သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-27
သေဆုံးထိခိုက်ဒဏ်ရာသူတော့ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တွိတာစာမျက်နှာမှာရေးထားပါတယ်။
2021-03-27
ဒီကနေ့ အာဏာသိမ်း စစ်ကောင်စီက တပ်မတော်နေ့ အခမ်းအနား ကျင်းပနေချိန်၊ နိုင်ငံတဝန်းမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှု ကြောင့် ကနဦးရရှိတဲ့ သတင်းတွေအရ သေဆုံးသူ ၅ဝ လောက် ရှိသွားပါပြီ။
2021-03-27
ဒီတစ်ပတ် အစီအစဉ်မှာတော့ “မြန်မာနိုင်ငံသားတွေအတွက် တရားဥပဒေမှာ ပြဌာန်း၊ ခွင့်ပြုထားတဲ့ ကိုယ့်ကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်” အကြောင်း ဆွေးနွေး တင်ပြထားပါတယ်။
2021-03-27
မတ် ၁၉ ရက်နေ့က နေပြည်တော်မှာ အဖမ်းခံခဲ့ရတဲ့ နေပြည်တော်အခြေစိုက် မဇ္စျိမသတင်းထောက် ကိုသန်းထိုက်အောင် ကို စစ်ကြောရေးမှာ ရက်အတန်ကြာ စစ်ဆေးပြီးတဲ့နောက်၊ ဒိကနေ့ မတ် ၂၇ ရက်နေ့မှာ ယမန်ယူပြီး ထပ်ချုပ်လိုက်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။
2021-03-27
တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အ.ထ.က (၃) အရှေ့မှာ ဒီနေ့ မတ်လ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲက ဖြတ်လာတဲ့ ဆိုင်ကယ်တစ်စီးကို ကားပေါ်ကနေ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တာပါ။ ကျည်ထိမှန်သွားသူတစ်ဦးကိုလည်း ကားပေါ် ဆွဲတင်သွားတာ တွေ့မြင်ရပါတယ်။
2021-03-27
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းမှာ ဒီနေ့ နေ့လယ် ၁ နာရီလောက်က စစ်ကောင်စီတပ်က လမ်းထဲထိဝင်ရောက်ပစ်ခတ်သွားတဲ့အတွက် လေးဦး ဒဏ်ရာရရှိထားပါတယ်။
2021-03-27
မန္တလေးမြို့မှာ စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၁၁ နာရီအထိ ကျဆုံးသူ နှစ်ယောက် ရှိသွားပါပြီ။
2021-03-27
မန္တလေးမှာ ဒီနေ့နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ယောကျ်ားလေးတစ်ဦး ဦးခေါင်းကျည်ထိမှန်ခဲ့ပါတယ်။
2021-03-27
မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဒီနေ့မနက်က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် ဦးခေါင်းကျည်ထိမှန်သူ တစ်ဦး ပွဲချင်းသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ခြောက်ဦး ကျည်ထိမှန်ခဲ့ပြီး သုံးဦးထက်မနည်း အဖမ်းခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-26
CDM လှုပ်ရှားမှုဟာ မြန်မာအတွက်သာမက ကမ္ဘာအတွက်ပါ အရေးကြီးသလို၊ မြန်မာပြည်သူတွေ ဒီမိုကရေစီပန်းတိုင် ရောက်ဖို့ အတွက် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်မှု အလွန် အရေးကြီး တယ်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆု အဆိုပြုတဲ့ပုဂ္ဂိုလ်တွေထဲက အော်စလို တက္ကသိုလ်က ပါမောက္ခ Kristian Stokke က ပြောပါတယ်။
2021-03-26
ပဲခူးမြို့မှာ မတ်လ ၂၆ ရက်နေ့ညက မြင်ကွင်းတွေဖြစ်ပါတယ်။ ညအချိန်ထိ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ဆန္ဒပြပြည်သူတွေကြား အခြေအနေတင်းမာနေတာပါ။
2021-03-26
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ထဲမှာ ရပ်ကွက်လုံခြုံရေးအတွက် ဒေသခံတွေ တပ်ဆင်ထားတဲ့ လမ်းတံခါးတွေကို စစ်တပ်နဲ့ ရဲတွေက လိုက်လံ ဖျက်ဆီးနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
2021-03-26
စစ်အာဏာရှင်ကို မြန်မာလူမျိုးတွေနဲ့အတူ လက်တွဲတိုက်ထုတ်သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်တွေကပြောကြောင်း KNU နယ်မြေထဲ ရောက်ရှိနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
2021-03-26
ဆန္ဒပြပွဲမှာပါဝင်လို့ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့သူတွေထဲက အယောက် ၃၀၀ ကျော်ကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။
2021-03-26
စစ်တပ်ကို ဆန့်ကျင် ဆန္ဒပြနေသူ လူငယ်တွေအနေနဲ့ ဦးခေါင်းကို ပစ်သတ်ခံရနိုင်ဖွယ်ရှိတယ်လို့ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ MRTV ရုပ်သံကနေ ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။