သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-04
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာက ဒေသခံနှစ်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ် ရဲကင်းစခန်းက ဒုတိယရဲအုပ်တစ်ဦးတို့ စက်တင်ဘာ ၁ ရက်နေ့က သတ်ဖြတ်ခံရခြင်းဟာ AA အမာခံတွေရဲ့ လက်ချက်ဖြစ်တယ်လို့ တပ်မတော်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
2019-09-04
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ရွာအကျော် ကျေးလက်ကျန်းမာရေးဆေး ခန်းရှေ့မှာ မနေ့ညနေ ခြောက်နာရီကျော်လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက မော်တော်ယာဉ် တချို့ကို တားမြစ်ပြီး မီးရှို့ခဲ့ပါတယ်။
2019-09-04
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်း တင်သွင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ၄၅ ဦးပါဝင်တဲ့ ပူးပေါင်းကော်မတီမှာ ထည့်သွင်းဆွေးနွေးဖို့ ပြည်ထောင်စုလွှတ်တော်က ဒီနေ့ဆုံးဖြတ်လိုက်ပါတယ်။
2019-09-04
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့မှာ ဒုတိယအကြိမ် မြစ်ရေကြီးတာကြောင့် စာသင်ကျောင်း ၂၀ နီးပါး ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံး စာရင်းတွေအရ သိရပါတယ်။
2019-09-04
တပ်မတော် ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ ထိုင်းနိုင်ငံမှာ သေဒဏ် ချမှတ်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦးကို စက်တင်ဘာလ ၃ ရက်နေ့ မနေ့က ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2019-09-03
ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ မြန်မာ့တပ်မတော်က လူတွေကိုဖမ်းပြီး AA အဖွဲ့နဲ့ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကိုဝန်ခံအောင် အဆက်အသွယ်ဖြတ်၊ နှိပ်စက်ညှဉ်းပန်းနေတာတွေအတွက် အထူးစိုးရိမ်မကင်းဖြစ်ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မနေ့က ပြောလိုက်ပါတယ်။
2019-09-03
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တောင်ကိုးရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး မြှင့်တင်ဖို့ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။
2019-09-03
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦး ကော်မတီကနေ ရခိုင်အမျိုးသားပါတီဝင် ကိုယ်စားလှယ်နှစ်ဦး ဒီနေ့ နုတ်ထွက်စာတင်လိုက်ကြပါတယ်။
2019-09-03
ကွတ်ခိုင်မြို့အထွက်မှာ စက်တင်ဘာလ နှစ်ရက်နေ့ မနေ့ညနေပိုင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ ဒေသခံတွေ ရာနဲ့ချီပြီး တိမ်းရှောင်ခဲ့ကြရပါတယ်။
2019-09-03
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကော်မတီဝင်အဖြစ်ကနေ နုတ်ထွက်စာ ဒီနေ့တင်လိုက်ပါတယ်။
2019-09-03
တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေပြည်တော်ဆွေးနွေးပွဲမှာ နှစ်နိုင်ငံစီးပွားရေးမြှင့်တင်နိုင်ဖို့ ဦးစားပေးဆွေးနွေးပြီးတော့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
2019-09-03
ပြည်တွင်းစစ်တွေ အမြန်ဆုံးချုပ်ငြိမ်းနိုင်ဖို့အတွက် တစ်ဖက်သတ် ထိုးစစ်ဆင်တာတွေကို မပြုလုပ်တော့ဘူးလို့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
2019-09-03
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ မနေ့ညပိုင်းက လေပြင်းတိုက်ခတ်တာကြောင့် လူနေအိမ်ငါးရာကျော်နဲ့ စာသင်ကျောင်း လေးကျောင်း အမိုးလန်ပြီး ပျက်စီးသွားတယ်လို့ သိရပါတယ်။
2019-09-03
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်အတွင်းက ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို Sim Card တွေ မရောင်းဖို့နဲ့ စခန်းတွေအတွင်း မိုဘိုင်းဖုန်း အသုံးပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပိတ်လိုက်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဆက်သွယ်ရေးကုမ္ပဏီတွေကို မနေ့ကညွန်ကြားလိုက်ပါတယ်။
2019-09-03
ကွတ်ခိုင်မြို့နယ် မော်ဟစ်စုစည်းရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ လူငါးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တာဟာ မြောက်ပိုင်းသုံးဖွဲ့ရဲ့ လက်ချက်လို့စွပ်စွဲပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။