သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-05
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို ဆန္ဒအလျောက် ပြန်လာနိုင်ရေး တွန်းအားပေးနိုင်ဖို့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေ အာမခံပေးဖို့၊ တိကျပြီး အချိန်အကန့်အသတ်ပါဝင်တဲ့ နိုင်ငံသားဖြစ်ခွင့်ရရေး တိကျတဲ့ နည်းလမ်းကို အပြုသဘော ချပြပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
2019-05-05
မြန်မာနိုင်ငံမှာ သတင်းထောက်တွေကို ဖိနှိပ်ရာမှာ အသုံးပြုခဲ့တဲ့ နည်းပညာတစ်ရပ်ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံဖို့ အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့တဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်နေတယ်လို့ မနေ့က အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ ဝါရှင်တန်ပို့စ် သတင်းစာက ရေးသားလိုက်ပါတယ်။
2019-05-05
မြန်မာပြည်မှာ ဆင်းရဲသူရော ချမ်းသာသူတွေပါ အဟာရချို့တဲ့နေကြပါတယ်။ ကမ္ဘာနဲ့ အလှမ်းကွာခဲ့တဲ့ အကျိုးဆက်တွေကို ဦးခင်မောင်စိုးက ရိုက်တာ သတင်းဌာနက သင်းလဲ့ဝင်း ရဲ့ ဆောင်းပါး နှစ်ပုဒ်အပေါ် အခြေခံပြီး တင်ပြထားပါတယ်။
2019-05-05
အခုနှစ် ဧပြီ ၂၆ ရက်နေ့က စတင်ပြီး ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်၊ ခုနှစ်လအတွင်း မြန်မာနိုင်ငံက ရေကြောင်းကနေ တင်ပို့တဲ့ သွင်းကုန် ထုတ်ကုန် တန်ဖိုး စုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ၁၃.၉ ဘီလျံရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
2019-05-04
၂ဝ၁၉ မေ ၄ ရက်နေ့ စနေစကားဝိုင်း အစီအစဉ်မှာ " မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ NCA အလားအလာ " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-05-04
နိုင်ငံတော် သမ္မတ ဦးဝင်မြင့် ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ICOE ဟာ ကော်မရှင်ရဲ့ ၈ ကြိမ်မြောက် အစည်းအဝေးကို မေလ ၃ ရက်ကနေ ၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2019-05-04
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှုမဖြစ်စေဖို့ တပ်မတော်ရော AA ရော နှစ်ဖက်လုံး ဂရုပြုကြဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်က မနေ့က တိုက်တွန်းချက် ထုတ်ပြန်လိုက်ပါတယ်။
2019-05-04
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုငြိမ်းချမ်းစိုးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ မေလ ၃ ရက်နေ့ မနေ့ညက အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
2019-05-04
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာကနေ စည်တောင်ကျေးရွာဘက်ကို မနေ့ကနေ့လယ်ပိုင်းမှာ စက်တပ်သဗ္ဗာန်လှေနဲ့ ထင်းတင်ဖို့သွားတဲ့ အသက် ၅၄ အရွယ် ဦးခင်မောင်ဟာ သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် ဝဲဘက်ခါးအထက်ပိုင်းမှာ ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို မနေ့ညနေက အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။
2019-05-04
ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို မြန်မာနိုင်ငံမှာ ကျင်းပခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်အဆင့်အတန်းဟာ ကျဆင်းနေတုန်းပဲလို့ သတင်းမီဒီယာသမားတွေနဲ့ စာနယ်ဇင်းသမားတွေက ပြောကြပါတယ်။
2019-05-04
ကုလသမဂ္ဂ လွတ်လပ်စွာ ဆန္ဒသဘောထား ဖော်ထုတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် David Kaye ဒေးဗစ်ကေး က မေလ ၃ ရက်နေ့ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ အောင်ပွဲခံ အခမ်းအနားတွေ ကျင်းပရုံမျှဖြင့် ကျေနပ်မနေကြဘဲ ကမ္ဘာတဝန်း သတင်းလွတ်လပ်ခွင့် ပိုမိုရရှိအောင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2019-05-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာတွေ ပြန်လည်လက်ခံရေးကို မြန်မြန်ဆန်ဆန်ပြုလုပ်ဖို့နဲ့ ဒီကိစ္စအတွက် အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရကို ထပ်မံမေတ္တာရပ်ခံ လိုက်ပါတယ်။
2019-05-03
ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းလုပ်ကွက်တွေမှာ အသက်နဲ့ရင်းပြီး ရေမဆေးကျောက် ရှာဖွေနေသူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။
2019-05-03
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက်အနေနဲ့ မြေမြုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးရတဲ့ ပြဿနာဟာ စိမ်ခေါ်မှုတခုလို ဖြစ်လာနေပါတယ်။
2019-05-03
စစ်ရေးတင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့ ရခိုင်ပြည်နယ်မှာ... အစိုးရတပ်မတော်ရဲ့ ဖမ်းဆီး စစ်ဆေးမှုတွေအတွင်း အရပ်သားတွေသေဆုံးမှု များလာနေပါတယ်။