သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-06
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ တရုတ်ပြည်ခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ် မြန်မြန်ဆန်ဆန်ပြန်နိုင်ရေး ဖြေရှင်းဆောင်ရွက်ဖို့ တရုတ်သမ္မတ၊ ဝန်ကြီးချုပ်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေက သဘောထားရှိကြောင်း ပြောကြားခဲ့ပါတယ်။
2019-07-05
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို အာဏာသိမ်း စစ်အစိုးရက အကြမ်းဖက်ချေမှုန်းလို့ အမြောက်အမြား သေဆုံးခဲ့ရမှုအတွက် အမှတ်တရအခမ်းအနားကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခမ်းမမှာ သောကြာနေ့ မနေ့က ကျင်းပခဲ့ပါတယ်။
2019-07-05
မြန်မာ့တပ်မတော်ရဲ့အပစ်ရပ်ကြေညာတဲ့ဒေသထဲမှာ ရခိုင်ပြည်နယ်တည်ရှိတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ထည့်သွင်းပေးဖို့နဲ့ AA အဖွဲ့နဲ့ပတ်သက်တယ်ဆိုတဲ့ သံသယတွေနဲ့ဖမ်းဆီး စစ်ဆေးတဲ့အခါ နှိပ်စက်ညှဉ်းပန်းတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကိုရပ်ပြီး နှိပ်စက်သူတွေကို အရေးယူဖို့ လိုအပ်တယ်လို့ ANP ရခိုင်အမျိုးသားပါတီကတောင်းဆိုလိုက်ပါတယ်။
2019-07-05
အခုနောက်ပိုင်း မြန်မာနိုင်ငံကို အများအပြား လာပြီးလည်ပတ်နေကြတဲ့ တရုတ်ခရီးသွားတွေထဲမှာ စည်းကမ်းမဲ့ သွားလာနေထိုင်မှုတွေ ရှိနေပါတယ်။
2019-07-05
မိုင်းလားအထူးဒေသ ၄ ဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြန်မာနယ်နိမိတ်ထဲက အစိတ်အပိုင်းတခုပါ။ ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ မိုင်းလားဟာ တခြားတိုင်းရင်းသားဒေသတွေထက် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဒေသလည်း ဖြစ်ပါတယ်။
2019-07-05
လူထုရဲ့တခဲနက်ထောက်ခံမှုကို ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပြောင်းအလဲကို လုပ်ဖို့ စစ်တပ်ကို စိုးရိမ်နေ စရာမလိုဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီက ပြောလိုက်ပါတယ်။
2019-07-05
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ လူပေါင်း ၂၆ဝဝ ကျော် မှီခိုနေတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို အစိုးရက တရားဝင် အသိအမှတ် ပြုလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် အခုထိ ဖြစ်မလာပါဘူး။
2019-07-05
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာလည်း ရောက်နိုင်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောလိုက်ပါတယ်။
2019-07-05
ပြည်တွင်းငြိမ်းချမ်ရေးနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ တပ်မတော်တို့က RCSS၊ KNPP၊ KNU တို့ကို ရန်ကုန်နဲ့ နေပြည်တော်မှာ ခေါ်ယူတွေဖို့ ရှိတဲ့အကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2019-07-05
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရကအင်တာနက်ပိတ်ပြီး ၁၅ ရက်အကြာ ဒီကနေ့မှာ မြန်မာ့တပ်မတော်က ရသေ့တောင်မြို့နယ် အမြက်တောင်ရွာကို နယ်မြေရှင်းလင်းရေးဝင်လုပ်ရင်း ရွာကိုမီးရှို့သွားတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။
2019-07-05
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က တရုတ်နိုင်ငံ မှာရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကတိပေးလိုက်ပါတယ်။
2019-07-05
အပတ်စဉ် သောကြာနေ့တိုင်း RFA မြန်မာပိုင်းက ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ် ဖြစ်ပါတယ်။
2019-07-05
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် စင်္ဘောကိုင်းကျေးရွာမှာရှိတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေး စခန်းဟာ မြစ်ညာရေပြည့်လျှံလာတာကြောင့် ကုန်းပေါ်ကိုအရေးပေါ်နေရာပြောင်းရွှေ့နေရပါတယ်။
2019-07-05
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလို လတွေက နိုင်ငံရေးအရ လှုပ်ရှားခဲ့ဖူးတဲ့ကာလတွေဖြစ်လို့ အားလံုံးညီညွတ်ကြဖို့ လိုတယ်လို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောလိုက်ပါတယ်။
2019-07-05
လက်ရှိအစိုးရအနေနဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ မခေါ်တဲ့ကိစ္စအပါအဝင် ကဏ္ဍတော်တော်များများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၂၃ ပါတီက ကြေညာချက်ထုတ်ပြန်ပြီး သတင်းစာရှင်းလင်းပွဲပြလုပ်ခဲ့ပါတယ်။