သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-12-19
မြန်မာအလုပ်သမား သုံးသိန်းကျော် အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၅၀၀ ကျော်ရှိနေပါတယ်။ မနေ့ကအထိ ပိုးတွေ့သူထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သား သုံးဦး ပါဝင်နေပြီး ဒီနေ့ထပ်တွေ့သူတွေထဲမှာ မြန်မာဘယ်လောက်ပါသလဲဆိုတာတော့ မသိရသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေကပြောပါတယ်။
2020-12-19
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် (BGF) တွေ လုံခြုံရေး တိုးမြှင့်ချထားပါတယ်။ ဒါဟာ လူထုအတွက် ကာကွယ်ပေးဖို့သာ ဖြစ်တယ်လို့ (BGF) ဘက်ကပြောပြီး မြို့ခံတွေကတော့ စိုးရိမ်နေကြပါတယ်။
2020-12-19
ဒီတစ်ပတ်အတွက် RFA စကားဝိုင်းအစီအစဉ်မှာ "ကိုဗစ်အလွန် မြန်မာ့စီးပွားရေးစိန်ခေါ်မှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2020-12-19
မိုးကုတ်မြို့နယ်အတွင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က ဒေသခံတချို့ကို ဖမ်းဆီး၊ ခြိမ်းခြောက် ငွေကြေးတောင်းခံတာတွေအတွက် ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်ခဲ့ပေမယ့် မန္တလေးတိုင်း အစိုးရက ခွင့်မပြုခဲ့ဘူးလို့ ဆန္ဒပြဦးဆောင်မယ့်သူတွေက ပြောပါတယ်။
2020-12-18
ပုသိမ်မြို့မှာ Stay Home အမိန့်ကို တိတိကျကျဆောင်ရွက်ရာမှာ နေအိမ်အပြင်ထွက်ကတ် မပါသူတွေနဲ့ Mask မတပ်သူတွေ ဆီကနေ ခုနှစ်ရက်အတွင်း ဒဏ်ကြေး ၄၅ သိန်းကျော် ရရှိခဲ့တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီကနေ သိရပါတယ်
2020-12-18
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် လူအများစု ဝင်ငွေနည်းလာတာကြောင့် ရတဲ့အလုပ်ကို ပြောင်းရွှေ့လုပ်ကိုင်လာကြပါတယ်။ ကယားပြည်နယ်က လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ဒေသမှာ နေထိုင်သူတွေကတော့ ဖားဆောင်းမြို့နယ်အတွင်း ခဲသတ္တု ရှာဖွေတဲ့နည်းနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြတာပါ။
2020-12-18
မြန်မာနိုင်ငံမှာ ကားအသစ်ဝယ်ပြီး သုံးစွဲတာထက် တပတ်ရစ်ကားတွေကိုပဲ ဝယ်စီးကြတာ များပါတယ်။ ဒါပေမဲ့လည်း သင့်တင့်တဲ့ အရည်အသွေးနဲ့ ဒီဇိုင်းဆန်းတွေကြောင့် တရုတ်နိုင်ငံလုပ် ကားသစ်ဝယ်ယူမှုတွေ အခုနှစ်ထဲမှာ ပိုမိုများပြားလာခဲ့ပါတယ်။
2020-12-18
ချင်းပြည်နယ် (မြောက်ပိုင်း)မှာ လေထန်ကုန်းလို့ လူသိများတဲ့ ထန်မွောန်တောင်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားဧည့်သည်တွေ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ အလှပျက်စီးသွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။
2020-12-18
နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ရွေးကောက်ပွဲ အမြန်ပြုလုပ်ပေးရေး အကြောင်းပြုပြီးဖြစ်ပေါ်လာတဲ့ တိုက်ပွဲရပ်တန့်တာ၊ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာတွေဟာ ရွေးကောက်ပွဲသာ မကျင်းပဖြစ်ရင် ရှေ့ဆက်အဆင်ပြေပါ့မလားဆိုတာ စိုးရိမ်နေကြပါတယ်။
2020-12-18
ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်မှာနေထိုင်ရေး (Stay at home) အစီအစဉ်ကို ၁၅ ရက်တစ်ကြိမ် ထပ်တိုးသတ်မှတ်နေပေမယ့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်းက လူစုလူဝေးဖြစ်ပေါ်နေတာတွေ အားနည်းတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။
2020-12-18
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာက လူအစုလိုက် အပြုံလိုက် အသတ်ခံရမှုမှာ သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ဒေါ်လာ နှစ်သန်း ပေးဖို့ ရိုဟင်ဂျာအမျိုးသမီးက မြန်မာအစိုးရကို တောင်းဆိုထားပါတယ်။ မြန်မာအစိုးရကတော့ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသေးပါဘူး။
2020-12-18
နေပြည်တော်က Victoria ကလေးငယ် လိင်အကြမ်းဖက်မှုမှာ မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးက သူရဲ့ နစ်နာမှုအတွက် ကျပ်သိန်း ၅,၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲထားတဲ့ “ အမှုဖွင့် အဆိုလွှာကို" ဒက္ခိဏခရိုင်တရားရုံးက ဒီနေ့ လက်ခံလိုက်ပါတယ်။
2020-12-17
လက်ရှိ အနောက်နိုင်ငံတွေမှာ အသိအမှတ်ပြုလက်မှတ်ရပြီး အသုံးပြုနေတဲ့ ဖိုင်ဇာကာကွယ်ဆေးဟာ အနုတ် ၇၀ ဒီဂရီအောက် အအေးချိန်နဲ့ သယ်ယူပို့ဆောင်ရမှာမို့ မြန်မာနိုင်ငံကို သယ်ယူပို့ဆောင်နိုင်ရေး အခက်အခဲရှိတယ်လို့ ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ မြန်မာသမားတော် ဒေါက်တာသက်ကိုကိုက RFA ကိုပြောပါတယ်။
2020-12-17
ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်တူးဖော်ရေးလုပ်ငန်းကြီးတွေကို ကျောက်တူးဖော်ထုတ်လုပ်ခွင့် နောက်နှစ်အထိ ပြည်နယ်အစိုးရက ရပ်နားလိုက်ပါတယ်။
2020-12-17
မန္တလေးတိုင်းထဲက ကျန်းမာရေးဝန်ကြီးဌာနက စိစစ်ထားပြီးသား စားသောက်ဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်လို့ရတဲ့စနစ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့နောက်ပိုင်း စတင်ဖွင့်လှစ်ခွင့်ရတော့မှာဖြစ်ပါတယ်။