သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-03
အခုနှစ်အတွက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဆောင်ပုဒ်အဖြစ် “ဒီမိုကရေစီရေးအတွက် သတင်းမီဒီယာရဲ့အခန်းကဏ္ဍ” လို့ သတ်မှတ်ထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံက စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
2019-05-03
ရသေ့တောင်မြို့နယ် ကျောက်တန်းရွာ အထကကျောင်းဝန်းအတွင်းမှာ ရွာသား ၂၇၅ဦးကို တပ်မတော်က ဖမ်းဆီးပြီး AA တပ်ဖွဲ့ဝင်တွေ ပါမပါ စစ်ဆေးနေချိန်မှာ သေနတ်လုဖို့ ကြိုးစားတယ်ဆိုပြီး တပ်မတော်ဘက်က ပစ်ခတ်ခဲ့တာကြောင့် အဖမ်းခံနေရသူ ခြောက်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
2019-05-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေကို တပ်မတော်က ကြာသပတေးနေ့က ပစ်ခတ်ခဲ့တဲ့အခြေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တွေဟာ ကွဲလွဲနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပြောပါတယ်။
2019-05-03
ကျောက်တန်းရွာမှာ ဖမ်းထားတဲ့သူတွေထဲက ၁၂၆ ယောက်လွှတ်ပေးလိုက်ပြီး၊ ကျန်တဲ့သူတွေကို ဥပဒေအတိုင်းအရေးယူမယ်လို့ တပ်မတော်ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောသွားတာနဲ့ ပတ်သက်လို့ AA အဖွဲ့က ဘယ်လိုပြောလဲဆိုတာ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။
2019-05-03
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ ဒေသခံ ၂၇၅ ဦးထဲက ၁၂၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
2019-05-03
ကမ္ဘာ့သတင်းမီဒီယာလွတ်လပ်ခွင့်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2019-05-03
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP တံဆိပ်ပါ ဆန်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ရခိုင့်တပ်မတော် AA စခန်းတစ်ခုမှာ တွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး လိုအပ်တဲ့အချက်အလက်တွေ ရှာဖွေရာမှာ အစိုးရကို ကူညီဖို့အသင့်ရှိနေတယ်လို့ WFP ရဲ့ ပူးပေါင်းဆောင်ရွက်ရေးအရာအရှိ Silja Lehtinen က RFA ကို ဒီနေ့ ပြောပါတယ်။
2019-05-03
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့က ဇလုံတောင်မှာ တင်ဒါခေါ်ယူခြင်းမရှိဘဲ တာရိန်းကုမ္ပဏီကို ကားဝင်းနဲ့ အပန်းဖြေစခန်း တည်ဆောက်ခွင့်ပြုခဲ့တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတယ်ဆိုပြီး ဒေသခံအင်အား ၁ဝဝဝ ကျော်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။
2019-05-03
တနင်္သာရီဂျာနယ်ကို တနင်္သာရီတိုင်းအစိုးရက တရားစွဲထားတဲ့ အမှုအယူခံကို ထားဝယ်ခရိုင်တရားရုံးမှာ ဒီနေ့ ပယ်ချလိုက်တယ်လို့ သိရပါတယ်။
2019-05-03
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းရွာမှာ တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေသခံ ၂၇၅ ယောက်ထဲက ၁၂၆ ယောက်ကို ဒီနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2019-05-03
ရခိုင်ပြည်နယ်အခြေစိုက် Development Media Group - DMG မီဒီယာကို မတရားသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၂ )နဲ့ သတင်းတပ်ဖွဲ့ SB က တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် တရားဝင်အကြောင်းကြားစာ မရောက်သေးဘူးလို့ DMG သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်မင်းဦးက RFA ကို ဒီနေ့ ပြောပါတယ်။
2019-05-03
အစိုးရက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းနေရာမှာ မီဒီယာအခန်းကဏ္ဍကို အရေးထားပြီး မီဒီယာတွေအနေနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောင့်အယှက် ဖြစ်စေမယ့် ပဋိပက္ခအကဲဆတ်မှုတွေ၊ သတင်းမှားတွေ၊ အမုန်းစကားတွေ၊ မျှတမှုမရှိတဲ့ တစ်ဖတ်သတ်သတင်းတွေ ဖော်ပြတာတွေကို ကျင့်ဝတ်နဲ့အညီ စောင့်ထိန်းပေးကြဖို့ သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2019-05-03
မူဆယ်မြို့မှာ ဧပြီလ ၃ဝ ရက်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာနဲ့ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ လ တိုးမြှင့်သတ်မှတ်ခဲ့တာတွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှန် တိုးတက်မှုတွေဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ကြိုဆိုလိုက်ပါတယ်။
2019-05-02
ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကပ်မြို့မှာ မေလ ၃ ရက် ဒီကနေ့ညနေပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဆရာတော်ဦးဝီရသူရဲ့တရားပွဲကို ဖျက်လိုက်ပါတယ်။
2019-05-02
ပဲန်မြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက တနှစ်တာအတွင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေ အကဲဖြတ်အစီရင်ခံစာ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။