သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-03
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသမှာ ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးကိစ္စကို ကန့်ကွက်ကြောင်း ဒေသခံရွာသူ၊ ရွာသားတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဒီနေ့ တင်ပြလိုက်ပါတယ်။
2019-07-03
တစ်နှစ်ထက်တစ်နှစ် လူဦးရေးတိုးပွားလာနေတဲ့ ရန်ကုန်မြို့မှာ မြို့နေလူထု စိတ်လက်အပန်းဖြေစရာ ပန်းခြံနဲ့ အားကစားကွင်းတွေကတော့ တဖြည်းဖြည်း နည်းပါးလာနေပါတယ်။
2019-07-03
ရိုဟင်ဂျာတွေ ပြန်လက်ခံရေးနဲ့ပတ်သက်လို့ တိုးတက်မှုမတွေ့ရဘဲ မြန်မာဘက်က အရမ်းနှောင့်နှေးနေပြီး၊ အရေးတယူလုပ်ကိုင် ဆောင်ရွက်တာ မတွေ့ရဘူးဆိုရင် "အချက်ပေး သံချောင်း ခေါက်ရလိမ့်မယ်" လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ခရစ္စတင်းဘာဂနာ က ပြောလိုက်ပါတယ်။
2019-07-02
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေ နဲ့ နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းတို့ကို အွန်လိုင်းမီဒီယာတခုမှာ ဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံသားများရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ကာကွယ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၁ဝ နဲ့ သူရဦးရွှေမန်းနဲ့ နီးစပ်သူက တရားစွဲဆိုလိုက်ပါတယ်။
2019-07-02
လမ်းတံတားဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေး ရွာက ဒေသခံ လေးယောက်ကို မြို့နယ်တရားရုံးက ဒီနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁၄ လ စီ အမိန့်ချလိုက်ပါတယ်။
2019-07-02
ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဝန်းရံရင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် တရားစွဲဆိုခံရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်း၊ ဝန်းရံသူ ဦးမြင့်ဇော်နဲ့ မခင်ချိုနိုင်တို့ကို ဒီနေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။
2019-07-02
Myanmar Now သတင်းဌာနက အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ ဦးဝီရသူရဲ့ တပည့်ဖြစ်သူ ကိုကျော်မျိုးရွှေက စွဲဆိုထားတဲ့အမှုကို ဒီနေ့ မဟာအောင်မြေတရားရုံးက ကိုဆွေဝင်းကို စွဲချက်မတင်ပဲ အမှုပိတ်သိမ်းလိုက်ပါတယ်။
2019-07-02
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်လိုတဲ့ မြန်မာ ဒုက္ခသည်တွေကို နှစ်နိုင်ငံအစိုးရ ပူးပေါင်းပြီး ဇူလိုင် ၁ ရက်နေ့ မနေ့ကစပြီး ၃ ရက်နေ့အထိ နေရပ်ပြန်လည် ပို့ဆောင်ပေးနေပါတယ်။ ကမ္ဘာကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးရုံး UNHCR ကတော့ ဒုက္ခသည် ၃၀၀ ကျော်လောက် ဒီတပတ်အတွင်း ပြန်လည်ပို့ဆောင်ဖို့ရှိတယ်လို့ ကြေညာထားပါတယ်။
2019-07-02
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဟာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် စစ်တွေဆေးရုံကြီးမှာ မနေ့ညနေက သေဆုံးခဲ့ပါတယ်။
2019-07-02
လမ်းတံတားဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေး ရွာက ဒေသခံ လေးယောက်ကို မြို့နယ်တရားရုံးက ဒီနေ့ အလုပ်နဲ့ ထောင်ဒဏ် ၁၄ လ စီ အမိန့်ချလိုက်ပါတယ်။
2019-07-02
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်း ကို မဟာအောင်မြေမြို့နယ်တရားရုံးက စွဲချက်မတင်ဘဲ အမှုပိတ်သိမ်းပြီး ဒီနေ့ လွှတ်ပေးလိုက်ပါတယ်။
2019-07-02
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှာရှိတဲ့ မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ သီလဝါ အထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ဆောင်ဖို့ ပြောင်းရွှေ့ပေးခဲ့ရတဲ့ အိမ်ထောင်စု ၇၀ နီးပါးဟာ အလုပ်အကိုင်မရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
2019-07-02
မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ကင်ဆာရောဂါဖြစ်ပွားသူ ခုနှစ်သောင်းလောက်ရှိပြီး ငါးသောင်းကျော် သေဆုံးခဲ့ပါတယ်။
2019-07-01
ပုဏ္ဏားကျွန်းမြို့နယ် ပိုးရှီပြင်ရွာသား ဦးနိုင်ဦးမောင်က အင်တာနက်လိုင်း ပိတ်ထားတာကြောင့် အခက်အခဲဖြစ်နေကြောင်း ပြောပါတယ်။
2019-07-01
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုဖို့ မြန်မာအစိုးရက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က ပြောပါတယ်။