သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-31
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းထောင့်မှာရှိတဲ့ စစ်တပ်ပိုင် ဂန္ဓမာ ဟိုးဆေး Gandamar Whole Sale ကုန်တိုက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် ပန်းဆိုးတန်းမှာရှိတဲ့ ရူဘီမတ် Ruby Mark ကုန်တိုက်နှစ်လုံး ဧပြီလ ၁ ရက် မနက်စောစော ၂ နာရီလောက်က မီးလောင်သွားခဲ့ပါတယ်။
2021-03-31
တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး အမြန်ဆုံး ပြန်လည်ပေါ်ထွန်းလာဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဦးတည်နိုင်ဖို့ကို မျှော်လင့်ထားတယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီးက Zhang Jun က တံခါးပိတ် အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
2021-03-31
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ သွေးချောင်းစီးတဲ့ဖြစ်ရပ်တွေ ပေါ်ပေါက်လာ နိုင်တာကြောင့် ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ သမဂ္ဂအထူးကိုယ်စားလှယ် တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း မြန်မာ့အရေးကို လုံခြုံရေးကောင်စီက ဒီထက်ပိုပြီး အားစိုက်လုပ်ဆောင်ကြဖို့ လိုတယ်လို့ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
2021-03-31
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ နေအိမ်တွေကနေ သံပုံးတီး ဆန္ဒပြနေကြတဲ့ ပြည်သူတွေကို စမ်းချောင်းမြို့နယ် စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီညပိုင်း သေနတ်၊ လေးခွ၊ ခဲတွေနဲ့ထုပြီး အော်ဟစ်ဆဲဆိုခဲ့ကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။
2021-03-31
မြန်မာနိုင်ငံကို အကူအညီသစ် မပေးတော့ဘူးလို့ ဂျပန်လွှတ်တော်အမတ်တွေက ပြောလိုက်ပါတယ်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကိုယ်စားလှယ်တွေနဲ့ မနေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်းပြောလိုက်တာပါ။
2021-03-31
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ ၅ နယ်မြေထဲကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက မတ်လ ၃၁ ရက်နေ့မှာလည်း လေကြောင်းနဲ့ ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ ရွာသား နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေကြပါတယ်။ အဲဒီစစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ နိုင်ငံတကာကို KNU က တောင်းဆိုလိုက်ပါတယ်။
2021-03-31
အာဏာသိမ်းစစ်ကောင်စီက ဆန္ဒပြပြည်သူတွေအပေါ် အကြမ်းဖက်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ဂျာမဏီနိုင်ငံ မြူးနစ်မြို့ အခြေစိုက် Giesecke and Devrient ကုမ္ပဏီက မြန်မာကို အစိုးရပုံနှိပ်လုပ်ငန်းနဲ့ ငွေစက္ကူထုတ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ပါတယ်။
2021-03-31
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသက်တမ်း ကုန်ဆုံးတဲ့ မတ်လ ၃၁ ရက် ဒီကနေ့မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က "ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်" ကို ထုတ်ပြန်ကြေညာပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။
2021-03-31
မြန်မာနိုင်ငံတဝန်းလုံးမှာ တပ်မတော်ရဲ့ စစ်ရေး လှုပ်ရှားမှုတွေ အားလုံးကို ဧပြီလ ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တစ်လတိတိ ရပ်ဆိုင်းမယ်လို့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီကနေ့ ကြေညာပါတယ်။
2021-03-31
မတ်လ ၁၅ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးသွားတဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညိုကို အာဏာသိမ်း စစ်ကောင်စီက စစ်ကြောရေးစခန်းမှာ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့အတွက် မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားကြောင်း မိသားစုနဲ့ နီးစပ်သူတွေက အွန်လိုင်းဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားဖော်ပြကြပါတယ်။
2021-03-31
ရန်ကုန် လူထုဆန္ဒပြပွဲမှာ ကျဆုံးခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့ ဈာပနအခမ်းအနားကို ဇာတိဒေသဖြစ်တဲ့ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် မှော်အင်းရွာမှာ ဒီကနေ့ပြုလုပ်ခဲ့ပြီး ရွာလုံးကျွတ်နီးပါး လိုက်ပါပို့ဆောင်ခဲ့ပါတယ်။
2021-03-31
စစ်ကိုင်းတိုင်း ကလေးမြို့က တာဟန်းပင်မသပိတ်စခန်းကို ကျူးကျော်ဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် လေးဦးတို့ကို အဲဒီခံတပ်မှာပဲ ပြည်သူတွေက ဖမ်းဆီးထိန်းသိမ်းထားလိုက်ကြပါတယ်။
2021-03-31
ကရင်အမျိုးသားအစည်းအရုံး KUN တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ နယ်မြေထဲက ကျေးရွာတွေကို အာဏာသိမ်း စစ်ကောင်စီက တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် ဒေသခံရွာသား ဆယ်ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရကြပါတယ်။
2021-03-31
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ အမှုလိုက်ရှေ့နေအဖွဲ့ထဲက လူငယ်ရှေ့နေတစ်ဦးဖြစ်တဲ့ ဒေါ်မင်းမင်းစိုးကို ရဲတပ်ဖွဲ့က အွန်လိုင်းဗီဒီယိုစနစ်နဲ့ ဒီနေ့ နံနက် ၁၁ နာရီလောက်က ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ အမှုလိုက်ရှေ့နေ အဖွဲ့ခေါင်းဆောင် ရှေ့နေ ဦးခင်မောင်ဇော်က RFA ကိုပြောပါတယ်။
2021-03-31
မြန်မာ့တပ်မတော်အနေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်တန့်ပြီး မိဘပြည်သူတွေ တောင်းဆိုနေတဲ့ နိုင်ငံရေးပြဿနာ ဖြေရှင်းမှုကို အမြန်ဆုံးဆောင်ရွက်ဖို့လိုတဲ့အကြောင်း MNDAA ကိုးကန့်တပ်ဖွဲ့၊ TNLA တအာန်းလွတ် မြောက်ရေးတပ်နဲ့ AA ရက္ခိုင့်တပ်တော်တို့ ပေါင်းစည်းထားတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။