သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2020-06-01
သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ကို ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ နိုဝင်ဘာလက အာဂျင်တီးနားမှာ တရားစွဲထားတဲ့ အမှုကို တရားရုံးက ပြန်လည်သုံးသပ်တော့မှာဖြစ်ပါတယ်။
2020-06-01
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရာထူးတာဝန်က ရုပ်သိမ်းဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက တင်ပြတဲ့ အဆိုကို မနေ့က မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားခဲ့တာနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ NLD ပါတီတွေက ကိုယ်စားလှယ်တွေရဲ့ ဝေဖန်သုံးသပ်ချက်အချို့ကို တင်ပြ ထားပါတယ်။
2020-06-01
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရာထူးကနေ ဖယ်ရှားရေး ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကို တင်ထားတဲ့အဆို နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ ဒီနေ့ စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲခွဲရာမှာ ကန့်ကွက်မဲများတဲ့အတွက် အဆို ရှုံးနိမ့်သွားပါတယ်။
2020-06-01
၂၀၂၀ ရွေးကောက်ပွဲအလွန်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆက်လက်အကောင် အထည်ပေါ်နိုင်ဖို့ ရွေးကောက်ပွဲမတိုင်ခင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အစိုးရက ကြိုးပမ်းနေပါတယ်။
2020-06-01
လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို ဒီလထဲမှာ အပြီးသတ် ရွေးချယ်ပြီး အမည်စာရင်းပို့ဖို့ NLD က အောက်ခြေကို ညွှန်ကြားလိုက်ပါတယ်။
2020-06-01
ကပ်ရောဂါသတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ရှိနေတဲ့အပြင် မိုးဦးကာလမှာ နှစ်တိုင်းဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေး H1N1 တွေလည်း ဖြစ်တတ်ပြီး ရောဂါလက္ခဏာလည်း ဆင်တူတာကြောင့် ဂရုစိုက်ကြဖို့ ကျန်းမာရေးပညာရှင်သူတွေက ပြောကြပါတယ်။