သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-26
မတ်လ ၂၅ ရက် စစ်ကိုင်းတိုင်း ခင်ဦးမြို့က ဆန္ဒပြပွဲမှာ ကျည်ထိမှန်သေဆုံးသူ ကိုတိုးဇော်အောင်နဲ့ ကိုဇော်ဝင်းမောင်တို့ နှစ်ဦးကို ဒီကနေ့ မတ်လ ၂၆ ရက်နေ့ ခင်ဦးမြို့ ကံသစ်ရွာမှာ မွန်းလွဲ ၁ နာရီက ဂူသွင်းမြှုပ်နှံခဲ့ပါတယ်။
2021-03-26
ဒီနေ့မနက်မှာ မင်းဘူးရဲစခန်းကနေ ဖုန်းဆက်ခေါ်တာကြောင့် သွားရောက် သတင်းယူတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။
2021-03-26
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ဒေါင်းရှောင်ကျေးရွာမှာ မတ်လ ၂၁ ရက် ညသန်းခေါင်ယံ အချိန်က မိသားစုတစ်စုရဲ့ နေအိမ်ပတ်လည်ကို ရဲနဲ့ စစ်သားတွေက ရေနံဆီလောင်းပြီး မီးရှို့သွားတဲ့အတွက် ကလေးတစ်ဦး သေဆုံးပြီး ကျန်မိသားစုဝင် ခြောက်ဦး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-03-26
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရက္ခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်ရေယာဉ်ပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အရပ်သား ငါးဦးကို အကြမ်းမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့အမှုဟာ မနေ့ကအထိ လိုပြသက်သေတွေကို ပြီးစီးအောင်မစစ်သေးဘဲ ကြန့်ကြာနေပါတယ်။
2021-03-26
တနင်္သာရီတိုင်း မြိတ်မြို့မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းကစပြီး ဆက်တိုက် ပစ်ခတ်ဖြိုခွဲနေတာကြောင့် သေဆုံးသူ ခြောက်ဦးထိ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
2021-03-26
မတ်လ ၂၅ ရက် ညက စစ်ကိုင်းတိုင်း တမူးမြို့မှာ ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်တာကြောင့် လူနှစ်ဦး သေဆုံးပြီးတော့ ဒဏ်ရာရသူ ခုနစ်ဦးရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
2021-03-26
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့မှာ မတ်လ ၂၆ ရက် ဒီနေ့နေ့လယ်ပိုင်း အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲတွေက အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် သေနတ် ကျည်ဆံထိမှန်သူတွေ ရှိပါတယ်။
2021-03-26
စစ်ကိုင်းတိုင်း ခင်ဦးမြို့မှာ၊ မတ်လ ၂၅ ရက် မနေ့နေ့လယ်ပိုင်းက ပစ်ခတ်မှုအတွင်း လူငယ်နှစ်ဦး သေဆုံး၊ တစ်ဦး ဒဏ်ရာရပြီး ၂၁ ဦး အဖမ်းခံထားရပါတယ်။
2021-03-26
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြားခံဆက်သွယ်မှုနဲ့ တွေ့ဆုံဖို့ တောင်းဆိုလာတာကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ငြင်းပယ်လိုက်ပါတယ်။
2021-03-25
ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကြောင့် နိုင်ငံတကာအစိုးရတွေ လွှတ်တော်တွေရဲ့ မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိဖို့ လုပ်ဆောင်မှုတွေ ထင်ထင်ရှားရှား ပေါ်ထွက်လာနေပါတယ်။ မတ်လ ၂၅ ရက်နေ့ မနေ့ကတော့ သြစတေးလျနိုင်ငံရှိ အာဏာရလစ်ဘရယ်ပါတီက ဦးဆောင်ပြီး မြန်မာ့မိတ်ဆွေ ဖက်ဒရယ်လွှတ်တော်အမတ်များ အဖွဲ့ကို ဖွဲ့စည်းလိုက်ပါပြီ။
2021-03-25
နယူးယောက်မြို့က High School of Sports Management မှာအထက်တန်းတက်နေတဲ့ ကျောင်းသားလေး မောင်ဖြိုးမင်းသန့်က မြန်မာနိုင်ငံကအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ကျောင်းမှာ ရှင်းလင်းတင်ပြပွဲတခု မနေ့က ပြုလုပ်ခဲ့ပါတယ်။
2021-03-25
မြန်မာ့စစ်တပ်ဟာ မကြာခင် ကျင်းပဖို့ရှိတဲ့ တပ်မတော်နေ့ အခမ်းအနားကို နိုင်ငံတကာသံတမန်တွေ တက်ရောက်လာခဲ့ရင် အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ လက္ခဏာအဖြစ် ထုတ်ပြန်ကြေညာပြီး ဝါဒဖြန့်လိမ့်မယ်လို့ လေ့လာသူအချို့က သုံးသပ်ပြီး အခုနှစ် အခမ်းအနားကို မတက်ရောက်ဘဲ သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ နိုင်ငံခြားသံရုံးနဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကတော့ အခုနှစ်တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်မှာ မဟုတ်တဲ့အကြောင်း ပြောပါတယ်။
2021-03-25
ဝ လူငယ်ကျောင်းသားတွေ၊ အမျိုးသမီးအဖွဲ့တွေ အပါအဝင် အဖွဲ့ ၁၀ ဖွဲ့က UWSA စစ်ဦးစီးချုပ် ဦးပေါက်ယူချန်းဆီကို ဒီနေ့ စာရေးသားပေးပို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
2021-03-25
ဒီအရေးယူမှုဟာ စစ်အာဏာသိမ်းခေါင်းဆောင်တွေ၊ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားတွေ၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကို အားပေးကူညီနေတဲ့ အရင်းအမြစ်တွေကို အဓိက ပစ်မှတ်ထားမှာ ဖြစ်ပြီး မြန်မာပြည်သူတွေကို ရည်ရွယ်တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
2021-03-25
၂၀၁၂ ခုနှစ်က တရုတ်ကြေးနီစီမံကိန်းကြောင့် လယ်မြေအများဆုံး အသိမ်းခံရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသက ကျေးရွာ သုံးရွာ စုပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ကျေးရွာအတွင်းမှာ ဒီနေ့ လှည့်လည်ဆန္ဒပြခဲ့ပါတယ်။