သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-18
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ရှိလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေ မျိုးဆက်သစ်တွေဟာ အရင်ခေတ်ကနဲ့မတူ အင်မတန်ဉာဏ်ရည်မြင့်မားပြီး အဆင့်မြင့် နည်းပညာတွေကို ကျွမ်းကျင်စွာအသုံးပြုနေတဲ့အတွက် အင်မတန်အားရမိတယ်လို့ ပြောပါတယ်။
2021-02-18
စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုင်းရင်းသား လူမျိုးပေါင်းစုံပါဝင်တဲ့ ထောင်နဲ့ချီ ဆန္ဒပြသူတွေဟာ မြေနီကုန်း ပဒုမ္မာပန်းခြံကနေ ထိုင်းသံရုံး၊ တရုတ်သံရုံး၊ ရုရှားသံရုံးနဲ့ ရန်ကုန်မြို့လယ် ဆူးလေမှာ ဆန္ဒပြကြပါတယ်။
2021-02-18
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီကို ကိုဗစ်ကာလအတွင်း ပါတီစည်းရုံးရေး လုပ်ဆောင်ခဲ့တဲ့ သက်သေအထောက်အထားတွေနဲ့ အရေးယူပေးဖို့ ဆိပ်ကြီး ခနောင်တို ရဲစခန်းမှာ ဦးမောင်မောင်စိန်ဆိုသူက ဒီနေ့ သွားရောက်အမှု ဖွင့်ခဲ့ပေမယ့် အမှုဖွင့်ခွင့် မရခဲ့ပါဘူး။
2021-02-18
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြအဖွဲ့ထဲက လေးဦးထက်မနည်းကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ဒီနေ့မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
2021-02-18
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုဝန်ကြီးအဖြစ် တွဲဖက်တာဝန်ယူခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်း အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး ရှစ်ဦးဟာ အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမူမှာ ပါဝင်လို့ဆိုပြီး ဒီနေ့ မနက်အစောပိုင်းက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
2021-02-18
ဖေဖော်ဝါရီ ၁၈ ရက် ဒီမနက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကြားတောရလမ်းထိပ် မီးပွိုင့်မိနေစဉ် ရပ်နေတဲ့ ကားလေးစီးကို သင်္ကန်းဝတ်တချို့နဲ့ လူ ၁၀ ဦးလောက်က အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးခဲ့သလို ကားမောင်းသူတစ်ဦးကိုလည်း ထိုးကြိတ်ခဲ့ပါတယ်။
2021-02-18
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဆန္ဒပြသူတွေက မြို့ကိုလှည့်လည်နေစဉ်မှာ ခမရ ၁၆ က တပ်ကြပ်ကြီးစာရေး တစ်ဦးက ဆန္ဒပြပွဲကို လာရောက်ပူးပေါင်းခဲ့ပါတယ်။
2021-02-18
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂)လည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ်လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုပြီး စစ်ကောင်စီက မန္တလေး အကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။
2021-02-17
တရုတ်နည်းပညာရှင်တွေ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်လာတယ်လို့ သတင်း ထွက်ခဲ့တဲ့ လေယာဉ်ဟာ တကယ်တမ်းမှာ ရန်ကုန်လေဆိပ်ကနေ ကူမင်းမြို့ကို မြန်မာ့ပင်လယ်စာတွေ တင်ပို့ခဲ့တဲ့ လေယာဉ်ဖြစ်တယ်လို့ MAI မြန်မာလေကြောင်းလိုင်းကရော၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ကြီးကပါ ဒီတပတ်ထဲမှာ ပြောဆိုထားပါတယ်။
2021-02-17
ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၇ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဟာ အာဏာသိမ်းကောင်စီရဲ့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အပြီး နောက်တနေ့မှာ ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ ဖြစ်ပါတယ်။
2021-02-17
ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆူးလေဘုရားအနီးမှာ ပန်းရဲ့လမ်းအဖွဲ့က ဆန္ဒပြပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၇ ရက် ဗုဒ္ဓဟူးနေ့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။
2021-02-17
မန္တလေးမြို့၊ မီးရထားဝန်ထမ်းအိမ်ယာ အနီး ၃၄/၃၅ လမ်းကြားမှာ ဒီကနေ့ည ၈ နာရီခွဲကျော်လောက်က ရဲတပ်ဖွဲ့ဝင်တွေ အင်အားသုံးပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
2021-02-17
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ်အနေနဲ့ ရန်ကုန် မြောက်ဒဂုံမြို့နယ် ဘေလီတံတားထိပ်က ပင်လုံရင်ပြင်လမ်းမကြီးပေါ်မှာ WE WANT DEMOCRACY ( ဒီမိုကရေစီလိုချင်ပါတယ်)၊ SAVE MYANMAR (မြန်မာပြည်ကို ကယ်တင်ပါ) ဆိုတဲ့ စာသားတွေကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ရေးဆွဲလိုက်ကြပါတယ်။
2021-02-17
ရန်ကုန်မြို့၊ ဗဟိုဘဏ်အနီးမှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ဒီနေ့မနက်ပိုင်းက လေကြောင်းလိုင်းအသီးသီးက ဝန်ထမ်းတွေ ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။
2021-02-17
စစ်တပ်က အာဏာသိမ်းလိုက်ပြီး ၁၇ ရက်မြောက် ဒီနေ့မှာ စစ်အစိုးရကို ဆန့်ကျင်တဲ့ လူဦးရေ သန်းနဲ့ချီဟာ ရန်ကုန်မြို့လယ်ခေါင်မှာ လာရောက်စုဝေးကြလို့ လူပင်လယ်ကြီး ဖြစ်သွားခဲ့ပါတယ်။