သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-22
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချလို့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ ၄ ဦးကို ငပုတောမြို့နယ်တရားရုံးမှာ ဒီနေ့စတင် ရုံးထုတ်ခဲ့ပါတယ်။
2019-04-22
မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒေသခံ ရှစ်ထောင်ကျော်က ဒီကနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
2019-04-22
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ၅ ဦးဟာ မရမ်းကုန်းမြို့နယ် တရားရုံးကို ဒီနေ့ သွားရောက် အမှုရင်ဆိုင်ရာမှာ တရားရုံးက အာမခံ မပေးတဲ့အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
2019-04-22
မြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေးအတွက် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ဒေသခံ ရှစ်ထောင်ကျော်က ဒီကနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ပါတယ်။
2019-04-21
ရခိုင်ပြည်နယ်က တိုက်ပွဲတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး၊ တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်အပေါ်သဘောထား၊ ရိုဟင်ဂျာဒုက္ခသည်အရေး၊ ရိုက်တာ သတင်းထောက်နှစ်ဦးနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် အခြေအနေ စတဲ့အကြောင်းတွေကို ကက်သလစ်ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို ကို RFA သတင်းထောက် ကိုထက်အာကာ တွေ့ဆုံမေးမြန်းထားပါတယ်။
2019-04-21
နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ရဲ့အမှုကို လာမယ့် အင်္ဂါနေ့မှာ စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။
2019-04-21
ကွယ်လွန်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် နေထိုင်ခဲ့တဲ့ ရန်ကင်းမြို့နယ် ကျောက်ကုန်း မဂ္ဂင်လမ်းက နေအိမ်ပုံစံအတိုင်း ပုံစံတူအိမ်တစ်လုံးကို ဦးဝင်းတင်အမှတ်တရ ပြတိုက်အဖြစ် ဒီကနေ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှာ ဖွင့်လှစ်လိုက်ပါတယ်။
2019-04-21
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ငါးနှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားကို မန္တလေး အမရပူရမြို့နယ်၊ တောင်လေးလုံးကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-04-21
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-04-21
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုန်ဘော်ကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ KIA တပ်ရင်း ၃၆ တို့ ဒီကနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြောခွင့်ရသူက RFA ကို ပြောပါတယ်။
2019-04-21
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ် အထက်ပိုင်းမှာရှိတဲ့ ဆင်ကဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ဧပြီလ ၁၆ ရက်နေ့က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ယာယီတဲတွေ ပျက်စီးသွားခဲ့ပြီး အခုအခါမှာ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
2019-04-21
ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးက နယ်မြေခံတပ်ဌာနချုပ်ကို AA အဖွဲ့က အလစ်အငိုက် တိုက်ခိုက်ဖို့ ဝင်ရောက်လာတာကြောင့် တပ်မတော်လုံခြုံရေးကင်းအဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး AA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ထားပါတယ်။
2019-04-21
ဧရာဝတီ မြစ်ဆုံစီမံကိန်းကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်အပေါ်အမြင်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ကက်သလစ်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘိုကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။
2019-04-21
ရခိုင်ပြည်နယ် စစ်တွေထောင်အတွင်းမှာ မနေ့ညက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ည ၉ နာရီကျော်မှာ သေနတ်ပစ်သံ ၁ဝ ချက်ထက်မနည်း ကြားခဲ့ရတယ်လို့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
2019-04-21
ထောင်ဒဏ် ၇နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့ အယူခံတင်ထားတာကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဧပြီလ ၂၃ရက်နေ့ အင်္ဂါနေ့မှာ အမိန့်ချ မှာဖြစ်တယ်လို့ သတင်းထောက်နှစ်ဦးရဲ့ ဥပဒေရေးရာ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။