သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-23
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လ ၁၅ ရက်နေ့ကစပြီး ဖြစ်ပွားနေတဲ့ တိုင်းရင်းသားမဟာမိတ် ၃ ဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြားက တိုက်ပွဲတွေဟာ တနေ့ထက်တနေ့ ပိုပြီး ပြင်းထန်လာနေပါတယ်။
2019-08-23
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အခုနောက်ပိုင်း တရုတ်နိုင်ငံဘက်က တင်းကျပ်မှုတွေ ရှိလာတဲ့ အတွက် မြန်မာကုန်သည်တွေ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေ ကြုံနေရပါတယ်။
2019-08-23
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ထဲက ကျေးရွာတွေအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ထောင်ပေါင်းများစွာသော စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးနေကြရပါတယ်။
2019-08-23
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2019-08-23
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မငြိမ်းချမ်းသေးတဲ့ ရခိုင်၊ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့ စဉ်းစားစေချင်တယ်လို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ တိုင်းရင်းသား ပါတီတချို့က တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
2019-08-23
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်က လေယာဉ်သုံးတိုက်ခိုက်နေသလို ဒီနေ့မနက်က ရသေ့တောင်မြို့အနီးမှာ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရပါတယ်။
2019-08-23
သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ၅ ခုကို TNLA က တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်ဟာ အကြမ်းဖက်ရုံမက လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တပ်မတော်က ဒီကနေ့ ပြစ်တင်စွပ်စွဲလိုက်ပါတယ်။
2019-08-23
ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ၈ ယောက်ကို ဒီနေ့ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2019-08-23
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဒေါက်တာမောင်သင်း တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီကနေ့ လွှတ်တော် ကိုယ်စားလှယ် ၁၇ ဦးက ဆွေးနွေးခဲ့ကြပါတယ်။
2019-08-23
ရက္ခိုင့်တပ်တော် AA ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီ ကိုအောင်မြတ်ကျော် အပါအဝင် ရှစ်ယောက်ကို ဒီနေ့ ရန်ကုန်အနောက် ပိုင်းခရိုင် တရားရုံးမှာ ၃ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2019-08-22
အခုတစ်ပတ် "နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ် မှာတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို "မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း" က ရေကြီးမှု၊ တောင်ပြို၊ မြေပြိုမှုတွေနဲ့ ပတ်သက်ပြီး၊ RFA ဝိုင်းတော်သူ မအေးအေးမွန် က သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
2019-08-22
ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တုံ့ဆိုင်းနေကြတဲ့အပေါ် စိတ်မကောင်းဖြစ်ရကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီး အဘူမိုမင် က ပြောပါတယ်။
2019-08-22
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပါအဝင်၊ တိုင်းရင်းသားဒေသတွေမှာ မြန်မာလုံခြုံရေးတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ဖြစ်ရပ်တွေအတွက် တရားမျှတမှုရဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အစီရင်ခံစာထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။
2019-08-22
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်နဲ့ သိန္နီမြို့နယ်အကြား တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သြဂုတ်လ ၁၇ ရက်နေ့က စတင်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
2019-08-22
ရှမ်းပြည်နယ် မြောက်ပိုင်းတိုက်ပွဲတွေကြားထဲ ပိတ်မိနေတဲ့ အမေရိကန်နိုင်ငံသား ကိုးဦး အပါအဝင် နိုင်ငံခြားသား ၂၈ ဦးကို ကွတ်ခိုင်ကနေ တပ်မတော်က ရန်ကုန်မြို့ကို ဒီနေ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။