သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-20
7 July နေ့ အခမ်းအနား ကျင်းပခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေချက်ချင်း ပြန်လွှတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဗကသနဲ့ တကသ ကျောင်းသားတွေက ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-07-20
ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီးတောင် မြို့နယ် အကြားက မယူမြစ်အတွင်းမှာရှိတဲ့ အစိုးရတပ်မတော်ရဲ့ ရေယာဉ်တွေကို ရက္ခိုင့်တပ်တော် AA က မနေ့ကနဲ့ ဒီနေ့မနက်မှာ ဒုံးပစ်လောင်ချာတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
2019-07-20
ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ကူညီဖို့ စစ်တွေမြို့မှာ အလှူခံခဲ့တဲ့ ရခိုင်အလင်းတံခါး ကူညီစောက်ရှောက်ရေးအဖွဲ့က ဒုဥက္ကဋ္ဌ အပါအဝင် ရှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလှူခံလို့ဆိုပြီး ရဲတပ်ဖွဲ့က ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။
2019-07-20
၂ဝ၁၉ ဇူလိုင် ၂၀ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " လွှတ်တော်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-07-20
မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း ၁၄ခု အနက် အဆင်းရဲဆုံးပြည်နယ်ဖြစ်တဲ့ ချင်းပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေဆဲဖြစ်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်ဘွေလျန်မန်းက ပြောပါတယ်။
2019-07-19
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-အထူးဒေသဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ဒေသ ဖြစ်ပြီး၊ တရားမဝင် တောရိုင်းတိရစ္ဆာန်ဈေးကွက် ရှိတဲ့နေရာလို့လည်း လူသိများပါတယ်။
2019-07-19
လာမယ့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီ အရေအတွက်ဟာ ပြီးခဲ့တဲ့အကြိမ် ရွေးကောက်ပွဲထက် ပိုများလာမှာဖြစ်သလို၊ မဲပေးခွင့်ရှိသူ အရေအတွက်လည်း ငါးသန်းလောက် ပိုပြီး များလာပါလိမ့်မယ်။
2019-07-19
ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတအဆင့် တက်ရောက်ဂါရဝပြုတာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
2019-07-19
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ကို အသန့်ရှင်းဆုံးဖြစ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အရပ်ဖက်အဖွဲ့တွေ၊ ဌာနဆိုင်ရာတွေ၊ ရပ်ရွာလူထုတွေ ပူးပေါင်းပြီး သန့်ရှင်းသော မအူပင်ဖြစ်အောင် ကြိုးပမ်းနေကြပါတယ်။
2019-07-19
၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့ မန္တလာသီရီကွင်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-07-19
ပုဂံမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်တဲ့အတွက် ဝမ်းသာနေကြသူတွေရှိသလို စိုးရိမ်သူတွေလဲရှိနေပါတယ်။ ဘယ်သူတွေက စိုးရိမ်နေကြတာလဲ။ ဘာကြောင့် စိုးရိမ်နေကြတာပါလဲ ...။
2019-07-19
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ တပ်မတော်တို့ မနေ့က နေပြည်တော် တိုင်းစစ်ဌာနချုပ်မှာ တွေ့ဆုံရာမှာ ကယားပြည်နယ်အတွင်း တပ်မတော်ဘက်က တပ်စခန်းအသစ်တွေတိုးချဲ့နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
2019-07-19
AA ရက္ခိုင့်တပ်တော်ကို ပံ့ပိုးကူညီနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်လူငယ် ခြောက်ဦးကို မြန်မာအစိုးရက ဖမ်းဆီးထားပေမယ့် တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိတဲ့အတွက် မိသားစုဘက်က အဆက်အသွယ်မရဖြစ်နေတာကြောင့် အမြန်ဆုံး သတင်းထုတ်ပြန်ပေးဖို့ မိသားစုဝင်တွေနဲ့ ရခိုင်အမျိုးသားပါတီက တောင်းဆိုလိုက်ပါတယ်။
2019-07-19
ဒီနေ့ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်မှာပြုလုပ်ခဲ့ရာ နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတော်သမ္မတအဆင့် တက်ရောက်ဂါရဝပြုခဲ့ပါတယ်။
2019-07-19
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေကို ဒီထက်ပိုပြီး အနီးစပ်ဆုံး တင်ပြသင့်တယ်လို့ အာဏာရ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။