သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-08-04
အစိုးရအဖွဲ့ခေါင်းဆောင်တွေအနေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူတာတွေလုပ်အောင် ဆောင်ရွက်နေကြောင်း တပ်မတော် ထောက်ခံပွဲတွေမှာ ဦးဆောင်ဟောပြောနေတဲ့ ဘူးလက် ဦးလှဆွေက စွပ်စွဲပြောဆိုလိုက်ပါတယ်။
2019-08-04
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် စိစစ်ရွေးချယ်ရေးမှာ ပြည်ထဲရေးဝန်ကြီးနဲ့ အမျိုးသမီးရေးရာအဖွဲ့ချုပ် ကိုယ်စားလှယ်တို့ကို ဖယ်ရှားပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၂၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
2019-08-04
အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီရဲ့ ရပ်တည်ချက်က ဘာတွေလဲ၊ လက်ရှိနိုင်ငံရေးအခြေအနေတွေအပေါ် ဒီပါတီရဲ့အမြင်နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေအကြောင်း သိနိုင်ဖို့အတွက် ဦးစိုးမောင်ကို RFA က တွေ့ဆုံမေးမြန်းထားပါတယ်။
2019-08-04
Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ ဒီနှစ်အတွက် ရာမွန်မက်ဆေးဆေးဆုရှင် ငါးဦးထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
2019-08-03
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ညနေပိုင်းကစတင်ပြီး သောင်းရင်းမြစ်ရေတက်လာတာကြောင့် အနိမ့်ပိုင်းရပ်ကွက်မှာရှိတဲ့ နေအိမ်တွေက လူလေးရာကျော် ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။
2019-08-03
သမ္မတရုံးရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲကို မနေ့က သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲကျင်းပတဲ့ ခန်းမဆောင်မှာကျင်းပခဲ့ပြီး AA ကို ထောက်ပံ့တယ် ဆိုပြီး ဖမ်းဆီးခံထားရသူတွေကိစ္စ၊ ရခိုင်ပြည်နယ် ကနေ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးသွားသူတွေ ပြန်လက်ခံမယ့် အစီအစဉ်တွေကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပါတယ်။
2019-08-03
ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အတွက် ရက္ခိုင့်တပ်တော်ကို ဝင်လာတာလို့ဆိုသူ ဗိုလ်မှူးအောင်မြင့်စိုးဟာ စစ်တက္ကသိုလ်ဗိုလ်လောင်းအမှတ်စဉ် ၄၇ ကျောင်းဆင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်ပိုင်အမှတ်က ကြည်း ၄၀၇၉၉ ဖြစ်တယ်လို့ ပြောပါတယ်။
2019-08-03
ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့ ညနေပိုင်းကစပြီး သောင်းရင်းမြစ်ရေတက်နေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေက လူ ၄၀၀ နီးပါးကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းထားရပါတယ်။
2019-08-03
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ပြန်လှည့်ကျေးရွာမှာ ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို နှစ်ဘက်လုံးက မေ့ပျောက်ပြီး ပြစ်တင်အရေးယူတာတွေမလုပ်ဖို့ ပြန်လှည့်ကျေးရွာမှာ ဒေသခံတွေနဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2019-08-03
ရပ်တန့်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဘဝတူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP က ကြေညာချက်ထုတ်လိုက်ပါတယ်။
2019-08-03
ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ကျောက်တော်၊ မြောက်ဦးနဲ့ ပလက်ဝမြို့နယ်တွေမှာ သြဂုတ်လ ၂ ရက်နေ့ မနေ့က အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်က သေဆုံးမှုတွေရှိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။
2019-08-03
၂ဝ၁၉ သြဂုတ် ၃ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ဓမ္မစက် အာဏာစက်နဲ့ မြန်မာ့နိုင်ငံရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-08-03
ကက်သလစ် ဘုန်းတော်ကြီး ချားလ်မောင်ဘို ဦးဆောင်တဲ့ ရိုမန်ကက်သလစ် သာသနာပိုင် ချုပ်ဆရာတော် သုံးပါး ပါဝင်တဲ့အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့တယ်လို့ ကက်သလစ်သတင်းဌာန Crux က မနေ့က ရေးသားလိုက်ပါတယ်။
2019-08-02
မြစ်ချောင်းတွေကို အမှီပြုပြီး စိုက်ပျိုးလုပ်ကိုင်ကြရတဲ့ တောင်သူတွေအတွက် မြစ်ရေကျပြီးရင် ဖြစ်ပေါ်လာတတ်တဲ့ မြေနုကျွန်းတွေဟာ မြေဆီမြေနှစ် အင်မတန်ကောင်းမွန်ပြီး တန်ဖိုးရှိတာကြောင့် နှစ်စဉ်နှစ်တိုင်းဆိုသလို မြေနုကျွန်းခွဲဝေမှု ပြဿနာတွေ၊ လုယက်မှုတွေ ဖြစ်တတ်ပါတယ်။
2019-08-02
အာရှတိုက်ရဲ့နိုဗယ်ဆုလို့ တင်စားခေါ်ဝေါ်တဲ့ ရာမွန်မက်ဆေးဆေးဆု ကို ဒီနှစ်အတွက် မြန်မာနိုင်ငံက Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းကို ချီးမြှင့်လိုက်ပါတယ်။