သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-21
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တိုက်ပွဲ ဟာ တရက်ကို ၁ဝ နေရာလောက်မှာဖြစ်နေပြီး၊ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိနေတယ်လို့ မဟာမိတ်သုံးဖွဲ့က သြဂုတ်လ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2019-08-21
နယ်စပ်ဒေသက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် တရုတ်နိုင်ငံက သြဇာလွှမ်းမိုးနိုင်တယ်လို့ ယူဆတဲ့အတွက် တရုတ်ကသာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုနိုင်မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောလိုက်ပါတယ်။
2019-08-21
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းရွာမှာရှိတဲ့ မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်ကို သြဂုတ် ၂၀ ရက် မနေ့ည ၈ နာရီမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ဇနီးဖြစ်သူ သေဆုံးခဲ့ပါတယ်။
2019-08-21
ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် သီလဝါဒေသမှာ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ ဒေသခံလယ်သမားတွေဟာ လူ့အခွင့်အရေး နစ်နာဆုံးရှုံးတာတွေရှိနေတယ်လို့ သီလဝါဒေသခံတွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-08-21
တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ တူညီတဲ့ ဘုံသဘောထားရယူပြီး အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
2019-08-21
ရှမ်း၊ ကချင်၊ ကရင်၊ ကယားနဲ့ မွန်ပြည်နယ်တို့က ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ သူတို့ပိုင် မြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုလိုက်ပါတယ်။
2019-08-21
ရန်ကုန်တိုင်း ကျောက်တန်းနဲ့ သန်လျင်မြို့နယ်မှာရှိတဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ သီလဝါဆိပ်ကမ်း စီမံကိန်းကြောင့် မြေယာသိမ်းဆည်းခံရတဲ့ လယ်သမားတွေက သူတို့ဟာ ကျူးကျော်တွေ မဟုတ်ဘူးလို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
2019-08-21
ရခိုင်ပြည်နယ် ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အကြား ပက်ခွက်ဆိပ်ကျေးရွာနဲ့ ပြိုင်းတောကျေးရွာတွေ အနီးမှာ ရဲတပ်ဖွဲ့ယာဉ်တန်းကို AA အဖွဲ့က မနေ့က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ ရဲအရာရှိတစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ကျဆုံးပြီး နောက်ထပ် ရဲတပ်ဖွဲ့ဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ဒီနေ့ဖော်ပြပါတယ်။
2019-08-21
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တရုတ်နိုင်ငံက သြဇာလွှမ်းမိုးနိုင်တယ်လို့ ယူဆတဲ့အတွက် တရုတ်ကသာ တင်းတင်းကျပ်ကျပ် ထိန်းချုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် အများကြီး အထောက်အကူပြုမှာ ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်ထူးက ပြောလိုက်ပါတယ်။
2019-08-21
နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် လေးဦးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ တပ်မတော်က ထပ်မံတရားစွဲဆိုလိုက်ပါတယ်။
2019-08-21
ရှမ်း၊ ကချင်၊ ကရင်၊ ကယားနဲ့ မွန်ပြည်နယ်တို့က ပြည်တွင်း နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်သူတွေအနေနဲ့ သူတို့ပိုင် မြေတွေ ပြန်လည်ရရှိဖို့ တောင်းဆိုလိုက်ပါတယ်။
2019-08-21
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တူညီတဲ့ ဘုံသဘောထား ရယူပြီး အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ နဲ့ တွေ့ဆုံသွားမယ်လို့ ချင်းမိုင်မြို့မှာ စတင်ကျင်းပတဲ့ PPST အစည်းအဝေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။
2019-08-21
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေ မှီခိုနေတဲ့ တိမ်ညို၊ ပီပင်ရင်း၊ တင်းထိန်ကန်၊ ရွာသစ်ကေ စတဲ့ စခန်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က အခုလအတွက် ဆန်ရိက္ခာတွေထောက်ပံ့တာကို ရပ်ဆိုင်းလိုက်တယ်လို့ စခန်းတာဝန်ခံတွေက ပြောကြပါတယ်။
2019-08-21
အဝေးသင် တက်ရောက်ချိန် လစာဖြတ်တောက်တာကို ရပ်တန့်ပေးဖို့ဆိုတဲ့ အချက်အပါအဝင် တောင်းဆိုချက် သုံးချက်ကို ဒီမနက် မြစ်ကြီးနား ပညာရေးကောလိပ်မှာ ကျောင်းသားတွေက ဖဲကြိုးစိမ်းလှုပ်ရှားမှုအနေနဲ့ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2019-08-21
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာမှာရှိတဲ့ မိုင်းယန်း ပြည်သူ့စစ်ခေါင်းဆောင်အိမ်ကို မနေ့ညက လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တာကြောင့် ပြည်သူ့စစ်ခေါင်းဆောင် ဦးဝင်းမောင်နဲ့ ဇနီး သေဆုံးခဲ့ပါတယ်။