သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-30
ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဒေသခံတွေ အတိဒုက္ခရောက်နေကြသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေလည်း နေရပ်မပြန်နိုင်ဘဲ ဖြစ်နေရတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးက အပြစ်ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော်က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
2020-06-30
ကျောက်မဲမြို့နယ် ပန်ကျန်ကျေးရွာအနီး ဖြစ်ပွားတဲ့ တပ်မတော်နဲ့ RCSS တိုက်ပွဲကြောင့် ကျေးရွာ ဆယ်ရွာကျော်ကနေ ထွက်ပြေးနေရသူ ခုနှစ်ရာ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။
2020-06-30
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပလက်ဝမြို့နယ်ထဲကို စက်လှေနဲ့ ဈေးရောင်းဖို့သွားစဉ် ဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဦးဟာ ဒီနေ့အထိ ဘာသတင်းမှ မသိရတဲ့အတွက် တပ်မတော် တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ပေးဖို့ မိသားစုဝင်တွေက ဒီနေ့တောင်းဆိုလိုက်ပါတယ်။
2020-06-30
၂၀၁၇ ခုနှစ်က ဂူတာပြင်ကျေးရွာမှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး စစ်တရားရုံးရဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုလိုက်တယ်လို့ တပ်မတော်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တပ်မတော်ရဲ့ စစ်တရားစီရင်ရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။
2020-06-30
အရင်ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက် မကျင်းပနိုင်ခဲ့တဲ့ ၀ ဒေသနဲ့ လက်ရှိ တိုက်ပွဲ တွေကြောင့် နယ်မြေမတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၃၃၀ မှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန် ၂၉ ရက် မနေ့ညက ကြေညာလိုက်ပါတယ်။
2020-06-30
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် တရားရုံးက ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် စီရင်ချက်ချထားခဲ့တဲ့ တောင်သူ ၂၁ ဦးကို တပ်မတော်က နှစ်နဲ့ချီ ထောင်ကျနိုင်တဲ့ ပုဒ်မတွေနဲ့ ထပ်မံတရားစွဲဆိုလာတာဟာ မျှတမှုမရှိဘူးလို့ ဒေသတွင်း မြေယာအရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။
2020-06-29
မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ထောင်ပေါင်းများစွာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အလုပ်လက်မဲ့တွေဖြစ်နေ ကြပြီး ဆက်လက်နေထိုင်ဖို့ အခက်ကြုံနေရတဲ့အတွက် မြန်မာနိုင်ငံပြန်ဖို့ ကြိုးစားနေကြပါတယ်။ မနေ့က အထိ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို မြန်မာပြည်ပြန်ခွင့်အတွက် လျှောက်ထားသူဦးရေ ၂ဝဝဝ နီးပါးရှိပြီလို့ ဆိုပါတယ်။
2020-06-29
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဖို့အတွက် ဒေသခံတွေကို ခတ္တ ရှောင်ပေးဖို့ ညွှန်ကြားချက် ထုတ်ထားတာဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို နေရပ်က မောင်းထုတ်ခံရတဲ့ ဖြစ်စဉ်မျိုး ထပ်ဖြစ်လာနိုင်တဲ့အတွက် မြန်မာစစ်တပ်ကို အချိန်မီ မတားဆီးနိုင်ရင် ထောင်နဲ့ချီတဲ့ ရခိုင်ဒုက္ခသည်တွေ ထပ်တိုးလာနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Refugee International အဖွဲ့က ကြေညာချက်ထုတ်ပြီး သတိပေးလိုက်ပါတယ်။
2020-06-29
ကယားပြည်နယ် လွိုင်ကော်မြို့နယ် စက်မှုဇုန်မှာ တည်ဆောက်နေတဲ့ သတ္ထုသန့်စင်စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှာကို ကရင်နီဒေသခံတွေက စိုးရိမ်နေကြပါတယ်။
2020-06-29
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာနဲ့ အနီးတဝိုက်ရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်ပေမယ့်လည်း ရွာသားတွေ ဒီနေ့အထိ ကြောက်လန့်ထွက်ပြေးနေတာ လူပေါင်းတစ်သောင်းလောက်ရှိနေပြီလို့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
2020-06-29
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာ တပ်မတော်နဲ့ RCSS/SSA တိုက်ပွဲကြောင့် အရပ်သား တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရပြီး ရွာသားသုံးရာကျော် နေရပ်စွန့်ခွာနေရပါတယ်။
2020-06-29
မလေးရှားမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ခွင့်ရရင် အဆင်သင့်ဖြစ်စေဖို့ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက သူတို့ရဲ့ ကိုယ်ရေးအချက်လက်တချို့ကို အီးမေးကနေ လက်ခံရယူနေပါတယ်။ အလုပ်သမား အများအပြားက အင်တာနက်အီးမေးသုံးဖို့ အခက်ခဲရှိတဲ့အတွက် ပရဟိတအဖွဲ့တချို့က ကူညီပေးနေကြပါတယ်။
2020-06-28
ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒလက်ချောင်းရွာအနီးမှာ တပ်မတော်နဲ့ AA တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားတာတွေ၊ ရွာထဲကိုလက်နက်ကြီးကျည် ကျရောက်တာတွေကြောင့် ဒေသခံတွေဟာ ရွာကိုစွန့်ခွာပြီး ဒုက္ခသည်စခန်းတွေဆီကို နေ့စဉ်လိုလို ထွက်ပြေးနေရပြီး စားနပ်ရိက္ခာတွေလည်း ပြတ်နေကြလို့ အခက်အခဲတွေ့နေရပါတယ်။
2020-06-28
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းနဲ့ အနီးတဝိုက်ရွာတွေမှာ နယ်မြေရှင်းလင်းရေးလုပ်မယ့် ညွှန်ကြားချက်ကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ စစ်တွေ အပါအဝင် နီးစပ်ရာ မြို့နယ်တွေကို ထွက်ပြေးနေကြဆဲပါ။