သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-19
စစ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုပွဲမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တဲ့ ကျည်ဆံထိမှန် သေဆုံးခဲ့တဲ့ မမြသွဲ့သွဲ့ခိုင် ဒီနေ့မနက်ပိုင်းမှာ သေဆုံးခဲ့ပြီး အခုလ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်သွားမှာဖြစ်ပါတယ်။
2021-02-19
ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ အဖွဲ့အစည်းအသီးသီးက စစ်ကောင်စီကို ကန့်ကွက်ကြောင်း ကုလသမဂ္ဂထံ အိတ်ဖွင့်ပေးစာတွေ ဆက်တိုက်ဆိုသလို ပေးပို့နေပါတယ်။ ကုလသမဂ္ဂအနေနဲ့ ပြည်သူတွေကို ကာကွယ်ပေးဖို့လည်း အိတ်ဖွင့်ပေးစာတွေမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။
2021-02-19
တပ်မတော်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၈ ရက် မနေ့ကအထိ စစ်ကောင်စီအစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၂၁ ဦး ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။
2021-02-19
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့မနက် ၈ နာရီခွဲလောက်က စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြကြဖို့ လူစုနေကြတဲ့အချိန်မှာ ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလိုက်ကြပြီး ဆရာမ သုံးယောက်ထက်မနည်း အဖမ်းခံလိုက်ရပါတယ်။
2021-02-19
မမြသွဲ့သွဲ့ခိုင်ကို ပစ်တဲ့ကျည်ဆံဟာ ရာဘာကျည်ဆံမဟုတ်ပဲ တကယ့်ကျည်အစစ် သတ္တုကျည်ဖြစ်တယ်လို့ ဆရာဝန်တွေက အတည်ပြုကြောင်း ဦးလေးဖြစ်သူ ဦးကျင်သန်းက ရှင်းပြပါတယ်။
2021-02-18
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ စစ်အာဏာသိမ်းခဲ့လို့ ကပ်ရောဂါဘေးထက် စစ်အာဏာရှင်ဘေးကို ဦးစားပေးဆန့်ကျင်ဖို့ မြန်မာပြည်သူတွေ ရွေးချယ်ခဲ့ကြပါတယ်။ နိုင်ငံတဝှမ်းက လမ်းမတွေပေါ်မှာ ပြည်သူတွေ သိန်းနဲ့သန်းနဲ့ချီဆန္ဒပြနေတာဟာ ကပ်ရောဂါထိန်းချုပ်ရေးနဲ့ ဆန့်ကျင်နေတာကြောင့် ဆန္ဒပြသူတွေ ကျန်းမာရေးအသိနဲ့ နေထိုင်လှုပ်ရှားကြဖို့ တိုက်တွန်းမှုတွေရှိနေပါတယ်။
2021-02-18
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ အစိုးရကတာဝန်ယူထားတဲ့ စက်မှုဇုန်ကွင်း စစ်ဘေးဒုက္ခသည် စခန်းမှာ သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။
2021-02-18
ဖေဖော်ဝါရီလ ၁၅ရက်နေ့က မန္တလေးမြို့ တံခွန်တိုင်အဝိုင်းမှာ ကိုယ်အင်္ဂါနဲ့ ဉာဏ်ရည်မသန်စွမ်းသူ မောင်ဟန်သက်ဇော်ကို ရဲတပ်ဖွဲ့ဝင်တွေက လက်ကိုင်တုတ် တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတဲ့အပေါ် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်က ရှုတ်ချလိုက်ပါတယ်။
2021-02-18
တပ်မတော်ထိပ်တန်းခေါင်းဆောင် ၉ ယောက်ကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ကနေဒါနဲ့ ဗြိတိန်တို့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။
2021-02-18
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက မန္တလေးမြို့ ၇၈ - ၇၉ လမ်းကြားနဲ့ ၃၄ - ၃၅ လမ်းကြား၊ မီးရထားဝန်ထမ်းတိုက်တန်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ် ဖြိုခွင်းခဲ့ရာမှာ တရုတ်စစ်သားတွေ ပါဝင်နေတယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက RFA ကို ပြောပါတယ်။
2021-02-18
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက်မှာ ဆေးခန်းဖွင့်လှစ်ထားတဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော် ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမာလာကြင်ကို သူ့ရဲ့နေအိမ်မှာ ရဲတပ်ဖွဲ့က ဒီနေ့ နံနက်ပိုင်းမှာ လာရောက်ဖမ်းဆီးခဲ့ပေမယ့် ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းပြီးတားဆီးခဲ့တာကြောင့် အဖမ်းမခံရဘဲ လွတ်မြောက်သွားပါတယ်။
2021-02-18
ဒီနေ့မနက်က ရန်ကုန်မြို့ ဗဟန်း ၃ လမ်းမှတ်တိုင်အနီးက မီးပွိုင့်မှာ ကားတွေကို တုတ်နဲ့ထွက်ရိုက်ခဲ့တဲ့ ဘုန်းကြီးနဲ့ လူတချို့ ရွှေကျင်ကျောင်းတိုက်ဝင်းထဲကို ဝင်ပြေးခဲ့ပါတယ်။ ရပ်ကွက်နေပြည်သူတွေက အဲဒီဘုန်းကြီးနဲ့ လူတွေကို ထုတ်ပေးဖို့ ကျောင်းဝင်းအပြင်ကနေ တောင်းဆိုခဲ့ပါတယ်။
2021-02-18
နေပြည်တော်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်နေတဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၀န်ထမ်း ကိုးဦး အပါအဝင် စုစုပေါင်း ၀န်ထမ်း ၁၂ ဦး၊ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၈ ရက် မနက်အစောပိုင်းက အဖမ်းခံလိုက်ရတယ်လို့ အမည် မဖေါ်လိုတဲ့ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။
2021-02-18
တပ်မတော်က အာဏာသိမ်းလိုက်တာ ဒီနေ့ဆိုရင် ၁၈ ရက်မြောက်ရှိလာပြီဖြစ်ပြီး စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ နိုင်ငံအနှံ့က မြို့နယ်အသီးသီမှာ နေ့တိုင်း ရှိနေပါတယ်။
2021-02-18
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မန္တလေးမြို့က ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းတာတွေ များလာနေသလို ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းမီဒီယာ သမားတွေကိုပါ ရိုက်နှက်တဲ့အခြေအနေအထိ ရှိလာနေပါတယ်။