သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-13
ရခိုင်ပြည်နယ်ကို မနေ့ကရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးဖြစ်သူ အာရ်ဆူလာမြူလာ ဟာ စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ မြန်မာအစိုးရကို တင်ပြခဲ့ပေမယ့် လုံခြုံရေးအခြေအနေကို အကြောင်းပြတာကြောင့် သွားရောက်ခွင့်မရခဲ့ဘူးလို့ UNOCHA က ဒီနေ့ပြောလိုက်ပါတယ်။
2019-05-13
တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဒီနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒီနေ့မှာတော့ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်ကို စစ်ဆေးခဲ့ပါတယ်။
2019-05-13
အဝေးသင်ပညာရေးစနစ်သစ်ကို ပြောင်းလဲတဲ့အနေနဲ့ အနီးကပ်သင်တန်း ၁ဝ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်ရမယ့်စနစ် ဆက်ကျင့်သုံးဖို့ တင်ပြချက်ကို ကန့်ကွက်တဲ့ ဖဲကြိုးနီလှုပ်ရှားမှုကို ရတနာပုံ တက္ကသိုလ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-05-13
တပ်မတော်က သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထားတဲ့ အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို မေလ ၁၇ ရက်နေ့ကစပြီး ဆောင်ရွက်သွားမယ်လို့ အသံအဖွဲ့က ဒါရိုက်တာ မောင်ဆောင်းခက RFA ကို ပြောပါတယ်။
2019-05-13
အဝေးသင်ပညာရေးစနစ်သစ်ကို ပြောင်းလဲတဲ့အနေနဲ့ အနီးကပ် သင်တန်း ၁၀ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်တဲ့စနစ်ကို ကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီနေ့မနက်က ဆောင်ရွက်ခဲ့ပါတယ်။
2019-05-13
မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို ရေလမ်းကနေ တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသားလို့ ယူဆရသူ ခုနှစ်ဦးကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေက ပြောပါတယ်။
2019-05-13
ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်ရေးမှာ အကြီးမားဆုံး အတားအဆီးက စစ်တပ် မဟုတ်ဘဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်လို့ သံတမန်တွေ အပါအဝင် လူပုဂ္ဂိုလ်တွေက ပြောဆိုကြကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။
2019-05-13
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာက စာသင်ကျောင်းတစ်ကျောင်းမှာ ထိန်းသိမ်းခံနေရတဲ့ ရခိုင်တိုင်းရင်းသား ကလေး လူကြီး စုစုပေါင်း ၄၀ - ၅၀ ဝန်းကျင် အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရုံး ပြောခွင့်ရသူက မေလ ၁၀ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2019-05-12
သမ္မတက ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီအနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသလို သမ္မတကိုလည်း တိုက်ရိုက်အကြံပေးသွားမယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဒီနေ့ပြောလိုက်ပါတယ်။
2019-05-12
သမ္မတကဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေကို နိုင်ငံရေးနည်လမ်းနဲ့အဖြေရှာနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေသလို သမ္မတကိုလည်း တိုက်ရိုက်အကြံပေးသွားဖို့ရှိတယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဒီနေ့ ပြောလိုက်ပါတယ်။
2019-05-12
လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ အရေးပေါ်ကယ်ဆယ် တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှုး မစ္စအာရ်ဆူလာမြူလာ ဟာ စစ်တွေမြို့ကို ဒီနေ့ နေ့လယ်ပိုင်းက ရောက်ရှိခဲ့ပြီး ဘာဆာရာကျေးရွာမှာ မွတ်စလင် ဒေသခံရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2019-05-12
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ယိုးချောင်းအတွင်း မီးရပ်ပြင်ကျေးရွာမှာ အသက် ၁၂ နှစ်အရွယ် ခုနှစ်တန်း ကျောင်းသားတစ်ဦးဟာ တိုက်ပွဲကြွင်းကျန် လက်နက်ကျည်တစ်ခုကို ယူဆောင်ကစားရာကနေ ပေါက်ကွဲခဲ့တာကြောင့် မနေ့က သေဆုံးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2019-05-12
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ချမှတ်မယ့်မူဝါဒတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ ကိစ္စတွေကို အစိုးရနဲ့ တပ်မတော်ကြားမှာ ဘုံသဘောတူညီချက်တွေ ချမှတ်ထားဖို့လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ပြောလိုက်ပါတယ်။
2019-05-12
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေကနေ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့ နောက်ဆုံးထားပြီး သူတို့ရဲ့မူလမြို့နယ်တွေကို ပြန်ခိုင်းဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေတယ်လို့ ဆရာတော်တွေကမိန့်ပါတယ်။
2019-05-12
မြန်မာနိုင်ငံ အလယ်ပိုင်းက ထွက်တဲ့ စိန်တစ်လုံး၊ ရွှေဟင်္သာ စတဲ့ သရက်သီးတွေ တရုတ်-မြန်မာနယ်စပ်မှာ အရောင်းအဝယ် ကောင်းနေပြီး မနှစ်ကထက်လည်း ဈေးကောင်းရနေတယ်လို့ သရက်ကုန်သည်တွေက ပြောကြပါတယ်။