သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-21
မြန်မာနိုင်ငံမှာ အပြစ်မဲ့အရပ်သားပြည်သူတွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက အပြင်းအထန် ဖိနှိပ်နေချိန်မှာ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာသံဃာတော်တချို့ကို ပြည်သူလူထုအတွင်း ဝေဖန်မှုတွေ မြင့်မားလာနေပါတယ်။
2021-12-21
မန္တလေးတိုင်း ချမ်းမြသာစည် မြို့နယ်မှာရှိတဲ့ ရွှေအလင်း ဥပဒေအကျိုးဆောင် အဖွဲ့က ရှေ့နေအမျိုးသမီး လေးဦးကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေက ရဲတပ်ဖွဲ့ ဝင်တွေ လာရောက်ဖမ်းဆီးသွားပြီး သူတို့ရဲ့ နောက်ဆုံးအခြေအနေ မသိရ သေးတဲ့အကြောင်း နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2021-12-21
ပဲခူးတိုင်းအနောက်ပိုင်း မိုးညိုမြို့နယ် နှမ်းကုန်းရွာစစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းက ဆိုင်ကယ်စီးလာသူ နှစ်ယောက် သေနတ်နဲ့ အပစ်ခံရလို့ တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-12-21
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကလေး PDF၊ CNDF ပူးပေါင်း တပ်ဖွဲ့တို့ ဒီဇင်ဘာ ၂၀ ရက် မနေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဘက် က နှစ်ဦး သေဆုံးပြီး PDF ဘက်က တစ်ဦး သေဆုံးခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
2021-12-21
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ရွာနှစ်ရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ နဲ့ ၂၀ ရက်နေ့တွေက စစ်ကောင်စီတပ်တွေက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာ ကြောင့် လူ ၁၂ ယောက် သေဆုံးပြီး လူပေါင်း ခုနစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-21
ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ဂိတ်တွေထဲက အချို့ကို ပြန်ဖွင့်လိုက်ပြီဆိုပေမယ့် ရှန်တိန်လို့ခေါ်တဲ့ နှစ်နိုင်ငံကုန်ပို့စနစ် ကန့်သတ် ချက်တွေကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
2021-12-21
နေပြည်တော်ကောင်စီနယ်မြေမှာ ဒီဇင်ဘာ ၂၀ ရက် မနေ့က စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ စစ်သား ၁၂ ဦး သေဆုံးပြီး ငါးဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF (နေပြည်တော်) က ဒီဇင်ဘာ ၂၀ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
2021-12-21
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ရုံးခန်းကို စစ်ကောင်စီက ဆက်မဖွင့်ဖို့ ဆုံးဖြတ်လိုက်တာဟာ စစ်ကောင်စီအနေနဲ့ သံတမန်ဆက်ဆံရေးပိုင်း အားနည်းညံ့ဖျင်းရာရောက်တယ်လို့ နိုင်ငံရေးလေ့လာသူတချို့က ဝေဖန်လိုက်ပါတယ်။
2021-12-21
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နယ်မြေ (၄)၊ စနေလမ်းက နေအိမ် ၁၂ လုံးပါ မြေကွက်ကို ကလေးမြို့အခြေစိုက် အမှတ် (၉၄၁) ဆောက်လုပ် ရေးတပ်ခွဲ (အင်ဂျင်နီယာ) တပ်က တပ်ပိုင်မြေဆိုပြီး ဖယ်ရှားခိုင်းနေတယ်လို့ အိမ်ပိုင်ရှင်တွေက ပြောပါတယ်။
2021-12-21
ကချင်ပြည်နယ်က ကျောက်စိမ်းထွက်တဲ့ ဖားကန့်ဒေသမှာ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေ များသထက်များလာနေတယ် လို့ ဖားကန့်ဒေသခံတွေက ပြောကြပါတယ်။
2021-12-21
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ကိုရောက်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် ၂၅၀ နီးပါးဟာ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်လို့ ပြောကြပါတယ်။
2021-12-21
စစ်ကောင်စီအနေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ဒေသက တပ်တွေပြန်ရုပ်ပြီး ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်းသိမ်းဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်လိုက်ပါတယ်။
2021-12-20
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဥပဒေနဲ့အညီ လုပ်ဆောင်ထား တာဖြစ်ပြီး ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ဒီမိုကရေစီ ဖော်ဆောင် ရေးလုပ်ငန်းတွေကို ထောက်ခံသင့်တယ်လို့ ဂျပန်- မြန်မာအသင်း ဥက္ကဋ္ဌနဲ့ စီးပွားရေး လုပ်ငန်းရှင် ဟီဒီယို ဝါတာနာဘေက ပြောကြားခဲ့တဲ့အကြောင်း ဂျပန်ဘာသာနဲ့ ထုတ်ဝေတဲ့ တိုကျိုကင်ဇိုင်း စီးပွား ရေးစာစောင်မှာ ဖော်ပြခဲ့ပါတယ်။
2021-12-20
အခုရက်ပိုင်းတွေအတွင်း ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်တပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေသလို ဒုက္ခသည်တွေလည်း ရာနဲ့ချီပြီး ရှိလာနေပါတယ်။
2021-12-20
ပြည်တွင်းပြည်ပရှိ ပအိုဝ်းတိုင်းရင်းသားတွေပါဝင်တဲ့ ညီလာခံကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ အာဏာရှင်စနစ် ဖယ်ရှားရေးအတွက် စစ်ကောင်စီအလိုကျ NCA ကို လက်မခံဘဲ NUG, CRPH နဲ့ NUCC အပါအဝင် တိုင်းရင်းသား အင်အားစု အားလုံးနဲ့ ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်မယ်လို့လည်း အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။