သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-01-06
အစိုးရဝန်ထမ်းတွေ အများစုနေထိုင်ပြီး လူဦးရေတစ်ထောင်ကျော်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး အစိုးရ ကပေးတဲ့ လျှပ်စစ်မီး ၂၄ နာရီ ရရှိနေပါပြီ။
2021-01-06
ကပ်ရောဂါနဲ့ စစ်ဒဏ်ကို ခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ရခိုင်အမျိုးသမီးများ အစည်းအရုံးက စားသောက်ကုန်တွေ၊ အဝတ်အထည်တွေကို ထောက်ပံ့ကူညီနေပါတယ်။
2021-01-06
ကိုဗစ်ကာကွယ်ဆေး ဝယ်ယူဖို့ အစိုးရက ရန်ပုံငွေ အမေရိကန်ဒေါ်လာသန်း ၂၅၀ နဲ့ မြန်မာငွေကျပ်သန်း တစ်ထောင် မတည်ထူထောင်ထားပြီး ပြည်တွင်းပြည်ပက ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဇန်နဝါရီ ၅ရက် က ထုတ်ပြန်ကြေညာထားပါတယ်။
2021-01-06
ဒေသန္တရ အမိန့်ဖောက်ဖျက်မှု ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံထားရတဲ့ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်က လယ်သမား ၃၂ ဦးဟာ ဒီနေ့ ဝါးခယ်မမြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်ဖို့ တရားရုံးကို ရောက်ရှိနေပါတယ်။
2021-01-05
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က ဆည်မြောင်းဦးစီးဌာန လက်အောက်ခံ တူးမြောင်းတခုအတွင်းမှာ အင်းလုပ်ငန်းရှင်က ငါးဖမ်းဖို့ ပိတ်ဆို့ထားတဲ့ အတားအဆီးတွေကို ဒီဇင်ဘာ ၁ဝ ရက်နေ့က ဖယ်ရှားခဲ့တဲ့ လယ်သမား ၃၂ ဦး တရားစွဲခံနေရတာနဲ့ ပတ်သက်ပြီး ထပ်မံသိရှိရတဲ့ သတင်းအချက်အလက် တချို့ကို တင်ပြထားပါတယ်။
2021-01-05
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို တရားစွဲဆို တိုင်ကြားချက် လက်ခံသင့်/မသင့်ကို လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြားနာဆုံးဖြတ်မယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာပါတယ်။
2021-01-05
တရုတ်နိုင်ငံနယ်စပ် ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရတဲ့သူ ၁၅၃ ယောက်ရှိသွားပြီလို့ ''ဝ''ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။
2021-01-05
ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က စီမံကိန်းတူးမြောင်းတစ်ခုရဲ့ အတားအဆီးတွေကို ဖယ်ခဲ့တဲ့ လယ်သမား ၃၂ ဦးကို ဝါးခယ်မမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က ဒေသန္တရထုတ်ပြန်ချက် ဖောက်ဖျက်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပါတယ်။
2021-01-05
မြန်မာအလုပ်သမား ငါးထောင်လောက်ရှိပြီး ပိုးတွေ့လူနာရှိခဲ့လို့ အသွားအလာ ကန့်သတ်ထားတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်က ပုဇွန်ဈေးထဲကို မနေ့ညက ရောဂါကူးစက်ခံထားရသူ လူနာ နှစ်ဆယ်ကျော် ဆေးရုံကနေ ထိုင်းအစိုးရက ကားတွေနဲ့ ပြန်လာပို့လို့ မြန်မာအလုပ်သမားတွေက ဆန္ဒပြခဲ့ကြပါတယ်။
2021-01-05
၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမယ် ဆိုတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ခြေလှမ်းအစ ကချင်နဲ့ မွန်ခရီးစဉ်တွေဟာ မအောင်မြင်ဘူးလို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။
2021-01-05
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP နဲ့ တပ်မတော်အရာရှိဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ DNP တို့က NLD အစိုးရနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မဲမသမာမှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး တရား လွှတ်တော်ချုပ်ထံ တိုင်တန်းထားပြီး ဖြစ်တယ်လို့ ဒီနေ့ USDP နဲ့ DNP ပါတီရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြော လိုက်ပါတယ်။
2021-01-05
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအုပ်စု အောက်ခပေါ် ကျေးရွာက အမျိုးသမီးတစ်ဦး မနေ့ကမိုင်းနင်းမိလို့ ဒဏ်ရာအပြင်းအထန်ရရှိပြီး ဒီနေ့မနက်က စစ်တွေဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရပါတယ်။
2021-01-04
တနင်္သာရီတိုင်းအစိုးရက ဆောင်ရွက်ပေးမယ်လို့ တိုင်းလွှတ်တော်ကို ကတိပြု ထားတဲ့ လုပ်ငန်း ၂၅၀ ထဲမှာ ထက်ဝက်ကျော်ကို အကောင်အထည်ဖော်ပြီးခဲ့ပေမယ့် ဆောင်ရွက်ဆဲလုပ်ငန်း ၇၀ နဲ့ ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ လုပ်ငန်း ၃၀ နီးပါး ရှိနေပါတယ်။
2021-01-04
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးတွေကို လာမယ့် ဖေဖော်ဝါရီလအတွင်း စတင်ထိုးနှံရေးအတွက် အမျိုးသားကာကွယ်ဆေးထိုးနှံမှု အကြံပေးအဖွဲ့ရဲ့ အရေးကြီးအစည်းအဝေးတခုကို ဒီကနေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။
2021-01-04
ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေ ပင်လယ်ပြင်မှာ နိုင်ငံသား အထောက်အထားမဲ့သူ ခုနှစ်ဦးနဲ့ လှေသမား ငါးဦးကို လုံခြုံရေး ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးမိခဲ့ပါတယ်။