သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-22
ရခိုင်ပြည်နယ်အတွင်းက အခြေခံပညာစာသင်ကျောင်းတွေမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ကစပြီး တာဝန်ကျရာ ကျောင်းတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ဖို့ ပညာရေးဌာနက ညွှန်ကြားထား ပါတယ်။
2021-02-22
ဖေဖော်ဝါရီလ ၂၂ ရက် ဒီကနေ့ ပြည်လုံးကျွတ်သပိတ်မှောက်ကြတဲ့နေ့မှာ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာသံရုံးတွေရှေ့သွားပြီး ဆန္ဒမပြနိုင်အောင် သံရုံးတွေရှိတဲ့ လမ်းတလျှောက်ကို စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချ ပိတ်ဆို့ထားတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
2021-02-22
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် ဖိနှိမ်နေတာတွေ ချက်ချင်းရပ်ဖို့ မြန်မာစစ်တပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2021-02-22
စစ်ကောင်စီဆန့်ကျင်ရေး အထွေထွေသပိတ်ကို တစ်နိုင်ငံလုံးက မြို့နယ်တိုင်းမှာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့မှာ လူအင်အား အလုံးအရင်းနဲ့ ပြုလုပ်ခဲ့ကြပါတယ်။
2021-02-22
မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဒေါက်တာဆာဆာကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တယ်လို့ ကော်မတီက ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
2021-02-22
ရန်ကုန်မြို့လယ်ခေါင်မှာ ဆန္ဒပြသူတွေနဲ့ ကြိတ်ကြိတ်တိုးနေပါတယ်။ ဆန္ဒပြသူတွေဟာ အရပ်သားအစိုးရကို အာဏာပြန်ပေးဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျတ်သိမ်းဖို့နဲ့ ဒီမိုကရေစီရရှိရေးကို ကြွေးကြော်တောင်းဆိုနေပါတယ်။ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ ထိုင်သပိတ် ကျင်းပနေပါတယ်။ ရဲဝန်ထမ်းတွေကတော့ မြို့တော်ခန်းမတဝိုက်မှာ နေရာယူထားပါတယ်။
2021-02-22
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းပေါ်က ကုလသမဂ္ဂရုံး မရောက်ခင် ကိုက် ၁၀၀ လောက်အကွာမှာ ရဲတွေက အတားအဆီးတွေချပြီး ဆန္ဒပြသူတွေ ရုံးရှေ့လာလို့ မရအောင် ပိတ်ပင်ထားပါတယ်။
2021-02-22
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ်တရားရုံးမှာ ဗွီဒီယို အွန်လိုင်းစနစ်နဲ့ ပထမဆုံး ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2021-02-22
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၉ ဦး၊ လွှတ်တော်ရုံး ဝန်ထမ်းတစ်ဦးနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်း တဦးတို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်အစောပိုင်းက နေအိမ်တွေမှာ လာဖမ်းသွားတာဖြစ်ပြီး မိသားစုနဲ့ အဆက်အသွယ်ဖြတ်တောက်ထားတာပါ။
2021-02-22
ဒီနေ့ကျရောက်တဲ့ ၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ်ကို နှစ်ငါးလုံးလူထုလှုပ်ရှားမှုအနေနဲ့ နိုင်ငံတဝှမ်း လူပေါင်း သန်းနဲ့ချီပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဖော်ဆောင်ခဲ့ကြ ပါတယ်။
2021-02-22
မန္တလေးအကျဉ်းထောင်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် ကျန်းမာရေးကောင်းမွန်တယ်လို့ သူရဲ့ရှေ့နေက ပြောပါတယ်။
2021-02-22
ဒီကနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နှစ်ငါးလုံး အထိမ်းအမှတ် နေပြည်တော် ပျဉ်းမနားမြို့ လူထုဆန္ဒပြပွဲကို ရဲနဲ့စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းသွားတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေက ပြောပါတယ်။ သတင်းယူနေတဲ့ သတင်းထောက်တွေကိုလည်း သေနတ်နဲ့ချိန်ပြီး အင်အားသုံးဖမ်းဆီးဖို့ ကြိုးစားတာကြောင့် ဝရုန်းသုန်းကားနဲ့ ထွက်ပြေးခဲ့ရပါတယ်။
2021-02-22
စစ်ကားနဲ့ ရဲကားအစီး ၅၀ နဲ့ အထိကရုဏ်းဖြိုခွင်းတဲ့ရေကားတွေ တက္ကသိုလ် ရိပ်သာလမ်းထဲကို ဝင်လာခဲ့လို့ လှည်းတန်းလမ်းဆုံကနေ နိုင်ငံခြားတက္ကသိုလ်ရှေ့ အထိ အသံတိတ်ဆန္ဒပြတဲ့နေတဲ့ လူအုပ်စုဟာ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်မတွေ့ဆုံလိုတဲ့အတွက် လူအုပ်စုခွဲခဲ့ရပါတယ်။
2021-02-21
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ လူထုဆန္ဒပြပွဲတွေကို စစ်သားနဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်ဖြိုခွင်းနှိမ်နင်းခဲ့တာကြောင့် သေဆုံးသူ ဒဏ်ရာရရှိသူ အဖမ်းခံရသူတွေဟာ များလာပါတယ်။
2021-02-21
ဆန္ဒပြသူတွေကို သေစေတဲ့အထိ ပစ်ခတ်နှိမ်နင်းတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြစ်တင်ရှုတ်ချလိုက်ပြီး သေဆုံးရသူတွေထဲ ၁၈ နှစ် အောက် ယောကျာ်းလေး ပါဝင်တဲ့အတွက် ဆန္ဒပြတဲ့ထဲ ပါဝင်လာတဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ လုံခြုံရေးတပ်ဖွဲ့ကို Save The Children အဖွဲ့က တိုက်တွန်းပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြည်ပနိုင်ငံတွေက မြန်မာပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်တယ်လို့ ပြောပါတယ်။