သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-23
ရန်ကုန်တိုင်း၊ ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်းပြီး အခြားနီးစပ်ရာ မြို့နယ်မှာ ပေါင်းထည့်ဖို့ NLD ပါတီက စီစဉ်နေတာဟာ မဲရှုံးခဲ့တဲ့ပေါ်စဉ်းစားပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက RFA ကိုပြောပါတယ်။
2019-05-23
ပညာရေး သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ထဲက အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးတို့အတွက် ပညာရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမယ်လို့ နေပြည်တော်က အခြေခံပညာဦးစီးဌာနမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောပါတယ်။
2019-05-23
မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူတွေ တွေ့ဆုံပြီး တစ်ဖွဲ့ချင်းစီလိုက် အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ဆွေးနွေးမယ့် ဒုတိယအကြိမ်တွေ့ဆုံမှုမှာ တပ်မတော် ပါဝင်သွားမယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
2019-05-22
ပြီးခဲ့တဲ့ ဇန်နဝါရီလက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ်က ဆွေးနွေးနေခဲ့စဉ် MRTV က တိုက်ရိုက်လွှင့်ထုတ်မှု ယာယီပြတ်တောက်ခဲ့တာနဲ့ စပ်လျဉ်းပြီး MRTV ညွန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ပြန်ကြားရေးဝန်ကြီးဌာနက အရေးယူအပြစ်ပေးတဲ့အနေနဲ့ ဌာနရွှေ့ပြောင်းခဲ့တယ်လို့ သတင်းရပါတယ်။
2019-05-22
ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ Channel Mandalay သတင်းထောက် ကိုနန္ဒကို လွှတ်ပေးဖို့ CPJ တောင်းဆို မြန်မာအစိုးရက ကန့်သတ်မှုမရှိဘဲ ချက်ချင်း လွှတ်ပေးဖို့ သတင်းသမားတွေကို အကာအကွယ်ပေးနေတဲ့ CPJ အဖွဲ့က ဗုဒ္ဓဟူးနေ့က တောင်းဆို လိုက်ပါတယ်။
2019-05-22
မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Media Group DMG သတင်းဌာနက အမှုဆောင်ဒါရိုက်တာ ဦးအောင်မင်းဦးအပေါ် စွဲဆိုထားတဲ့ပုဒ်မတွေကို ဖယ်ရှားပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2019-05-22
နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို တပ်မတော်ရဲ့ ဖိအားပေးမှုကြောင့် ရဲတပ်ဖွဲ့က လက်ထိပ်ခတ်ပြီး တရားရုံးထုတ်တာလို့ သံချပ်အဖွဲ့ဝင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-22
ပညာရေး သင်ရိုးသစ် သင်တန်းတက်ရောက်နေတဲ့ ဆရာ၊ ဆရာမ နှစ်သိန်းကျော်ထဲက အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦးနဲ့ ဒဏ်ရာရသူ ခြောက်ဦးတို့အတွက် ပညာရေးဝန်ကြီးဌာနက လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။
2019-05-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၅) အောက်ချိုင့်ရပ်ကွက်ကနေ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နစ်နာကြေးရရှိဖို့ ဖားကန့်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-05-22
တပ်မတော်ရဲ့ ဖိအားပေးမှုကြောင့် တရားစွဲခံရတာလို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကျောင်းသားတွေ ရုံးထုတ်ဖြစ်ရပ်ကြောင့် ဝတ္တရားနှောင့်ယှက်မှုအပါအဝင် ပုဒ်မ လေးခုနဲ့ အမှုဖွင့်ခံရသူတွေက ပြောလိုက်ပါတယ်။
2019-05-22
ချင်းပြည်နယ် ပလက်ဝမြို့အနောက်ဖက်မှာ သောကြာနေ့က ဖြစ်တဲ့တိုက်ပွဲအတွင်း မြန်မာ့တပ်မတော်ဘက် ဗိုလ်ကြီးတယောက်နဲ့ အခြားအဆင့်တချို့ကျဆုံးသလို၊ AA ဘက်ကလည်း အကျအဆုံးရှိတယ်လို့ မြန်မာ့တပ်မတော်က ပြောပါတယ်။
2019-05-22
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၅)အောက်ချိုင့်ရပ်ကွက်ကနေ ရွှေ့ပြောင်းခံရတဲ့ ဒေသခံတွေက နစ်နာကြေးရရှိဖို့ ဖားကန့်မြို့မှာ ဒီကနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-05-22
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ရုံးထုတ်တဲ့အခါ လက်ထိပ်ခတ်တယ်၊ မခတ်ဘူးဆိုတာ ရဲလုပ်ထုံးလုပ်နည်းတွေနဲ့သာ သက်ဆိုင်ပြီး တပ်မတော်အနေနဲ့ တရားစွဲဆိုထားပြီးဖြစ်တာကြောင့် တရားရုံးရဲ့ တရားစီရင်မှုနဲ့ ရဲတပ်ဖွဲ့က ထိန်းသိမ်းထားမှုတွေမှာ ဝင်ရောက်စွက်ဖက်တာမရှိဘူးလို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှုးချုပ် ဇော်မင်းထွန်း က RFA ကို ပြောပါတယ်။
2019-05-22
မေ ၂၀ ရက်နေ့က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ငြိမ်းပွင့်က မနီလာသိန်းအပါအဝင် ငါးဦးကို ဗိုလ်တထောင်မြို့နယ် ရဲစခန်းမှူး ရဲမှူးနေဝင်းက ပုဒ်မ လေးခုနဲ့ အမှုဖွင့်ထားပြီး ကိုယ်ပိုင်ခံဝန်တွေနဲ့ လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
2019-05-22
တရားစွဲဖမ်းဆီးခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို လက်ထိပ်ခတ်ပြီး တရားရုံးကို ခေါ်ဆောင်လာတာဟာ ရဲလက်စွဲ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စန်းစန်းမြင့် က ဒီနေ့ ပြောပါတယ်။