သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-31
ရခိုင်ပြည်နယ်က မြို့နယ်လေးခုမှာ ဇူလိုင် ၃ဝ နဲ့ ၃၁ ရက်တွေအတွင်း မြန်မာ့တပ်မတော်နဲ့ AA ရခိုင့်တပ်တော်တို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က အထိအခိုက်အကျအဆုံးတွေ ရှိခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရသူကပြောပါတယ်။ မြန်မာစစ်တပ်ကတော့ ဒီသတင်း မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။
2019-07-31
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို ၂၀၁၉ ဇူလိုင် ၃၁ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားလိုဘက်က လျှောက်တင်ခဲ့တဲ့ နောက်တိုးသက်သေ နှစ်ယောက်ကို တရားရုံးက လက်ခံလိုက်ပါတယ်။
2019-07-31
တိုက်ပွဲတွေကြောင့် အိုးအိမ်ရပ်ရွာစွန့်ခွာထွက်ပြေးရပြီး စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်က ခူမီးချင်းမျိုးနွယ်စု ၃ဝဝဝကျော်ရဲ့ နောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။
2019-07-31
တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ရန်ကုန်မြို့၊ မရမ်းကုန်းတရားရုံးမှာ ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရုံးထုတ်ခဲ့ပြီး နောက်ထပ်ရုံးချိန်းကိုတော့ လာမယ့် နှစ်ပတ်ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
2019-07-31
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ခန့်မှန်းတန်ဖိုး ကျပ်သန်းပေါင်း တစ်သောင်း ခြောက်ထောင် တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် မူးယစ်ဆေးဝါးထုတ်လုပ်တဲ့စခန်းတွေကို တပ်မတော်က ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
2019-07-31
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အုန်းတောနဲ့ ပြန်လှည့်ကျေးရွာကြား လျှပ်စစ်မီးကြိုး သွယ်တန်းတာကို ပြန်လှည့်ရွာသားတွေက တားဆီးခဲ့တာကြောင့် ဒေသခံကျေးရွားသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပဋိပက္ခဖြစ်ပြီး ပြန်လှည့်ကျေးရွားသား လေးဦး ရာဘာကျည်ထိမှန်ခဲ့ပါတယ်။
2019-07-31
မြန်မာအစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေအပါအဝင် သက်ဆိုင်တဲ့လုပ်ငန်းအားလုံးကို အရှိန်မြှင့်လုပ်ဆောင်ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို-ကိုနို က ပြောကြားလိုက်ပါတယ်။
2019-07-31
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ တပ်မတော်က ပစ်ခတ်လို့ ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရသွားတဲ့ INGO ဝန်ထမ်း ကိုရဲလင်းနိုင် ပတ်သက်လို့ အထူးစိုးရိမ်ကြောင်း သူ တာဝန်ထမ်းဆောင်နေတဲ့ Plan Myanmar အဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2019-07-31
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က AA နဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးထားတဲ့သူ နှစ်ဦးထဲက တစ်ဦး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
2019-07-31
ရက္ခိုင့်တပ်တော် AA နဲ့ ဆက်နွယ်တယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ အမှုရင်ဆိုင်နေရတဲ့ ရသေ့တောင်မြို့နယ်၊ ကြိမ်သာကျေးရွာသား နှစ်ဦးကို မြို့နယ်တရားရုံးက စွဲချက်မတင်ပဲ ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
2019-07-31
မြန်မာနိုင်ငံမှာ တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ကလေးစစ်သား စုဆောင်းတာတွေ တိုက်ပွဲတွေမှာ စစ်သားအဖြစ် အသုံးပြုတာတွေရှိနေတယ်လို့ ကုလသမဂ္ဂ ၂၀၁၈ ခုနှစ် ကလေးစစ်သား အသုံးပြုမှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
2019-07-30
ပုဂံက စေတီပုထိုးတွေကို ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်အဖြစ် လက်ခံလိုက်တာနဲ့ ပတ်သက်လို့ သီတဂူဆရာတော်ရဲ့ သဘောထားနဲ့ အခြားဆရာတော်တွေရဲ့သဘောထားတွေ ကွဲပြားနေပါတယ်။
2019-07-30
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့တွေရဲ့ ရုံးချိန်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာကြောင့် ပုဒ်မ နှစ်ခုနဲ့ တရားစွဲခံထားရတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်း အပါအဝင် ငါးယောက်ရဲ့အမှု ရုံးချိန်းကို ဒေါင်းတို့မျိုးဆက်အဖွဲ့ရုံးချိန်းနဲ့အတူ တစ်ရက်တည်း စစ်ပေးဖို့ ရှေ့နေဖြစ်သူက တရားရုံးမှာ ဒီကနေ့ တင်ပြခဲ့ပါတယ်။
2019-07-30
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အမှတ် ၁၁ ရပ်ကွက် Gold Luck Water Park လုပ်ငန်းရှင်က လုပ်အားခ မပေးလို့ဆိုပြီး အလုပ်သမား ၁ဝ ဦးလောက်က လားရှိုးမြို့တော်ခန်းမရှေ့မှာ ဒီကနေ့ မနက်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-07-30
လွှတ်တော်တွင်းမှာ တပ်မတော်သားပါဝင်မှုကို လက်ရှိ ၂၅ ရာခိုင်နှုန်းကနေ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်သင့်တယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ဒီနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။