သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-01
စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ် တွေသုံးပြီး မနေ့က ပစ်ခတ်လူစုခွဲခဲ့တာကြောင့် သေဆုံးသူတွေရှိခဲ့ပေမယ့် ဒီနေ့မှာလည်း ဆန္ဒပြသူတွေကတော့ နေရာအများစုမှာ ဆက်ရှိနေပါတယ်။
2021-03-01
မနေ့က ဖေဖော်ဝါလ ၂၈ ရက်နေ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သေနတ်တွေနဲ့ ပစ်ခတ်အကြမ်းဖက်ဖြိုခွဲလို့ သေဆုံးသွားရတဲ့သူတွေထဲက လှိုင်သာယာမြို့နယ်က အလယ်တန်းပြ ဆရာမ ဒေါ်တင်နွဲ့ရီ၊ ကိုဇင်လင်းထက်နဲ့ ရွှေပြည်သာက ကိုညီညီအောင်ထက်နိုင်တို့ရဲ့ ဈာပနတွေကို ဒီနေ့ ကျင်းပခဲ့ပါတယ်။
2021-03-01
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီကနေ့နေ့လယ်ပိုင်းက ကချင်နှစ်ခြင်း အသင်းတော် ယုံဟော်အားကစားကွင်းအနီး ဆန္ဒပြနေတဲ့ လူငယ်တွေက လူစုခွဲ ကာနီးမှာ အရပ်ဝတ် ဝတ်ထားတဲ့ မသင်္ကာစရာလူတစ်ဦးကို ဖမ်းဆီးခဲ့ကြရာကနေ ကချင်နှစ်ခြင်း အသင်းတော် အတွင်းရေးမှူးအပါအဝင် ၁၀ ဦးကျော် ဖမ်းဆီးခံလိုက်ရပါတယ်။
2021-03-01
ဖမ်းခံရသူတွေထဲကတချို့ကိုပြန်လွှတ်ပေးဖို့ရှိသလို့ နိုင်ငံရေးသမားတွေနဲ့ မီဒီယာသမားတွေကိုတော့ တရားစွဲဆို နိုင်တယ်လို့ အင်းစိန်ထောင်ကနေ စုံစမ်းသိရကြောင်း ရှေ့နေ တစ်ဦးကပြောပါတယ်။
2021-03-01
ဖေဖော်ဝါရီလ ၂၈ရက် မနေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြချိန်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ဆန္ဒပြသူ ၅၀ ကျော်ထဲက ၁၉ ဦးကို ရဲတပ်ဖွဲ့က မတ်လ ၁ရက် ဒီနေ့ ပြန်လွှတ်လိုက်ပါတယ်။
2021-03-01
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။
2021-03-01
အာရှနွေဦးတော်လှန်ရေးနေ့၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနေ့ကလှည်းတန်းမှာ သေနတ်ကျည်နဲ့ အပစ်ခံရလို့ မျက်လုံးထိမှန် သေဆုံးသွားတဲ့ အသက် ၂၀ အရွယ် ကိုဇင်လင်းထက်ရဲ့ ရုပ်အလောင်းကို မိသားစုက ဒီနေ့ မနက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကနေ သယ်ဆောင်သွားခဲ့ပါတယ်။
2021-03-01
ရန်ကုန်မြို့မှာ သတင်းယူရင်း ဖမ်းဆီးခံထားတဲ့ သတင်းထောက်တွေကို ပုဒ်မတပ်ပြီး အရေးယူဖွယ်ရှိတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက ပြောပါတယ်။
2021-03-01
ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ပဒုမ္မာလမ်းက လူငယ်သပိတ်ကို မတ်လ ၁ ရက်နေ့ ဒီနေ့မှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ပါတယ်။
2021-03-01
ဒီကနေ့ မတ်လ ၁ ရက် မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ မြို့နယ် NLD အဖွဲ့ဝင်တွေက ပြောပါတယ်။
2021-03-01
စစ်ကောင်စီကခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သစ်က အချိုးကျကိုယ်စားပြု PR စနစ်နဲ့ပတ်သက်တဲ့ စာတမ်းတွေ လေ့လာသုံးသပ် အကြံပြုချက်တွေကို ပေးပို့ဖို့ နိုင်ငံရေးပါတီတွေကို ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ပေးပို့တဲ့ စာတစ်စောင် လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။
2021-03-01
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတနဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်တိုးအမှုဖွင့်လိုက်တယ်လို့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးသဲမောင်မောင်က ပြောပါတယ်။