သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-03-26
တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်ထိန်းချုပ် နိုင်ဖို့အတွက် တရုတ်နယ်စပ်ဂိတ်တွေကို ပိတ်ပေးဖို့ ဒေသခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အစိုးရကို ဒီကနေ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုလိုက်ကြပါတယ်။
2020-03-26
"နိုင်ငံ့ရေးရာ မေးစရာ" အစီအစဉ်မှာ...အငြိမ်းစား ရေတပ်ဦးစီးချုပ် ဖြစ်သလို၊ သမ္မတ-ဦးသိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီးနဲ့ သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ တစ်သီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးစိုးသိန်း ကို RFA ဝိုင်းတော်သူ မသက်စုအောင် က သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
2020-03-26
RFA က စီစဉ်ရိုက်ကူးပြီး၊ DVB ရုပ်သံလိုင်းကနေ အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်လွှင့်နေတဲ့ "ယနေ့နိုင်ငံရေး" အစီအစဉ်မှာ “မြန်မာ - ကိုရိုနာကပ်ဘေးကို ဘယ်လိုကျော်လွှားမလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးတင်ဆက်သွားမှာပါ။
2020-03-26
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လူသိများတဲ့ ကွတ်ခိုင်မြို့နယ်အခြေစိုက် တပ်ဖွဲ့ဝင်အင်အား တစ်ထောင်နီးပါးရှိတဲ့ ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ကို တပ်မတော်က ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်ပြီး ခေါင်းဆောင်တချို့လည်း ထိန်းသိမ်းစစ်ဆေးနေပါတယ်။
2020-03-26
ထိုင်းနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် တိုးလာနေပြီး၊ အရေးပေါ် အခြေအနေလည်း ထုတ်ပြန်ထားပါတယ်။ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာလည်း စိုးရိမ်စိတ်နဲ့ ပြန်နေကြတဲ့ မြန်မာအလုပ်သမား အရေအတွက် နေ့စဉ် ငါးထောင် လောက်ရှိနေတာပါ။
2020-03-25
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအနီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ တစ်ဦးကို တွေ့ရှိပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို အစိုးရကပိတ်ထားလိုက်ပါပြီ။
2020-03-25
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် လုပ်ငန်းတွေ ရပ်တန့်ပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ မဖြစ်ရအောင် အစိုးရက လုပ်ငန်းရှင်တွေကို မြန်မာကျပ်ငွေ ဘီလီယံ တစ်ရာ ထုတ်ချေးဖို့ စီစဉ်ထားတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။
2020-03-25
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပိုဆိုးလာတာကြောင့် မြဝတီ-မဲဆောက်နယ်စပ်ကနေ နေရပ်ပြန်တဲ့ မြန်မာနိုင်ငံသား အလုပ်သမား တစ်နေ့ကို သုံးထောင်ကျော် ရှိနေပါတယ်။ မြန်မာအစိုးရက သူတို့ကို အဖျားတိုင်းစစ်ဆေး၊ နေရပ်လိပ်စာ၊ လူစာရင်းမှတ်ထားပြီး နေရပ်အသီးသီးကို ပြန်ပို့ပေးနေပါတယ်။
2020-03-25
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဖုံသာချောင်းဘက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ကျေးရွာတွေထဲကို ပစ်ခတ်လို့ ဒီနေ့ နေ့လယ်က ဒေသခံ တစ်ထောင်ကျော်လောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေး သွားကြတယ်လို့ ဒေသခံကျေးရွာသားတွေက ပြောပါတယ်။
2020-03-25
မြန်မာရဲ့ တတိယမြောက် ကိုရိုနာဗိုင်းရပ်စ် ကူးခံရသူကို ရန်ကုန်မြို့မှာ တွေ့ရှိတယ်လို့ အစိုးရက ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက်အစောကြီးမှာ ကြေညာပါတယ်။ သူနဲ့ ထိတွေ့ခဲ့တဲ့သူနဲ့ မိသားစုတွေကို အစိုးရက နေအိမ်သီးခြား စောင့်ကြည့်နေပါတယ်။
2020-03-25
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်တာကို ကန့်ကွက်ပြီး ပဋိပက္ခဖြစ်ပွားခဲ့တဲ့နောက် ဖမ်းဝရမ်း ထုတ်ခံလိုက်ရတဲ့ အောင်သပြေကျေးရွာသားတွေကို မနေ့ညက ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
2020-03-24
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ်တစ်ဦးကို မတ်လ ၂၄ ရက် မနေ့က တွေ့ရှိခဲ့တဲ့အတွက် စုစုပေါင်း ရောဂါကူးစက်သူ သုံးဦး ရှိသွားပါပြီ။
2020-03-24
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သတင်းမှားနဲ့ ထင်ယောင်ထင်မှား ဖြစ်စရာတွေ ဖြန့်ဝေတဲ့ထဲမှာ နာမည်ကြီး သတင်းဌာနတွေ သြဇာကြီးမားတဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေပါတယ်။
2020-03-24
ရန်ကုန်တိုင်းအစိုးရဝန်ကြီး ဦးနိုင်ငံလင်းဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူလူနာနဲ့ တွေ့ထိမှု ရှိခဲ့တဲ့အတွက် အသွားအလာကန့်သတ်ပြီး နေအိမ်မှာ ၁၄ ရက် သီးသန့် နေထိုင်နေရပါတယ်။
2020-03-24
AA အဖွဲ့ကို မတရားသင်းနဲ့ အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက ကြေညာလိုက်ပါတယ်။ ဒါဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကိုပိတ်ပြီး စစ်ဘောင်ချဲ့လိုက် တာမို့ ရခိုင်မှာ စစ်မီး ပိုတောက်လောင်ဖို့ရှိတယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။