သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-24
ဒီတပတ်မှာတော့ ရန်ကုန်၊ တောင်ငူ၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့က ဖုန်းနဲ့ ဆက်သွယ်ပြောလာတာ၊ စာနဲ့ ရေးသားပေးပို့လာတာတွေကို RFA သတင်းထောက် မဖြူဖြူခိုင် က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
2020-12-24
အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာ အဲဒီဒေသအတွက် ဒီဂျစ်တယ်အခွင့် အရေးချိုးဖောက်ခံနေရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်တွေအတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့က မနေ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2020-12-24
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး မဟာချိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၃၀၀ ကျော်အထိ ရှိလာပြီး သူတို့ကို ဆေးကုသပေးဖို့ ထိုင်းအစိုးရက အားကစားကွင်းမှာ ယာယီဆေးရုံ ဆောက်လုပ်ပေးနေတယ်လို့ အလုပ်သမားအရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။
2020-12-24
မကြာသေးခင်က ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘော၊ ရေတပ်က တပ်ဆင်ထုတ်လုပ်တဲ့ တိုက်ခိုက်ရေး သင်္ဘော ၆ စီးတို့ တပ်တော်ဝင်ခြင်းနဲ့ ၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၂၄ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ အမှတ် ၃ ရေတပ်ဆိပ်ခံတံတား (သီလဝါ)မှာ ပြုလုပ်ခဲ့ပါတယ်။
2020-12-24
ယနေ့နိုင်ငံရေး အစီအစဥ်မှာ "အစိုးရသက်တမ်း ငါးနှစ်အပေါ်သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
2020-12-24
ယနေ့နိုင်ငံရေး အစီအစဥ်မှာ "အစိုးရသက်တမ်း ငါးနှစ်အပေါ်သုံးသပ်ခြင်း" ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။ ဒီ
2020-12-23
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံအတွင်း စစ်မက်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေထိုင်ရသူတွေ နေရပ်ပြန်ရေး ဆောင်ရွက်နေပုံနဲ့ စစ်မက်ပဋိပက္ခ ဖြစ်ပွားရာ ဒေသတွေက ပြည်သူ ၉ သိန်းခွဲခန့်ကို ကူညီဖို့ လိုအပ်နေပုံတွေကို ဖော်ပြထားပါတယ်။
2020-12-23
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ တစ်ကြိမ်ထက်ပိုပြီး မဲပေးခဲ့တဲ့ (၃၄၇၁၀) မဲ ရှိခဲ့ပြီး၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း (၃၉၅၉၆) မဲ ရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2020-12-23
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ခန့်အပ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်လက်ထက်မှာ နိုင်ငံရေးရာထူးရှိသူနှစ်ဦး အပါအဝင် အစိုးရအရာရှိတွေ၊ အရာထမ်းတွေစုစုပေါင်း ၁၅၆ယောက်ကို အရေးယူခဲ့ပါတယ်။
2020-12-23
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ မြန်မာနိုင်ငံသား အယောက် တစ်ထောင်နီးပါးရှိနေပါပြီ။ ကပ်ရောဂါပိုးကူးစက်မှုတွေ မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအချို့ ခွဲခြားဆက်ဆံ ခံရတာတွေရှိလာနေပါတယ်။
2020-12-23
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန်လည်ပြန့်ပွားလာတာဟာ တရားမဝင်အလုပ်သမားတွေကြောင့်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ အပြစ်တင်ပြောဆိုလိုက်ပါတယ်။
2020-12-23
သမ္မတရုံး ဝန်ထမ်း ရှစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းထောက်တွေကို ဒီကနေ့ အတည်ပြုပြောလိုက်ပါတယ်။
2020-12-23
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာက ရွာသား ၁၈ ဦး ပျောက်ဆုံးနေတဲ့ကိစ္စမှာ တပ်မတော်က ဖမ်းဆီးထားခြင်းမရှိဘူးဆိုတဲ့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က တုံ့ပြန်ချက်ကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ယုံကြည်တဲ့အတွက် သီးခြားအနေနဲ့ ကွင်းဆင်းပြီး စုံစမ်းစစ်ဆေးတာ မရှိဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ပြောလိုက်ပါတယ်။
2020-12-23
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က စညှင်း၊ ကိုင်းကြီးစတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ပြတ်လပ်နေတာ ရက်ပေါင်းနှစ်ဆယ်ကျော်အထိရှိနေပြီး စခန်းနေ လူဦးရေ ၅၀၀ ကျော် ဒီဒဏ်ကို ခံစားနေရပါတယ်။
2020-12-23
ဒုက္ခသည်စခန်းမှာ ကိုးနှစ်ကြာနေထိုင်ခဲ့ရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးမောက်၊ ပူတာအို မြို့နယ်တွေက အိမ်ထောင်စု ၆၀၀ကျော်က စစ်ဘေးဒုက္ခသည် ၃၀၀၀ ကျော်ဟာ လာမယ့် ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းမှာ နေရပ်ပြန်ခွင့်ရတော့မှာပါ။