သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-05
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အနာဂတ် ဘယ်လိုရှိမလဲ။ မြန်မာနိုင်ငံကို ပြန်လာနိုင်ဖို့အတွက် ဒုက္ခသည်တွေဘက်က တောင်းဆိုထားတာနဲ့ မြန်မာနိုင်ငံဘက်က လက်ခံနိုင်တာနဲ့ ကြားမှာ ကြီးမားတဲ့ ကွာခြားချက်တွေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
2019-04-05
၂ဝ၂ဝ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး တဖြည်းဖြည်း နီးကပ်လာချိန်မှာ NLD အစိုးရကို ဖိလာနေတဲ့ ဖိအားတွေ ပိုပိုများလာနေပါတယ်။
2019-04-05
အိုးအိမ်စွန့်ခွာရသူတွေအတွက် ရေရှည်လိုအပ်ချက်တွေကို ထောက်ပံ့ကူညီဖို့ ဒေသခံ လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကြိုးစားသွားမယ်လို့ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးက ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။
2019-04-05
ကချင်ပြည်နယ်ကစစ်ပွဲတွေကြား ပိတ်မိနေတဲ့အရပ်သားတွေကို ကယ်ထုတ်ခွင့်ပြုဖို့နဲ့ စစ်ပွဲတွေရပ်ဖု့ိ မြစ်ကြီးနားမြို့မှာ တောင်းဆိုဆန္ဒပြတဲ့အတွက် ထောင်ဒဏ် ၆ လ ချမှတ်ခံရတဲ့ ကချင်တက်ကြွလှုပ်ရှားသူ ဒေါ်နန်ပူ ဒီနေ့မှာ မြစ်ကြီးနားထောင်က ပြန်လွတ်လာပါတယ်။
2019-04-05
NLD အစိုးရ ဆောင်ရွက်နေတဲ့ကိစ္စတချို့ကို အားမရတဲ့အတွက် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့နဲ့ တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်တချို့ ဦးဆောင်ပါဝင်မယ့် နိုင်ငံရေးပါတီတစ်ခုကို လာမယ့် သီတင်းပတ်အတွင်း ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
2019-04-05
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တပ်သိမ်းမြေတွေကို ဥပဒေအတိုင်း ပြန်လည်ရရှိဖို့နဲ့ တပ်သိမ်းမြေဆိုပြီး တောင်သူတွေရဲ့မြေယာတွေကို အကွက်ရိုက် ရောင်းစားနေတာတွေကို ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ နစ်နာသူ တောင်သူတွေနဲ့ မိသားစုဝင် ၂ ရာလောက် ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-04-05
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပွဲတွေမှာ ဦးဆောင်ပါဝင်ဟောပြောနေသူတချို့ကို တပ်မတော်အပေါ် ဝေဖန်ရေးသားမှုတွေအပေါ် အခြေခံပြီး တပ်မတော်ဖက်က တရားစွဲဆို မှုတွေဟာ ဒီရက်ပိုင်းမှာ များလာပါတယ်။
2019-04-05
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအနီးမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ ဧပြီလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ တပ်မတော်ဘက်က ရဟတ်ယာဉ်သုံး တိုက်ခိုက်ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ထွန်းထွန်းညီ က RFA ကို ဒီနေ့ အတည်ပြုပြောပါတယ်။
2019-04-05
ကုလသမဂ္ဂကဖွဲ့စည်းပေးလိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌ အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian နဲ့ အဖွဲ့ဝင်တွေကို မြန်မာပြည်တွင်း ဝင်ရောက်စုံစမ်းစစ်ဆေးခွင့် ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောလိုက်ပါတယ်။
2019-04-05
မြစ်ဆုံနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာမလုပ်ရင် ၁၉၉၀ လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တွေက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ သူကိုယ်တိုင် ဦးဆောင် ကန့်ကွက်သွားမယ်လို့ SNLD ကျားခေါင်းပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောကြားလိုက်ပါတယ်။
2019-04-05
ကချင်ပြည်နယ်က တိုက်ပွဲအတွင်း ပိတ်မိနေသူတွေကို ကယ်ထုတ်ရေး ဦးဆောင်ဆန္ဒပြ တောင်းဆိုခဲ့တာကြောင့် ထောင်ဒဏ် ၄ လချမှတ်ခံရတဲ့ ဒေါ်နန်ပူဟာ မြစ်ကြီးနား အကျဉ်းထောင်ကနေ ဒီနေ့မနက်က ပြန်လည်လွတ်မြောက်လာပါတယ်။
2019-04-05
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ချောင်းရိုးကျေးရွာကနေ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ်မှာ လာရောက်အလုပ်လုပ်ကိုင်ရင်း အသတ်ခံခဲ့ရတဲ့ တတိယနှစ်ကျောင်းသူ မဥမ္မာခိုင် သေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး စိစစ်ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက ကာယကံရှင်မိသားစုထံ အကြောင်းကြား စာပေးပို့ထားပါတယ်။
2019-04-05
တပ်သိမ်းမြေတွေကို ဥပဒေနဲ့အညီ ပြန်လည်ရရှိဖို့ ရှမ်းပြည်နယ် လားရှိုးမြို့မှာ တောင်သူ နှစ်ရာခန့်က ဒီနေ့ မနက်က လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2019-04-04
အီးယူ-ဥရောပသမဂ္ဂ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေးဆိုင်ရာ နောက်ဆက်တွဲ ဆက်လက်ဆောင် ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဒီနှစ် မတ်လ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံကို စေလွှတ်တယ်လို့ အီးယူက သတင်းထုတ်ပြန်ပါတယ်။
2019-04-04
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်အတွင်း မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၇၆ ဦးရှိပြီး အဲဒီထဲက သေဆုံးသူ ၄၈ ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနဲ့ UNICEF တို့က ကောက်ယူတဲ့စာရင်းအရ သိရပါတယ်။