သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-30
ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ KIA, TNLA နဲ့ MNDAA တို့ရဲ့ တောင်းဆိုချက်အရ အပစ်အခတ်ရပ်စဲမှုတွေကို ဇွန်လ ၃ဝ ရက်နေ့ အထိ တိုးမြှင့်လိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၃ဝ ရက်နေ့ မနေ့က ကြေညာလိုက်ပါတယ်။
2019-04-30
အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင်အဖွဲ့ (USCIRF) ရဲ့ ၂ဝ၁၉ ခုနှစ် ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်ပေါ်နေတဲ့အတွက် အရေးယူ ဆောင်ရွက်ဖို့ ဒေါ်နယ်ထရမ့်အစိုးရကို တိုက်တွန်းထားပါတယ်။
2019-04-30
UWSA "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် အနေနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။ UWSA အပါအဝင် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ NCA လမ်းကြောင်းပေါ်ရောက်ဖို့ အလားအလာ ရှိပါသလား။
2019-04-30
မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမယ့် အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် (David Hale) ဒေးဗစ် ဟေးလ် က ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ နေရပ်ဒေသ ပြန်လာနိုင်ရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာသွားလာခွင့် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
2019-04-30
တရုတ်ရဲ့စီမံကိန်းတွေဟာ မြန်မာပြည်သူတွေအတွက်အကျိုးရှိဖို့ဆိုရင်၊ ဆင်သွားရင်လမ်းဖြစ်တယ် ဆိုတဲ့အတိုင်း လူထုထောက်ခံမှုကသာ အဆုံးအဖြတ်ဖြစ်စေမယ့်အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သုံးသပ်တင်ပြထားပါတယ်။
2019-04-30
မန္တလေးတိုင်းအစိုးရ ခွင့်ပြုချက်နဲ့ ပြည်ပတင်ပို့မယ့် သဘာဝဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးနေသူ အမေရိကန်နိုင်ငံသား နှစ်ဦးအပါအဝင် လေးဦးကို ဆေးခြောက်စိုက်ပျိုးနေတယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ရက်နေ့က အမှုဖွင့်အရေးယူလိုက်ပါတယ်။
2019-04-30
တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိခိုက်လာရင် အတိုင်းအတာတခုထိ သည်းခံသော်လည်း အလွန်အကျွံဖြစ်လာရင် ထိုက်သင့်တဲ့နစ်နာမှုအတွက် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
2019-04-30
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ လာမယ့်မေလမှာ ထပ်မံတေ့ွဆုံမယ့် သဘောတူညီချက် ရရှိခဲ့တယ်လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောကြပါတယ်။
2019-04-30
မူဆယ်မြို့မှာ ဒီနေ့ကျင်းပတဲ့ အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်လေးဖဲ့ွ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ စစ်ဘေးဒဏ်ခံနေရတဲ့ ရှမ်းမြောက်ဒေသက ဒေသခံတိုင်းရင်းသားတွေက တစုံတရာအပြုသဘောဆောင် တိုးတက်အေးချမ်းလာလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
2019-04-30
တပ်မတော်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေတယ်ဆိုပြီး ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2019-04-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်မှုကြောင့် ဘုရားပုထိုး စေတီစတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ထိခိုက်ပျက်စီးမှုတွေရှိနေတဲ့အတွက် ထိရောက်တဲ့အစီအမံ အဟန့်အတားတွေပြုလုပ်ပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်ကနေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့ အဆို ဒီနေ့ တင်သွင်းလိုက်ပါတယ်။
2019-04-30
တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာရင် အတိုင်းအတာတခုထိ သည်းခံပေမယ့် အလွန်အကျွံဖြစ်လာရင် နစ်နာမှုအတွက် ထိုက်သင့်တဲ့ အရေးယူတာတွေ လုပ်ဆောင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဒီနေ့ ပြောလိုက်ပါတယ်။
2019-04-30
ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို တပ်မတော်က တရားစွဲဆိုတာဟာ ဥပဒေနဲ့ မညီဘူးလို့ ရှေ့နေ အဖြစ် လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ဒီကနေ့ တရားရုံးထုတ်မှာ ပြောလိုက်ပါတယ်။
2019-04-30
ဒီနေ့ မူဆယ်တေ့ွဆုံဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရရှိခဲ့တဲ့အတွက် တပ်မတော်ရဲ့ အပစ်ရပ်ကာလ သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး အထောက်အကူပြုမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ပြောပါတယ်။
2019-04-30
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆိုထားပါတယ်။