သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-22
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ကလေးတွေကို သူတောင်းစားအဖြစ် တောင်းရမ်းခိုင်းနေတဲ့ ဂိုဏ်းတခုကိုဖမ်းမိခဲ့ပါတယ်။ တောင်းရမ်းခိုင်းသူတွေထဲမှာ မြန်မာလူမျိုးတွေလည်း ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
2019-07-22
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် တံတားဦးမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်တွေမှာ လူဦးရေ နှစ်သောင်း နီးပါး ရေဘေးဒဏ်ခံနေရပါတယ်။
2019-07-22
ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် ၂၆ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားမယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
2019-07-22
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လာမယ့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အတွက် သာမန်ငွေလုံးငွေရင်း စာရင်းမှာ ပြီးခဲတဲ့နှစ်ကထက် ငွေကျပ်ဘီလျံ ၁၁ဝဝ ကျော် ပိုမိုတောင်းခံထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောပါတယ်။
2019-07-22
ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်က မြို့နယ်ကိုးခုမှာ အင်တာနက်လိုင်းတွေ ပိတ်ထားတာကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2019-07-22
ရခိုင်ပြည်နယ်ထဲက တရုတ်နိုင်ငံရဲ့ One Belt One Road (OBOR) နဲ့ ဆက်စပ်နေတဲ့ စီးမံကိန်းတွေကို ကြိုဆိုကြောင်းနဲ့ ရခိုင်မှာ ဘက်စုံဖွံ့ဖြိုးရေးလာလုပ်ချင်တဲ့ မည်သည့်နိုင်ငံ မည်သည့်အဖွဲ့အစည်းနဲ့မဆို အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ AA က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2019-07-22
မန်မာနိုင်ငံက ဗုဒ္ဓဘာသာလောကမှာ အမျိုးသမီး၊ အမျိုးသားခွဲခြားဆက်ဆံမှုတွေရှိနေ ပြီး ဒါဟာ ဗုဒ္ဓအဆုံးအမနဲ့ သွေဖီနေတဲ့ယဉ်ကျေးမှုတွေပဲလို့ သီလရှင် ဒေါ်ကေတုမာလာ က ပြောပါတယ်။
2019-07-22
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ခေါင်းဆောင်တွေ အချင်းချင်းကြား ဆွေးနွေးပွဲကနေ သဘောတူညီချက်၊ တိုးတက်မှုတွေ ရနိုင်ကြောင်းနဲ့ ဒါကလည်း တာဝန်ရှိသူတွေရဲ့ ပြည်သူနဲ့ နိုင်ငံအပေါ်ထားတဲ့ စေတနာအပေါ်မှာ မူတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပြောလိုက်ပါတယ်။
2019-07-21
Zika ရောဂါဖြစ်ပွားသွားတဲ့နောက် ခြင်တွေကို နှိမ်နင်းနိုင်ဖို့ ကမ္ဘာက ကြိုးစားတဲ့အခါ ဓာတ်ရောင်ခြည်နဲ့ ခြင်ထီးတွေကို မြုံအောင်လုပ်ပြီး ခြင်ရိုင်းမတွေနဲ့ မိတ်လိုက်နည်းကို တီထွင်နိုင်ပြီး ရှေ့ပြေးစမ်းသပ်တာ အောင်မြင်သွားပါတယ်။
2019-07-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို မန္တလေးမြို့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းက ဦးဆောင်ပြီး ဒီကနေ့ ပြုလုပ်ပါတယ်။
2019-07-21
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံပွဲကို မန္တလေးမြို့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းက ဦးဆောင်ပြီး ဒီကနေ့နေ့လယ်ပိုင်းက ပြုလုပ်ပါတယ်။
2019-07-21
နိုင်ငံတကာမှာရှိတဲ့ ကရင်အဖွဲ့အစည်းတွေ စုပေါင်းပြီး ဆွီဒင်နိုင်ငံ Orebro မြို့မှာ ပြီးခဲတဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကြာ မြန်မာပြည်တွင်ဖြစ်နေတဲ့ လက်ရှိငြိမ်းချမ်းရေး အခြေအနေနဲ့ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကရင်တိုင်းရင်းသားတွေ ပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ပြုလုပ်ခဲ့ပါတယ်။
2019-07-21
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက ပေါက်တူးတောင်နဲ့ ရေခေါင်းချိန်ကျေးရွာတွေကို အစိုးရတပ်မတော်က ဝင်ရောက်နေရာယူထားတဲ့အတွက် ဒေသခံတွေစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။
2019-07-21
အမုန်းစကားပြန့်ပွားမှုတွေကြောင့် မြန်မာနိုင်ငံက မတူကွဲပြားတဲ့ ဘာသာဝင်တွေအကြား မကျေနပ်မှုတွေ တိုးပွားလာနေတယ်လို့ အမေရိကန်မှာကျင်းပတဲ့ ဘာသာရေးလွတ်လပ်ခွင့်ညီလာခံကို တက်ရောက်လာသူ သီလရှင် ဒေါ်ကေတုမာလာက ပြောပါတယ်။
2019-07-21
CA လက်မှတ်မထိုးရသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC၊ တပ်မတော်တို့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။