သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-20
မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးအတွက် ကုန်ကျစရိတ်ကို ပြည်သူလူထုက တစ်ယောက် တစ်ဒေါ်လာနှုန်း စုပေါင်းပြီး ပြန်လျော်ခွင့်ပေးဖို့ “ဧရာဝတီကို ပြန်ရွေးယူကြမယ်” စကားဝိုင်း တက်ရောက်လာသူတွေက တောင်းဆိုလိုက်ပါတယ်။
2019-04-20
ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုရင် စီမံကိန်းကို ရပ်တန့်ပေးဖို့ အာရှတစ်တိုက်လုံးနဲ့ ဗာတီကန်မြို့အထိ သွားပြီး အကူညီတောင်းသွားမယ်လို့ ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ် မောင်ဘိုက ပြောပါတယ်။
2019-04-20
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စတဲ့မြို့နယ် ၇ ခုမှာ စစ်ဘေးသင့် ဒုက္ခသည်ဦးရေဟာ ဒီနေ့အထိ ၃၅၀၀၀ ခန့်အထိ တိုးလာနေတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က RFA ကို ဒီနေ့ပြောပါတယ်။
2019-04-20
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် နွားယုံတောင်၊ သျှိသျှားတောင်၊ စန်ဂိုးတောင်၊ ဥယျာဉ်သာ၊ ကွင်းသာနဲ့ စပါးထာ စတဲ့ကျေးရွာမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့လို့ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောပါတယ်။
2019-04-20
မြစ်ဆုံစီမံကိန်းအတွက် ကျခံထားတဲ့ ကုန်ကျစရိတ်တွေကို မြန်မာပြည်သူတွေက လျော်ကြေးပေးပြီး ရွေးယူသွားမယ်လို့ ဧရာဝတီကို ပြန်လည်ရွေးယူရေး ဦးဆောင်လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။
2019-04-20
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို လာမယ့် ဧပြီလ ၂၂ ရက်နေ့မှာ ပြန်လည်စတင်ကျင်းပမယ်လို့ ကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။
2019-04-20
၂ဝ၁၉ ဧပြီ ၂၀ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " ဝ ဒေသငြိမ်းချမ်းရေးနှစ် ၃ဝ ခရီးနှင့် ပြည်နယ်တောင်းဆိုမှု " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-04-20
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဧပြီလ ၁၈ ရက်နေ့ညက လေပြင်းတိုက်တာကြောင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က ပြောပါတယ်။
2019-04-20
တနင်္သာရီဂျာနယ်ကို တနင်္သာရီတိုင်းအစိုးရက တရားစွဲထားတဲ့ အမှုအယူခံကို ထားဝယ်ခရိုင်တရားရုံးမှာ လာမယ့် မေလ ၃ ရက်နေ့မှာ အပြီးသတ်အမိန့်ချမယ်လို့ သိရပါတယ်။
2019-04-19
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်မှာ အခက်အခဲတွေ ဘယ်လောက်အထိ ရှိနေပါသလဲ။ "ပြန်စမယ် - မစဘူး" - ဆိုတဲ့ ဒီအဖြေနှစ်ခုကြားမှာ ကြီးမားတဲ့ရိုက်ခတ်မှု ဘာတွေ ရှိနိုင်မလဲ။
2019-04-19
ဝ,အထူးဒေသပန်ဆန်းမြို့မှာ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်ပွဲတော်ကို ဘယ်လို ကျင်းပခဲ့ကြသလဲဆိုတာကို သိရဖို့အတွက် ပန်ဆန်းမြို့မှာ ရောက်နေတဲ့ RFA သတင်းထောက် ကိုကံသာနဲ့ ကိုသီဟထွန်းကို ဝါရှင်တန်ဒီစီရုံးချုပ်ကနေ Skype ဗီဒီယိုကတဆင့် RFA ဝိုင်းတော်သူ မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2019-04-19
UWSA ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်က ဝအထူးဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့အပေါ် အစိုးရဘက်က လက်ခံနိုင်မယ့် အလားအလာ ရှိပါသလား…၊ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ရော ဒီကိစ္စအပေါ် ဘယ်လို အမြင်သဘောထားတွေ ရှိကြပါသလဲ…။
2019-04-19
မြန်မာနိုင်ငံ ဒေသအတော်များများမှာ နေ့အပူချိန်တွေ မြင့်တက်နေတဲ့အတွက် ကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေ၊ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။
2019-04-19
ရခိုင်ပြည်နယ်က ထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသက ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ နေပြည်တော်မှာ လာမယ့် မေလ ၃ ရက်နေ့ တွေ့ဆုံဆွေးနွေးမယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Abdul Momen အဘ်ဒူ မိုမင်း က သောကြာနေ့မှာ ပြောကြားပါတယ်။
2019-04-19
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှာ ပါဝင်ခဲ့တဲ့ ကိုဒီရေ (ခေါ်) ကိုပိုင်ဖြိုးမင်းနဲ့ ကိုဖိုးသား (ခေါ်) ကိုဇော်လင်းထွတ်တို့ရဲ့ မိဘတွေကို သက်ဆိုင်ရာ မြို့နယ်ရဲအရာရှိတွေက သောကြာနေ့မှာ အကြိမ်ကြိမ် လာရောက်တွေ့ဆုံမေးမြန်းပြီး ရဲစခန်းကို လာရောက်ကြဖို့ ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။