သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-29
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် မရမ်းကုန်းမြို့နယ်မှာ ကျဆုံးသွားသော အဆိုတော် ထူးအယ်လင်း အမဖြစ်သူ မဥမ္မာရှိန်ကို မတ်လ ၂၉ရက်နေ့ ယနေ့ လှိုင်သာယာမြို့နယ် ထိန်ပင်သုသာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။
2021-03-29
တနင်္သာရီတိုင်း၊ မြိတ်မြို့ Market Garden စျေးဝယ်စင်တာအနီးမှာ နေထိုင်သူ မမို့မို့အောင် ခေါ် မအိအိစိုး ဟာ မတ် ၂၆ ရက်နေ့က မြိတ်မြို့ဆန္ဒပြပွဲအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီဖို့ ကြိုးစားတာကြောင့် အဲဒီညပိုင်းမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲခံထားရတယ်လို့ မိသားစုက ပြောပါတယ်။
2021-03-29
စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲက ပစ်ခတ်သတ်ဖြတ်လို့ မတ်လ ၂၈ ရက် မနေ့ညနေကနေ ဒီကနေ့ညနေအထိ ၂၄ နာရီအတွင်း ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ သေဆုံးရသူ အနည်းဆုံး ၁၀ ယောက်ရှိနေ ပါတယ်။
2021-03-29
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နှစ်ရက်လုံးလုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဟာ၊ မတ် ၂၉ ရက် ဒီကနေ့ မနက်ပိုင်းက မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးကို သွားရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-28
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ငါးယောက်၊ ကလေးမြို့မှာ လေးယောက်၊ မန္တလေးတိုင်း မြင်းခြံမြို့မှာ နှစ်ယောက်၊ ပဲခူးနဲ့ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှာ တစ်ယောက်စီ သေဆုံးခဲ့တယ်လို့ RFA က ကနဦး အတည်ပြုနိုင်ပါတယ်။
2021-03-28
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မတ်လ ၂၇ ရက် မနေ့နေ့လယ်ပိုင်းမှာ ရန်ကုန် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်ကို အင်အား အလွန်အကျွံသုံးပြီး ဝင်ရောက် ပစ်ခတ်ခဲ့ပါတယ်။ အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား နှစ်ဦးလည်း ထိခိုက်ဒဏ်ရာတွေနဲ့ အဖမ်းခံရတယ်လို့ သိရပါတယ်။
2021-03-28
မတ်လ ၂၇ ရက်နေ့ မနေ့က ရန်ကုန်မြို့ တာမွေမှာ အဖမ်းခံရသူတစ်ဦးကို စစ်ကောင်စီတပ်သားတွေက ခြေထောက်နဲ့ကန်ပြီး နှိပ်စက်နေတာဖြစ်ပါတယ်။
2021-03-28
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ မတ်၂၈ ရက်နေ့ ဒီနေ့မှာ ရပ်ကွက်အတွင်း အတားအဆီးတွေလုပ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
2021-03-28
စစ်အာဏာသိမ်းပြီးကတည်းက လူအများဆုံး သေဆုံးခဲ့ရပြီးဖြစ်တဲ့နောက်တစ်ရက် ဒီကနေ့ မတ်လ ၂၈ ရက် နေ့မှာလည်း ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီဆန္ဒပြ ပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းရုံတင်မက လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေပါ ရှိနေတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။
2021-03-28
မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးမှာ မနေ့ည ၁၀ နာရီကျော်က မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ဦး သေနတ်ကျည်မှန်ခဲ့ပြီး မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-28
မနေ့ည ၁၀ နာရီကျော်လောက်မှာ မန္တလေးမြို့၊ မင်းတဲအီကင်းရပ်ကွက်ရုံးက မီးလောင်တဲ့နေရာကို စစ်တပ်က လာရောက်စဉ် ထွက်ကြည့်ခဲ့တဲ့ အမျိုးသားတစ်ယောက် မီးရှို့အသတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-27
ကိုထိန်လင်းက မိခင်ဖြစ်သူအတွက် အလွန်စိုးရိမ်လျှက်ရှိပြီး လက်ရှိမိခင်ရဲ့ အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း သံအမတ်ကြီး ဦးကျော်စွာမင်းကို မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။
2021-03-27
အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က တောင်းဆို လိုက်ပါတယ်။
2021-03-27
ဒီဆန္ဒပြပွဲကို အမျိုးသမီးတွေ အဓိကဦးခေါင်ဆောင်ဖြစ်ပြီး တရုတ်သံရုံး၊ မြန်မာစစ်သံရုံး၊ အမေရိကန်သမ္မတ အိမ်ဖြူတော်ဘေးနဲ့ မြို့ရဲ့ လူစည်ကားရာလမ်းမတွေတလျှောက် လှည့်လည်ချီတက် ကြွေးကြော်ဆန္ဒပြခဲ့တာပါ။
2021-03-27
ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံတုန့်ပြန်မှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကရင်လွတ်မြောက်ရေး တပ်မတော် KNU/KLNA ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။