သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-04
ဒီတစ်ပတ်အစီအစဉ်မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ထိုင်းနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-04-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စိုင်းဒင်တောင်တန်းအနီးမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ မနေ့က တိုက်ပွဲဖြစ်ပွားတာကြောင့် ရိုဟင်ဂျာ မွတ်စလင်အချို့သေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောကြပါတယ်။
2019-04-04
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထပ်မှာ သိမ်းဆည်းခံရတဲ့လယ်ယာမြေတွေကို မူလပိုင်ရှင်တွေထံ လွှတ်တော်ဆုံးဖြတ်ချက်နဲ့ အမြန်ဆုံးပြန်ပေးဖို့ ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2019-04-04
ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်း ဆီးခေါ်ဆောင်သွားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာ ဒေသခံ ၄ ယောက် ထဲက ပြန်လည်ထွက်ပြေး လွတ်မြောက်လာသူ တစ်ယောက်ကို မြစ်ကြီးနား တပ်မတော်ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2019-04-04
မြေမြှုပ်မိုင်း ပေါက်တာကြောင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူ ၂၇၆ ဦး ရှိခဲ့ကြောင်း ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က ဒီနေ့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2019-04-04
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့မြို့နယ် ၆ ခုမှာ ဧပြီလ ၂ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်အိမ်ထောင်စု ၆၀၉၄ စုနဲ့ လူဦးရေ ၂၆၅၀၀ ခန့်ရှိနေပြီလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီနေ့ပြောလိုက်ပါတယ်။
2019-04-04
အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ရဲ့ အာမခံလျှောက်ထားချက်ကို လာမယ့် ဧပြီ ၂၂ ရက်နေ့မှာ ဆုံးဖြတ်သွားမယ်လို့ တနင်္သာရီတိုင်း တရားလွှတ်တော်က ဒီနေ့ ပြောလိုက်ပါတယ်။
2019-04-04
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သတင်းရေးသားဖော်ပြတာတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာဌာနတွေကို အီးမေးလ်၊ ဖေ့စ်ဘွတ်မက်ဆေ့ဂျာတွေကနေတဆင့် ခြိမ်းခြောက်တာမရှိဘူးလို့ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
2019-04-03
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတလျှောက်က မြေယာတွေကို တရုတ်ကုမ္ပဏီတစ်ခုက “အခြားမြေယာ” အဖြစ် သုံးစွဲခွင့် လျှောက်ထားတာကို ဒေသက တောင်သူတွေက ကန့်ကွက်လိုက်ပါတယ်။
2019-04-03
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော် အကြား စစ်ရေးပဋိပက္ခတွေ မြင့်မားလာနေတဲ့ အတွက် အခြေအနေတွေ ဆိုးဝါးမလာစေဖို့ အစိုးရ၊ တပ်မတော်နဲ့ AA အဖွဲ့အကြား တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အချိန်တန်နေပြီလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
2019-04-03
လွှတ်တော်ကိုယ်စားလှယ် တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို လာမယ့် ၂၂ ရက်မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ တင်သွင်းမယ်လို့ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်လင်းစိုးလင်း က ပြောပါတယ်။
2019-04-03
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ ရခိုင်ရိုးရာယဉ်ကျေးမှု သြင်္ကန်ပွဲတော်ကို မကျင်းပဖို့ ဒီနေ့ ၁၆ ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော် ဖြစ်မြောက်ရေးကော်မတီက ဆုံးဖြတ်လိုက်ပါတယ်။
2019-04-03
မြန်မာ့တပ်မတော်ဟာ စစ်ထောက်လှမ်းရေးအဖွဲ့တွေနဲ့ အဆက်အစပ်ရှိတဲ့ အဖွဲ့အစည်း မဟုတ်တာကြောင့် ကုလားတန်စီမံကိန်းကိုအကြောင်းပြုပြီး AA ကို တပ်မတော်က ထောက်လှမ်းတယ်ဆိုတဲ့ ပြောကြားချက်တွေဟာ မဟုတ်မှန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောပါတယ်။
2019-04-03
ကေအိုင်အိုအပါအဝင် မြောက်ပိုင်းအဖွဲ့ လေးဖဲ့ွနဲ့ အစိုးရ တို့ Bilateral ပဏာမအပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးဆွေးနွေးပွဲကို သြင်္ကန်ကာလနောက်ပိုင်းကို ရွှေ့ဆိုင်းထားကြောင်း ကြားဝင်ညှိနှိုင်းပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
2019-04-03
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ ဥက္ကဋ္ဌအဖြစ် အမေရိကန်နိုင်ငံက ရှေ့နေ Nicholas Koumjian ကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ် က ခန့်အပ်လိုက်ပါတယ်။