သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-11-29
အဖမ်းခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြုံရနိုင်ဖွယ်ရှိပြီး နောက်ထပ်အမှုတွေကိုလည်း ဒီဇင်ဘာ ၆ ရက်နေ့မှာ စီရင်ချက်ချဖို့ စစ်ကောင်စီဘက်က စီစဉ်ထားပါတယ်။
2021-11-29
ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလည်အပတ် များတဲ့ မင်းကွန်းဒေသက န်းချီဆရာမ မတင်နီလာဝင်းဟာ ကျောက်စရစ်တုံးလေးတွေပေါ်မှာ ပန်းချီပုံလေးတွေ ရေးဆွဲဖန်တီးသူဖြစ်ပြီး၊ ဒေသခံ လူငယ်လေးတွေကိုပါ ပန်းချီပညာ သင်ကြားပေးနေသူပါ။
2021-11-29
စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဇလပ်ရပ်ကွက်နဲ့ မွန်းလိုင်ရပ်ကွက်က ချင်း တိုင်းရင်းသားဘာသာနဲ့ ထုတ်လွှင့်တဲ့ Zo Heisa Cable TV ဆိုတဲ့ ရုပ်သံလိုင်းက ဦးမာန်ရှားမန်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။
2021-11-29
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ အချိန် ၁၀ လနီးပါးကာလအတွင်း စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်ကောင်စီတပ်သားတွေ ကျူးလွန်တဲ့ မုဒိမ်းမှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၀ ခုအထိရှိတယ်လို့ အမျိုးသမီး များအဖွဲ့ချုပ် - မြန်မာနိုင်ငံ (WLB) က RFA ကို ပြောပါတယ်။
2021-11-29
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်းထဲက ဧဒင်စစ်ဘေးဒုက္ခသည် စခန်းဟာ နိုဝင်ဘာ ၂၈ ရက် မနေ့ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ခတ်ခံရလို့ စခန်းထဲက အိမ်ခန်း ပေါင်း ၆၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
2021-11-29
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မင်းကြီးရန်နောင်လမ်းက မြန်မာ့ဆက်သွယ်ရေး (MPT) ရုံးရှေ့မှာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ရာ စစ်သား လေးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
2021-11-29
RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ရဲနဲ့စစ်တပ်က စစ်ကြောရေး စခန်းတွေနဲ့ ဒေသအသီးသီးက စစ်စခန်းတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်း သေဆုံးခဲ့ရသူ အရေအတွက်ဟာ စစ်အာဏာသိမ်း ၁၀ လအတွင်းမှာ အယောက် ၈၀ အထိ ရှိနေပါပြီ။
2021-11-29
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ထဲမှာ နိုဝင်ဘာ ၂၇ က စစ်ရဟတ်ယာဉ်သုံးကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ သုံးယောက်ရှိတယ်လို့ ဒီပဲယင်း PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
2021-11-29
စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံထားရတဲ့ ကလေး PDF တပ်ရင်း (၃) က ချင်းအမျိုးသမီး ကိုးဦးစလုံး ကလေးမြို့ အကျဉ်း ထောင်ကို ရောက်သွားပြီး မိသားစုဝင်တွေတော့ တွေ့ခွင့်မရသေးဘူးလို့ ကလေး PDF က ပြောပါတယ်။
2021-11-29
ရန်ကုန်မြို့က အချက်အချာကျတဲ့ လမ်းဆုံလမ်းမတွေ၊ ရဲစခန်းနဲ့ အုပ်ချုပ်ရေးရုံးတွေ၊ စစ်ကောင်စီပိုင် ဘဏ်တွေ ရှေ့မှာ သဲအိပ်ဘန်ကာတွေ အထပ်ထပ်ကာထားသလို ဘန်ကာတွေရဲ့ နောက်မှာတော့ မျက်နှာသာဖော်ထားတဲ့ ရဲ ဒါမှမဟုတ် စစ်သား တစ်ဦးဦးက အဆင်သင့်ပစ်ခတ်နိုင်တဲ့ သေနတ်ပြောင်းဝကို လမ်းမဘက်ချိန်ပြီး နေ့ညမပြတ် ကင်းစောင့်နေတာဟာ လက်ရှိရန်ကုန်မြို့ရဲ့ ပြယုဂ်မြင်ကွင်းတစ်ခုလို ဖြစ်နေပါပြီ။
2021-11-29
ချင်းပြည်နယ် ထန်တလန်မြို့မှာ နိုဝင်ဘာ ၂၇ ရက်နေ့က မီးလောင်ကျွမ်းမှုကြောင့် စိန့်နီကောလပ်စ် ကက်သလစ် ဘုရားကျောင်းအပါအဝင် အိမ်ပေါင်း ၉၆ လုံး မီးလောင်ပြာကျခဲ့ရတယ်လို့ ထန်တလန် နေရာချထားရေးကော်မတီ (Thantlang Placement Affairs Committee - IDPs help) က ထုတ်ပြန်ထားပါတယ်။
2021-11-29
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်အနီး ဂမုန်းပွင့်ကုန်တိုက်မှာ မင်္ဂလာဒုံနဲ့ ကြည့်မြင်တိုင်မြို့နယ်တွေက (ဗကသများအဖွဲ့ချုပ်) ကျောင်းသားတွေဟာ နိုဝင်ဘာ ၂၉ ရက် ဒီနေ့မနက်မှာ လူထုဒေါ်အမာ ၁၀၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-11-29
မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အမှုဖွင့်အရေးယူဖို့ အာဂျင်တီးနားနိုင်ငံ တရားရုံးက လက်ခံ လိုက်ပြီလို့ နိုဝင်ဘာ ၂၈ ရက်နေ့က ဗြိတိန်အခြေစိုက် BROUK (Burmese Rohingya Organization UK) က ထုတ် ပြန်လိုက်ပါတယ်။
2021-11-28
ထိုင်းနိုင်ငံမှာ အဓမ္မပြုကျင့်ပြီး မီးရှို့အသတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား မမြင့်မြင့်ခိုင်အတွက် တရားမျှတမှု ရရှိဖို့ ထိုင်းရောက် မြန်မာအလုပ်သမားတွေ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2021-11-28
အဖမ်းခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို စွဲဆိုထားတဲ့အမှုတွေအတွက် ပထမဆုံး စီရင်ချက်ချတာကို မနက်ဖြန် အင်္ဂါနေ့မှာ ကြုံရနိုင်ဖွယ်ရှိတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။