သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-20
မန္တလေးတိုင်း ရတနာပုံသင်္ဘောကျင်းအနီးမှာ ဆန္ဒပြသူတွေဟာ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ပထမတကြိမ် ဖြိုခွဲခံခဲ့ရပါတယ်။ ဒါပေမဲ့ ဆန္ဒပြပွဲပျက် မသွားတဲ့အတွက် နေ့လယ် ၂ နာရီလောက်မှာ ဒုတိယအကြိမ် ရဲတပ်ဖွဲ့ ဝင်တွေဘက်က အကြမ်းဖက် ပစ်ခတ် နှိမ်နင်းတာ၊ နံပါတ်တုတ်နဲ့ ရိုက်နှက်တာတွေလုပ်ခဲ့တဲ့အတွက် လူအနည်းဆုံး ငါးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆန္ဒပြသူတချို့က ပြောပါတယ်။
2021-02-20
ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ စစ်အာဏာရှင်စနစ်ကို ဆန္ဒပြနေရာ ကနေ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ သေနတ်ကျည်ဆံကြောင့် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် အတွက် ရန်ကုန် ဆူးလေစေတီလမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဆုတောင်းပွဲလုပ်ခဲ့ကြပါတယ်။
2021-02-19
မြန်မာနိုင်ငံက အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ အလုပ်သမားဝန်ထမ်းတွေအတွက် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေက အလှူငွေတွေကောက်ခံပြီး ပေးပို့နေပါတယ်။
2021-02-19
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက အာဏာရှင် စစ်ကောင်စီဖယ်ရှားပြီး ဒီမိုကရေစီပြန်လည် ရှင်သန်ရေးအတွက် ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လှုပ်ရှားနေတယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှု အောင်မြင်ဖို့ အတွက် နိုင်ငံရေးရင့်ကျက်သူတွေရဲ့ ပံ့ပိုးမှုတွေ လိုအပ် တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။
2021-02-19
ပခုက္ကူ တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဆလိုင်းရှိန်းကီးနဲ့ အထွေထွေ အတွင်းရေးမှူး ကိုနိုင်လင်းအောင် တို့ကို ဒီကနေ့ ညနေ ၅ နာရီလောက်မှာ တက္ကသိုလ်ဝင်းထဲကနေ ဖမ်းသွားတာလို့ သမဂ္ဂဥက္ကဋ္ဌဟောင်း ကိုပြည့်ဖြိုးကျော်က RFA ကိုပြောပါတယ်။
2021-02-19
ပုသိမ်တက္ကသိုလ်မှာ ဥပဒေဘာသာရပ် သင်ယူနေတဲ့ စတုတ္ထနှစ်ကျောင်းသား ကိုအောင်သက်ပိုင်ကို ဘာကြောင့်ဖမ်းဆီးသွားပြီး ဘယ်ကိုခေါ်သွားလဲဆိုတာတော့ မသိရသေးပါဘူး။
2021-02-19
စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်က ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတဦးက သူကြုံတွေ့နေရတဲ့ အခက်အခဲတွေကို RFA ကိုပြောပြထားတာ ဖြစ်ပါတယ်။
2021-02-19
ရုံးတင်စစ်ဆေးချိန်မှာ နေပြည်တော်အချုပ်ထောင်မှာ ဦးဝင်းထိန်ကို ချုပ်နှောင်ထားဖို့ ချုပ်မိန့်ရမန်ယူခဲ့ပြီးတော့ ဦးဝင်းထိန်ကို ရှေ့နေဌားရမ်းဖို့ တရားရုံးက ညွှန်ကြားခဲ့တယ်လို့ တရားရုံးပြန်ကြားရေးတာဝန်ခံ ဒုတိယတရားသူကြီး ဒေါ်ဖြူဝင်းလတ်က ပြောပါတယ်။
2021-02-19
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့လို့ အဖမ်းခံရတဲ့ ဆရာမနှစ်ဦးနဲ့ လူငယ် ဆယ့်တစ်ဦးတို့ ဒီနေ့ညနေပိုင်းမှာ ပြန်လွတ်လာပါတယ်။
2021-02-19
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ ဆူးလေဘုရားလမ်းကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ နေရာယူလိုက်ပြီး အတားအဆီးတွေ ကာရံလိုက်ပါတယ်။
2021-02-19
စစ်တပ်က အာဏာသိမ်းပြီး ၁၉ ရက်မြောက် ဒီနေ့မှာ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားထုအစည်းအဝေးကို ဒဂုံတက္ကသိုလ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။
2021-02-19
စစ်အစိုးရဆန့်ကျင်ရေး ဝန်ထမ်းတွေရဲ့ အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတွေပါ ပါဝင်ကြတဲ့အတွက် ဘဏ်တွေအားလုံးနီးပါးဟာ ပိတ်ထားရပါတယ်။ ဒီလိုဘဏ်တွေပိတ်ထားရတဲ့ အခြေအနေဟာ ရက်ကြာလာလေလေ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ထိခိုက်လာနိုင်တယ်လို့ စီးပွားရေးပညာ လုပ်ငန်းရှင်တွေ သုံးသပ်ကြပါတယ်။
2021-02-19
မြန်မာနိုင်ငံမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်နဲ့ အပေါင်းအပါတွေက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတဲ့နောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို အဲဒီဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲနှိမ်နင်းတာလည်း ရှိနေပါတယ်။
2021-02-19
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ကလောဝိုင်းကျေးရွာအနီး တစ်ဝိုက်မှာ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို လူဦးရေရှစ်ရာလောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
2021-02-19
မြန်မာစစ်တပ်ကို အားပေးတာ၊ ထောက်ပံ့တာတွေ မလုပ်ဖို့ ရန်ကုန်မြို့က တရုတ်သံရုံးရှေ့မှာ နေစဉ် ဆန္ဒပြ တောင်းဆိုနေကြပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာလည်း တရုတ်သံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုသူတွေ ရာနဲ့ချီ ရှိနေပါတယ်။