သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-31
အာဏာသိမ်းစစ်ကောင်စီရဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ သုံးဦးထက် မနည်း ရှိနေပြီး ဆန္ဒပြပွဲတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအနှံ့မှာ ဆက်ရှိနေပါတယ်။ CNN သတင်းဌာနရဲ့ နိုင်ငံတကာ သတင်းထောက်ချုပ် Clarissa Ward ဟာ မြန်မာပြည်ကို ဒီနေ့ရောက်ရှိပြီး စစ်ကောင်စီအစီအစဉ်နဲ့ သတင်းယူနေချိန်မှာ ပြည်သူတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့အကြောင်း ကမ္ဘာကသိအောင် ထုတ်ဖော်ပြသနေကြပါတယ်။
2021-03-31
ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုကို မတ် ၃၁ ရက်၊ ဒီနေ့ နေ့လယ်က ဗွီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်ခဲ့ပြီး တရားလိုပြသက်သေ မရောက်တာကြောင့်လာမယ့် ဧပြီလ ၇ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ပါတယ်။
2021-03-30
တောင်ကိုရီးယားနိုင်ငံ ဂယောင်ဂီပြည်နယ် ဝန်ကြီးချုပ် အီဂျဲမြောင်က သူနဲ့တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံသား နှစ်ဦး ကို မြန်မာစစ်ကောင်စီက စွပ်စွဲအရေးယူခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုတဲ့ စာတစောင်ကို ဆိုးလ်မြို့ရှိ မြန်မာသံရုံးက တဆင့် (မတ်လ ၃ဝ ရက်) မနေ့က ပေးပို့လိုက်ပါတယ်။
2021-03-30
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့တဲ့ စစ်တပ်နဲ့ စီးပွားရေး အဆက်အဆံတွေ ဖြတ်တောက်ဖို့ စစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာကုမ္ပဏီတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အင်္ဂါနေ့က တောင်းဆိုလိုက်ပါတယ်။
2021-03-30
ABSDF ကျောင်းသားတပ်မတော် (မြောက်ပိုင်း)ဟာ CRPH က ဦးဆောင်ဖွဲ့စည်းမယ့် ဖက်ဒရယ်တပ်မတော်မှာ ပူးပေါင်း ပါဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ ADSDF မြောက်ပိုင်းစစ်ဒေသကော်မတီဥက္ကဋ္ဌ ကိုလဆိုင်း က RFA ကို ပြောပါတယ်။
2021-03-30
အာဏာသိမ်းစစ်ကောင်စီက KNU ကို နေ့စဉ်ဆက်တိုက် လေကြောင်းကနေ ထိုးစစ်ဆင်နေတာကြောင့် မနေ့က ညောင်လေးပင်ခရိုင်အတွင်းမှာ ဒုက္ခသည် အနည်းဆုံး ၆ ယောက်သေဆုံးပြီး၊ ၁၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ Free Burma Rangers က ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ထွက်ပြေးနေရပြီး၊ ဒီလူတွေအတွက် အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ Free Burma Rangers နဲ့ KNU က တောင်းဆိုပါတယ်။
2021-03-30
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက ဆန္ဒပြသူတွေကို သေနတ်တွေနဲ့ပစ် ခတ်ဖြိုခွင်းရာမှာ သေဆုံးသူတွေ၊ ဒဏ်ရာရသူတွေရှိနေပေမယ့် ဒေသခံတွေရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေက ဆက်ပြီးရှိနေတုန်းပါပဲ။
2021-03-30
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူအရေအတွက် တနေ့တခြားတိုးလာနေပါတယ်။ ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေကို မခံမရပ်နိုင်တဲ့ ပြည်သူတွေဘက်က အာဏာသိမ်းစစ်ကောင်စီရဲ့ မိသားစုဝင်တွေ၊ ဆက်နွယ် ပံ့ပိုးနေသူတွေကို လူမှုရေးအရ ပြစ်ဒဏ်ခတ်တဲ့ လှုပ်ရှားမှုတခု အရှိန်အဟုန်နဲ့ ထွက်ပေါ်လာပါတယ်။
2021-03-30
ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင် ဆောထိမြို့နယ်မှာရှိတဲ့ ထီးဖဒိုရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံရွာသား ၆ ဦး သေဆုံးခဲ့ရတယ်လို့ KNU ကပြောပါတယ်။
2021-03-30
ဆန္ဒပြမှုတွေ ဆက်လုပ်ကြဖို့ ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲက လူငယ်တစ်ဦး လိုက်လံနှိုးဆော်နေတာကို မြင်တွေ့ရတာဖြစ်ပါတယ်။
2021-03-30
တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဖျက်ဆီးနေတာကြောင့်၊ ပြည်သူအားလုံးအတွက် လူသားချင်းစာနာမှု အကူအညီတွေရအောင် နည်းလမ်းမျိုးစုံသုံးပြီး ဆောင်ရွက်သမယ့်အကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2021-03-30
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မဲပန်ဝနဲ့ မဲဝိုင်ရွာတွေပေါ်ကို မတ်လ ၃၀ ရက် ဒီနေ့ ညနေ ၃ နာရီလောက်မှာ အာဏာသိမ်း စစ်ကောင်စီက လေယာဉ်တွေနဲ့ ဗုံးကျဲသွားတယ်လို့ မဲဝိုင်ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
2021-03-30
တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မတ်လ ၂၇ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သေနတ်နဲ့ပစ်ခတ်ခံရပြီး ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားတဲ့ ကိုကျော်မင်းလတ် ကို စစ်ဆေးရုံက ဆိုင်ကယ်ပေါ်က ပြုတ်ကျ သေဆုံးကြောင်း ဆေးစာမှာ လိမ်လည်ဖေါ်ပြထားပါတယ်။
2021-03-30
စစ်ကောင်စီက ဖမ်းထားတဲ့ NLD ပါတီရဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း တို့ကို နေပြည်တော် အချုပ်ထောင်က ယာယီတရားရုံးမှာပဲ မတ် ၃၀ ရက်၊ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
2021-03-30
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေဖြစ်တဲ့ MNDAA ၊ TNLA နဲ့ AA ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ ထုတ်ပြန်လာခဲ့တဲ့ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ဆက်လက် ထုတ်ပြန်သင့်၊ မသင့်ကို စဉ်းစားနေဆဲဖြစ်တယ်လို့ TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က RFA ကို ပြောပါတယ်။