သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-23
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ညက ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် ငါးဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉၊ ၂၀ တို့နဲ့တရားစွဲဆိုပြီး ဒီနေ့ မြဝတီမြို့မရဲစခန်းမှာ စစ်ဆေးကာ အာမခံပေးလိုက်ပါတယ်။
2019-04-23
ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ ပြင်ဆင်ချက်အယူခံကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-04-23
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်ဝမ်းကြီးအနီးက ကျောက်စိမ်းလုပ်ကွက် ကျင်းဟောင်း နွံကန်ပေါက် ကျတာကြောင့် ခန့်မှန်း အလုပ်သမား ၅၄ ဦးနဲ့ စက်ယန္တရား ၄၀ခန့် ပျောက်ဆုံးနေတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး က RFA ကို ဒီနေ့ ပြောပါတယ်။
2019-04-23
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား နှစ်ဘက်အပစ်အခတ်ရပ်စဲပြီး ကောင်းမွန်တဲ့အဖြေတစ်ခုကိုရအောင် နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးဖို့လိုနေပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
2019-04-22
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ အပါအဝင် ငါးဦးကို ကရင်ပြည်နယ် မြဝတီမြို့ကနေ ရန်ကုန်ကိုအပြန် လမ်းခရီးမှာ မြဝတီရဲတပ်ဖွဲ့က ဧပြီလ ၂၂ ရက် မနေ့ည ၇ နာရီကျော်လောက်က ဖမ်းဆီးလိုက်ပါတယ်။
2019-04-22
မြန်မာနိုင်ငံ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ပြီး အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ မရှိတဲ့အကြောင်း အကျဉ်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။
2019-04-22
အိုင်ဗရီကို့စ်နိုင်ငံမှာ စားသုံးဖို့မသင့်လို့ဆိုပြီး ဖျက်ဆီးခံခဲ့ရတဲ့ မြန်မာ့ဆန်ကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ဆန်စပါးတင်ပို့မှု ဈေးကွက်နဲ့ တောင်သူလယ်သမားတွေအပေါ် တစုံတရာ ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။
2019-04-22
ကာလုံ လို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီက ပြင်ဆင်ချက် တင်သွင်းလိုက်တယ်လို့ အဲဒီပါတီက ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ က ပြောပါတယ်။
2019-04-22
တပ်မတော်ကို စော်ကားတဲ့အပြုအမူတွေ ပြုလုပ်တယ်ဆိုပြီး ပုဒ်မ ၅ဝ၅(က)နဲ့ တရားစွဲဆိုခံရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဒီကနေ့ တရားရုံးမှာ လာရောက်အစစ်ခံရာမှာ တရားသူကြီးက အာမခံမပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ချက်ချင်းပို့ဆောင်လိုက်ပါတယ်။
2019-04-22
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ၂ဦး နဲ့ပတ်သက်ပြီး တရားလွှတ်တော်ချုပ်ရုံးအနေနဲ့ သူတို့ကို ပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ ဆုံးဖြတ်သင့်တယ်လို့ နိုင်ငံတကာ အရပ်ဘက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2019-04-22
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် အရှေ့ဖက် မိုင် ၅၀ အကွာ တောတွင်းတစ်နေရာမှာ အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့မှာ စစ်ရေးတင်းမာနေတယ်လို့ KIA က ပြောပါတယ်။
2019-04-22
အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ထားတဲ့ အကျဉ်းသား အကျဉ်းသူမရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် အကျဉ်းဦးစီးဌာနက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2019-04-22
ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြင်ဆင်ချက် တင်သွင်းလိုက်တယ်လို့ အဲဒီပါတီက ကိုယ်စားလှယ် ဦးအောင်ကျော်ဇံက ပြောပါတယ်။
2019-04-22
အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ရဲ့ အာမခံ လျှောက်ထားမှုကို တိုင်းတရားလွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။
2019-04-22
အိုင်ဗရီကို့စ်နိုင်ငံမှာ စားသုံးဖို့မသင့်လို့ဆိုပြီး မြန်မာ့ဆန်ကို ဖျက်ဆီးခဲ့တဲ့ကိစ္စကြောင့် မြန်မာနိုင်ငံရဲ့ ဆန်စပါးတင်ပို့မှု ဈေးကွက်မှာ တောင်သူလယ်သမားတွေအပေါ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူတွေက ဒီနေ့ ပြောလိုက်ပါတယ်။