ပြည်နယ်အစိုးရက တရားဝင်ခွင့်ပြုထားတာ မရှိကြောင်း မဘိမ်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းမင်းသိန်း က RFA ကို ပြောပါတယ်။
2019-03-03
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပြန်လည်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အရေးပေါ် ညီလာခံ အမြန်ဆုံး ကျင်းပဖို့ NCA အပစ်ရပ်လက်မှတ်မထိုးထားတဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီက တောင်းဆိုထားတယ်လို့ သိရပါတယ်။
2019-03-03
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့ကိစ္စနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ လောက် နုတ်ထွက်ခွင့်တင်ပြထားတဲ့ကိစ္စအပေါ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒီနေ့ သတင်းစာရှင်းလင်းခဲ့ပါတယ်။
2019-03-03
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-03-03
ရှမ်းပြည်နယ် သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ TNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေတဲ့အတွက် ရာနဲ့ချီတဲ့ ဒေသခံတွေဟာ သီပေါမြို့ပေါ်ကို မနေ့ညက ထွက်ပြေးရောက်ရှိနေပါတယ်။
2019-03-02
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်ရဲ့ တိုက်ပွဲတွေအပြင် ဗုံးပေါက်ကွဲမှုတွေ၊ ပစ်ခတ်မှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် ဒေသခံတွေရဲ့ စိုးရိမ်ပူပန်မှုတွေ တစ်နေ့တခြား တိုးလာနေပါတယ်။
2019-03-02
ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေကို မြန်မာအစိုးရက အခွန်ကင်းလွတ်ခွင့် ပေးဖို့စီစဉ်ထားတဲ့အကြောင်း မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတဆင့် သိရပါတယ်။