သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-06
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကစတင်ပြီး အခုအချိန်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းဖြတ်နဲ့ တာချီလိတ်မြို့နယ်တွေမှာ ဝက်တွေအမြောက်အများ ကူးစက်ရောဂါဖြစ်ပွားပြီး သေဆုံးနေပါတယ်။
2019-08-06
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ကျောင်းဆရာတစ်ဦးကို မသင်္ကာလို့ဆိုပြီး တပ်မတော်က မနေ့က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
2019-08-05
နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ စပြီး ရက်အနည်းငယ်အကြာမှာ ပြည်တွင်း ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်း ၄၅ ခုက တပ်မတော်ကို ဒေါ်လာ ၁ဝ သန်းကျော် အလှူငွေပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
2019-08-05
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ IACA ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ အဂတိလိုက်စားမှု ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2019-08-05
မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခွင့်ပိတ်ဖို့ အပါအဝင် တပ်မတော်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး ကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးမစ်ရှင်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2019-08-05
၅၇ နှစ်မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ လမ်းလျှောက်ချီတက်အပြီး ငြိမ်းစုစီပုဒ်မ (၁၉) နဲ့ အမှုဖွင့်ခံထားရတဲ့သူ ရှစ်ဦးကို ပြန်လွှတ်ပေးဖို့ စစ်ကိုင်းမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။
2019-08-05
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ဒီလဆန်းက စပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ငါးထောင်ခန့် ရှိနေသလို တိုက်ပွဲကြား ပိတ်မိနေ တဲ့ ရွာ ၁၀ ရွာခန့် ရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2019-08-05
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကယ်ဒမီ IACA ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်မှာ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ် ပါဝင် လက်မှတ် ရေးထိုးရေးကိစ္စကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2019-08-05
ဆဲဗင်းဇူလိုင်အထိမ်းအမှတ်နဲ့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အဦး ဟောင်းနေရာအထိ လမ်းလျှောက်ချီတက်ခဲ့ကြတဲ့ ရန်ကုန်က ကျောင်းသားတွေကို တရားစွဲ အရေးယူထားတာ လွှတ်ပေးဖို့ စစ်ကိုင်းမြို့မှာ ဒီကနေ့ ဆန္ဒထုတ်ဖော်ကြပါတယ်။
2019-08-05
ရာသီတုပ်ကွေး H1N1 နဲ့ သေဆုံးသူ ၈၇ ဦး အထိရှိသွားပြီဖြစ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက မနေ့ညနေပိုင်းက ထုတ်ပြန်ပါတယ်။
2019-08-05
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-တာမိုးညဲ ကားလမ်းပေါ်က မောဟန်ကျေးရွာအနီးမှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ခရီးသွားတွေ ပိတ်မိခဲ့ပါတယ်။
2019-08-05
မြန်မာနိုင်ငံကို ခရီးသွားကြတဲ့ ထိုင်ဝမ်နိုင်ငံသားတွေအနေနဲ့ ဆင်တုပ်ကွေးနဲ့ ဇီကာဗိုင်းရပ် ကူးစက်မယ့်အန္တရာယ်ကို သတိထားကြဖို့ ထိုင်ဝမ် ကျန်းမာရေးဌာန ကူစက်ရောဂါ ထိန်းချုပ်ရေးဌာန CDC က အဆင့်မြင့် သတိပေးချက်ထုတ်ပြန်လိုက်တယ်လို့ ဒီကနေ့ တိုင်ပေတိုင်းစ် သတင်းစာက ရေးသားလိုက်ပါတယ်။
2019-08-04
အခြေခံဥပဒေပြင်ဆင်ရေးဟာ လွှတ်တော်ထဲက ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပူးပေါင်းညှိနှိုင်းမှုက အရေးကြီးတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်က သူရဲ့အိမ်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-08-04
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု နောင်ကန်ရွာဟောင်းအနီးမှာ ဒီနေ့နေ့လယ် တစ်နာရီလောက်က တောင်ယာထဲသွားတဲ့ မန်စံရွာသားတစ်ဦး မိုင်းနင်းမိတာကြောင့် လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
2019-08-04
တရုတ်နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ မှောင်ခိုသွင်းနေတာဟာ မြန်မာနိုင်ငံဘက် အခြမ်းကဖြစ်ပြီး တားဆီးနှိမ်နင်းကြဖို့အတွက် ယူနန်ပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။